Ariana Grande မှ ရည်းစားဟောင်းတွေဖြစ်ကြတဲ့ Mac Miller’s သေဆုံးမှုသာမက Pete Davidson နဲ့ပါ ပြတ်ဆဲခဲ့တဲ့အတွက်ကြောင့် ပူပန်သောက ရောက်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။ Ariana မှလည်း လွန်ခဲ့တဲ့လအနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ရာ ကိစ္စရပ်တွေနဲ့ပက်သက်ပြီး သူမရဲ့ Instagram မှာ ပို့စ်တင်ခဲ့ပါတယ်။ သူမအနေနဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့ အသင့်အနေအထားသို့ မရောက်ရှိသေးပါဘူး။ ပရိသတ်တစ်ချို့ကတော့ သူမရဲ့ ရည်းစားဟောင်းတစ်ဦးဖြစ်သူ Ricky Alvarez မှ သူမရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေမှာ ကူညီအားဖြည့်ပေးလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ariana မှလည်း “ လွန်ခဲ့တဲ့လအနည်းငယ်လောက်က ကျွန်မအနေနဲ့ ဘာလုပ်လို့၊ ဘာကိုင်ရမှန်းကို မသိတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး သီချင်းတွေကသာလျှင် ကျွန်မကို အဲ့ဒီအခက်အခဲဒုက္ခတွေကနေ ကယ်တင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ပက်သက်ပြီး ပူပန်နေတုန်းပဲဖြစ်ပါတယ်။ အချိန်အနည်းငယ်ကြာရင်တော့ နဂိုမူလအတိုင်း ပြန်လည်ကောင်းမွန်လာမယ်လို့ ကျွန်မကျိန်းသေပေါက် ပြောရဲပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share