ကျွန်တော်တို့ ငယ်ငယ်က သိခဲ့တဲ့ The Jonas Brother အဖွဲ့ဝင်တွေဟာ အခုဆိုရင် အရွယ်ရောက်တဲ့ လူကြီးတွေ ဖြစ်နေကြပါပြီ။ အဖွဲ့ဝင် ၃ ဦးဖြစ်ကြတဲ့ အသက် ၂၆ နှစ်အရွယ် Nick ၊ အသက် ၂၉ နှစ်အရွယ် Joe ၊ အသက် ၃၁ နှစ်အရွယ် Kevin တို့နဲ့ ဖွဲ့စည်းထားတဲ့ Jonas Brother အဖွဲ့ဟာဆိုရင် ၆ နှစ်ကြာ ကွဲကွာပြီးနောက် အခုချိန်မှာတော့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ကြာသပတေးက “ Sucker ” ဆိုတဲ့ အယ်လ်ဘမ်ကာဗာအသစ်နဲ့ ပရိသတ်တွေကြား အလန်းစားပုံစံနဲ့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းကလို ဂျင်းဂျက်ကတ်တွေ၊ လယ်သာအင်္ကျီတွေနဲ့ မဟုတ်တော့ဘဲ ဖက်ရှင်ဒီဇိုင်းအလန်းတွေနဲ့ ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share