HomeSportဆာလာရဲ့ ခြေစွမ်းက လီဗာပူးအသင်းအတွက် စိုးရိမ်စရာဖြစ်ကြောင်း အလန်ရှီးယားပြောကြား။

ဆာလာရဲ့ ခြေစွမ်းက လီဗာပူးအသင်းအတွက် စိုးရိမ်စရာဖြစ်ကြောင်း အလန်ရှီးယားပြောကြား။

- Advertisement -

အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားက မိုဟာမက်ဆာလာရဲ့ ခြေစွမ်းက လီဗာပူးအသင်းအတွက် စိုးရိမ်စရာဖြစ်ကြောင်း အဲဗာတန်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ ဂိုးမရှိသရေကျခဲ့သည့် ပွဲအပြီးတွင် ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ဆာလာသည် ပြီးခဲ့သည့် ဘောလုံးရာသီက လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၃၂) ဂိုးသွင်းယူကာ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိဘောလုံးရာသီ၌လည်း အသင်းအတွက် (၁၇) ဂိုးသွင်းယူထားပါတယ်။ ဒါပေမယ့် ဆာလာအနေနဲ့ နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲတွင်မူ သွင်းဂိုးတစ်ဂိုးသာ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည့်အပြင် အဲဗာတန်အသင်းနဲ့ပွဲတွင်လည်း ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို လွဲချော်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှ ဆာလာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အလန်ရှီးယားက “လက်ရှိအချိန်မှာ ဆာလာရဲ့ ခြေစွမ်းက လီဗာပူးအသင်းအတွက် တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်။ အဲဗာတန်နဲ့ပွဲမှာ သူက အခွင့်အရေးကောင်းနှစ်ကြိမ်အထိ ရခဲ့ပေမယ့် အဲ့ဒီနှစ်ကြိမ်လုံးမှာ သူ့ရဲ့ ထိချက်က ဆိုးရွားခဲ့ပြီး ဂိုးရရှိနိုင်တဲ့ အခွင့်အရေးနှစ်ကြိမ်လုံးကို လွှင့်ပစ်ခဲ့ပါတယ်။ ယာဂင်ကလော့ပ်ကတော့ အဲ့ဒီဂိုးတွေကို ဝင်စေချင်မှာပါ။”

“ဆာလာကို ကြည့်ရတာ ယုံကြည်ချက်ပျောက်ဆုံးနေသလိုဖြစ်နေပြီး သိပ်ပြီး တက်ကြွတဲ့ ပုံစံမပေါက်ပါဘူး။ ဒါက လီဗာပူးအသင်းအတွက် အထူးသဖြင့် ဘောလုံးရာသီရဲ့ ဒီလို အရေးကြီးတဲ့အချိန်မျိုးမှာ စိုးရိမ်စရာကောင်းပါတယ်။ သူက ပြိုင်ပွဲစုံနောက်ဆုံး (၇) ပွဲမှာ တစ်ဂိုးပဲသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ပွဲမှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အခု အဲဗာတန်အသင်းနဲ့ပွဲမှာလည်း သူက စောစောစီးစီး လူစားလဲခံလိုက်ရနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။”

- Advertisement -

“ဆာလာက ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၇) ဂိုးသွင်းထားပြီး ပုံစံကောင်းမှာ ရှိနေဆဲပါ။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ ဘောလုံးရာသီက စွမ်းဆောင်ခဲ့သလိုမျိုးတော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူဒီအချိန် (၂၄) ဂိုးသွင်းပြီးသွားပါပြီ။ ဒါပေမယ့် ဒီရာသီမှာလည်း အဲ့ဒီလို စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်ပြီး အထူးသဖြင့် လီဗာပူးအသင်းက ချန်ပီယံဆုအတွက် အရေးကြီးနေတဲ့ အချိန်မှာပေါ့။” ဟူ၍ဝေဖန်ပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ လက်ရှိအချိန်တွင်မူ ပရီးမီးယားလိဂ်ပွဲစဉ်များ ပြီးဆုံးရန်အတွက် (၉) ပွဲအထိ ကျန်ရှိနေသေးပြီး မန်စီးတီးအသင်းက လီဗာပူးအသင်းထက် (၁) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × 4 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...