Breaking News
Jassy Correia Credit: Boston Police Department

လူပျောက်တိုင်ကြားထားတဲ့ အမျိုးသမီးတစ်ဦးအား အသက်သေဆုံးလျက် ပြန်လည်တွေ့ရှိ။

Jassy Correia ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ မွေးနေ့ပါတီပွဲကို ကျင်းပပြီးနောက်တစ်နေ့မှာပဲ  ပျောက်ဆုံးသွားခဲ့ပါတယ်။

ကလေးတစ်ယောက်မိခင်ဖြစ်သူ Jassy ကို Boston Night Club က ထွက်လာပြီး ကားတစ်စီးထဲဝင်သွားပုံကို နောက်ဆုံးအနေနဲ့ တွေ့မြင်ခဲ့ရပြီး ရက်အနည်းငယ်အကြာမှာတော့ သံသယရှိတဲ့ ကားထဲမှာ သေဆုံးနေတဲ့ Jassy ကို တွေ့မြင်ခဲ့ရပါတယ်။

Boston ရဲဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ အသက် ၂၃ နှစ်အရွယ် Jassy ဟာ အမည်မသိ အမျိုးသားတစ်ယောက်နဲ့ကလပ်ထဲကနေထွက်လာတာကို နောက်ဆုံးမြင်တွေ့ခဲ့တာဖြစ်ပြီး  နောက်ပိုင်းမှာတော့ အဆိုပါအမျိုးသားမှာ အသက် ၃၂နှစ်အရွယ်ရှိ Louis D Coleman ဖြစ်တယ်လို့ သိရှိရပါတယ်။

Rhode Island မှာနေထိုင်တဲ့ Coleman ဆိုသူကို Delaware မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ သိရှိရပါတယ်။ Jassy ရဲ့ အကို ပြောပြချက်အရ Jassy ဟာ သူ့ရဲ့သူငယ်ချင်း သုံးယောက်နဲ့အတူ မွေးနေ့ပါတီပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ သူမရဲ့ မွေးနေ့ပြီးနောက်တစ်ရက်အကြာထိ သူမနဲ့ ဆက်သွယ်လို့မရတဲ့အခါမှာတော့ Jassy ရဲ့ အဖေနဲ့ အစ်ကိုတို့ဟာ သက်ဆိုင်ရာကို တိုင်ကြားခဲ့ခြင်းပဲဖြစ်ပါတယ်။ Jassy ရဲ့ အဖေဖြစ်သူ Joaquin Correia ရဲ့ ပြောကြားချက်အရ သူ့ရဲ့သမီးဆီကို မွေးနေ့ဆုတောင်းပေးဖို့အတွက် ဖုန်းတွေအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့သဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီးနောက်မှာ အခုလိုအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

 

#ST(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

လိင်ပြောင်းထားသူများနဲ့ လိင်တူချစ်သူများအပေါ် ညှင်းပန်းနှိပ်စက်သူများအား တရားဝင်အရေးယူတော့မည့် နိုင်ငံတစ်နိုင်ငံ။

ဘရာဇီးနိုင်ငံ၌ လိင်ပြောင်းထားသူများနဲ့ လိင်တူချစ်သူများအား ဖိနှိပ်သူများကို ဥပဒေအရအရေးယူ အပြစ်ပေးတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး အဆိုပါ လိင်ပြောင်းနဲ့လိင်တူချစ်သူများအပေါ် ညှင်းပန်းနှိပ်စက်သူများအနေဖြင့် ထောင်ဒဏ် (၅) နှစ် ကျခံရမည်လည်း ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro