Breaking News

ပေါ့ဘာနဲ့ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များအတွက် နောင်တမရသည့် မော်ရင်ဟို။

ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုက ယူနိုက်တက်နည်းပြဘဝတွင် ပေါ့ဘာနဲ့ဖြစ်ပွားခဲ့တဲ့ ပြဿနာများအတွက် နောင်တရစရာ ကိစ္စရပ်မရှိကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အသက် (၅၆) နှစ်အရွယ်ရှိပြီဖြစ်သူ မော်ရင်ဟိုက ယူနိုက်တက်နည်းပြ ဘဝ နှောင်းပိုင်းကာလများတွင် ပေါ့ဘာနဲ့ ဆက်ဆံရေးအကြီးအကျယ် ပြိုကွဲခဲ့ပြီး ယခုနှစ်ဘောလုံးရာသီ အစပိုင်းတွင် ဒုတိယအသင်းခေါင်းဆောင်အဖြစ် ပေါ့ဘာအား ခန့်အပ်ခဲ့ခြင်းကိုလည်း ရုပ်သိမ်းကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ ကာရင်တန်လေ့ကျင့်ရေးကွင်းအတွင်း၌ နှစ်ဦးသား ဆက်ဆံရေး ကတောက်ကဆ ဖြစ်ပွားနေပုံများကိုလည်း မီဒီယာများက အမိအရ ဖော်ပြခဲ့ကြပြီး ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက ပေါ့ဘာရဲ့ ကွင်းတွင်းကွင်းပြင် ပုံစံများကို သဘောကျနှစ်သက်ခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရအပြီး နှစ်လကျော်ကြာသည့် အချိန်ကာလ၌မူ မော်ရင်ဟိုက ပေါ့ဘာနဲ့ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ရခြင်း အကြောင်းများကို ဖွင့်ဟပြောကြားလာတာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုက “ခင်ဗျားက ကျွန်တော့်ကို ပြီးခဲ့တဲ့ ရာသီကအကြောင်းတွေကို ပြောမယ်ဆိုရင်တော့ ကျွန်တော့်ဆီမှာ ပြဿနာတချို့ရှိခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီအကြောင်းအရာတွေကို အကြောင်းပြချက်တစ်ခုအနေနဲ့ ပြန်ပြီး မပြောပြချင်တော့ပါဘူး။” ဆိုပြီး beIN Sports သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

ထပ်မံ၍လည်း မော်ရင်ဟိုက “ကျွန်တော့်ရဲ့ ယူနိုက်တက်နည်းပြဘဝ နှောင်းပိုင်းကာလတွေမှာ ဆိုးရွားခဲ့တဲ့ လွှမ်းမိုးမှုတွေရှိခဲ့တာကတော့ မကောင်းပါဘူး။ ဒါပေမယ့် ကစားသမားတွေနဲ့  ကောင်းမွန်တဲ့ဆက်ဆံရေးမရှိဘဲနဲ့တော့  ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခင်ဗျားအနေနဲ့ တချို့ကိစ္စတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့လိုအပ်ပြီး နောက်တစ်ချက်အနေနဲ့က အသင်းဘက်က ရပ်တည်ဖို့ပါ။ အဲ့ဒီလိုအချိန်ရောက်ပြီဆိုရင် ခင်ဗျားအနေနဲ့ ကိုယ့်ကိုကိုယ် မေ့လျော့ပြီး ကလပ်အသင်းဘက်က ရပ်တည်ရတာမျိုးတွေတောင် ရှိပါတယ်။ ကျွန်တော်အဲ့ဒီလိုမျိုး အမြဲနေနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးနေထိုင်တာတွေက တစ်ခါတလေကျရင် အသင်းနဲ့ ကစားသမားတွေရဲ့ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေအတွက် ကောင်းမွန်အဆင်ပြေစေပါတယ်။”

“အပြင်လူတွေရဲ့ မျက်လုံးထဲမှာ ကျွန်တော်က ကောင်းမွန်တဲ့ အနေအထားမှာ မရှိအောင် ပုံသွင်းထားခဲ့ပေမယ့် အဲ့ဒီအရာတွေအတွက် ကျွန်တော် နောင်တမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကလပ်အသင်းအတွက် အရာအားလုံးပေးဆပ်ခဲ့တာကြောင့်ပါ။ ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းမရှိဘဲနဲ့ ဆုဖလားတွေကို ရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

“ကျွန်တော် ရီးရဲယ်မက်ဒရစ်အသင်းမှာ ဆုဖလားတွေရခဲ့တယ်။ ချဲလ်ဆီးအသင်းနဲ့လည်း ဆုဖလားတွေ အများကြီး ရခဲ့တယ်။ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်ရခဲ့တယ်။ ယူနိုက်တက်အသင်းနဲ့လည်း ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တာပဲ။ ကျွန်တော်ပြောခဲ့သလိုပဲ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိဘဲ ဆုဖလားတွေကို ရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။” ဟူ၍ ဖွင့်ဟပြောကြားမှုများ  ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။  မော်ရင်ဟိုနဲ့ အဆင်မပြေမှုများဖြစ်ပွါးခဲ့သည့် ကွင်းလယ်ကစားသမား ပေါ့ဘာသည် မော်ရင်ဟိုရဲ့ နေရာကို အစားထိုးဝင်ရောက်လာသည့် ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်တွင်မူ ခြေစွမ်းပြလျက်ရှိပြီး (၁၅) ပွဲကစားပြီးချိန်၌ ယူနိုက်တက်အသင်းရရှိခဲ့သည့် သွင်းဂိုး (၁၆) ဂိုးအတွက် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro