Brittany Zamora လို့ခေါ်တဲ့ အထက်တန်းပြဆရာမတစ်ဦးကို ကလေးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းကိရိယာကို အသုံးပြုခြင်း စတဲ့ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုထားပါတယ်။
အသက် ၂၇ နှစ်အရွယ် အထက်တန်းပြဆရာမတစ်ဦးဖြစ်သူ ဘရစ်တနီနဲ့ အသက် ၁၃နှစ်အရွယ်ကျောင်းသားတို့ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကိစ္စရပ်ကြီးဟာ Arizona ပြည်နယ်မှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ရုံသာမက Social Media များမှာပါ တစ်ခဏတွင်းချင်း ပျံနှံ့ခဲ့ပါတယ်။ ရဲတွေရဲ့ပြောပြချက်အရ ဘရစ်တနီမှာ ကျောင်းသားလေးအား လိင်ပိုင်းဆိုင်ရာ အသားပေးတဲ့စာအုပ်တွေဖတ်ခိုင်းပြီး သူမနဲ့ အကြိမ်ပေါင်းမြောက်မြားစွာ အတင်းအဓမ္မ လိင်ဆက်ဆံခိုင်းခဲ့တယ်လို့ သိရှိရပါတယ်။
Arizona ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်အရ ဆရာမဖြစ်သူ ဘရစ်တနီမှ ကျောင်းသားလေးနဲ့ လိင်ဆက်ဆံနေချိန်အတွင်း အခြားကျောင်းသားတစ်ယောက်ကိုပါ ထိုင်ကြည့်နေခိုင်းခဲ့တယ်လို့ သိရှိရပါတယ်။ ရဲဌာနဲ့ People Magazine တို့ရဲ့ အင်တာဗျူးအရ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားနှစ်ဦးဟာ Las Brisas အကယ်ဒမီကျောင်းကို တက်ရောက်ဖို့ ပြင်ဆင်နေကြသူတွေပဲဖြစ်ပါတယ်။ ဆရာမဖြစ်သူ Zamora နဲ့ ကျောင်းသားလေးနှစ်ယောက် အခန်းထဲမှာ ကျန်နေခဲ့တဲ့အချိန်တွေမှာဆိုရင် ကျောင်းသားလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ပြီး ကျန်တစ်ယောက်ကိုတော့ သူတို့လိင်ဆက်ဆံနေပုံကို ထိုင်ကြည့်နေခိုင်းခဲ့တယ်ဆိုပြီး သိရှိရပါတယ်။
#ST(1209Soshwe)
#Soshwe(1209News)
#SoshweForYourDailyLife
#Like&Share