HomeOtherAnimalsခွေးလေးတွေနဲ့ ကျီစယ်ကစားနေရင်း အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး။

ခွေးလေးတွေနဲ့ ကျီစယ်ကစားနေရင်း အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး။

- Advertisement -

South Carolina ပြည်နယ် Greenville မြို့နယ်တွင် ကြာသပတေးညက Nanc Cherryl Burgess-Dismuke ဆိုသူ အမျိုးသမီးဟာ သူမရဲ့အိမ်အပြင်ဘက်မှာ အိမ်မွေးခွေးနှစ်ကောင်နဲ့ ဆော့ကစားနေရာကနေ ရုတ်တရက်ဆိုသလို ခွေးနှစ်ကောင်လုံးက ရန်လိုလာပြီး သူမကိုကိုက်သတ်ခဲ့တာပဲဖြစ်ပါတယ်။ Nancy ရဲ့ အော်သံကိုကြားတဲ့ အိမ်နီးနားချင်းတွေဟာ သူမကို ကူညီတဲ့သူက ကူညီခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်တဲ့သူတွေက ခေါ်ခဲ့ပေးကြတယ်လို့ WYFF News 4 သတင်းဌာနက ဆိုပါတယ်။ Nancy ရဲ့ အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ Amber Geer ဆိုသူက အရေးပေါ်လူနာတင်ယာဉ်ကိုခေါ်ပေးခဲ့တာဖြစ်ပါတယ်။ သူက “ဒီခွေးလေးတွေက သူမကိုသေအောင်ကိုက်ဖဲ့နေကြတာ။ အဲ့အချိန်မှာပဲ သူမဆီကနေပြီးတော့ သူမကိုလာကယ်ဖို့အတွက် အော်ဟစ်တောင်းဆိုနေတာကို ကြားခဲ့ရပါတယ်။ ခွေးတစ်ကောင်က သူမရဲ့ လက်တစ်ဖက်ကိုကိုက်ထားတဲ့အချိန်မှာ နောက်တစ်ကောင်ကလည်း သူမရဲ့နောက်လက်တစ်ဖက်ကို ကိုက်ထားပါတယ်။ Nancyရဲ့ ခန္ဓာကိုယ်ကလည်း တကယ်ကိုသေးသေးလေးပါ။ အလွန်ဆုံးရှိမှ ပေါင် ၈၀လောက်ပဲရှိမှာပါ။” လို့ WYFF News 4 သတင်းဌာနကို ပြောပြခဲ့ပါတယ်။ သူမရဲ့ အိမ်နီးနားချင်းတွေရဲ့ပြောကြားချက်အရတော့ သူမဟာ အိမ်အပြင်ဘက်မှာ သူမရဲ့ခွေးလေးတွေနဲ့ မကြာခဏ ကစားလေ့ရှိပေမယ့် ဒီတစ်ခါ သူတို့မြင်တွေ့လိုက်ရတာကတော့ ခွေးလေးတွေဟာစိတ်ရိုင်းဝင်လာပြီး သူမကို ကိုက်သတ်နေကြတာပဲဖြစ်ပါတယ်။ ခွေးတွေသူမကိုကိုက်ဖဲ့နေတာကို တားဆီးပေးဖို့အတွက် ကူညီပေးခဲ့တဲ့ အိမ်နီးနားချင်းနှစ်ယောက်မှာ တစ်ယောက်က ကားပစ္စည်းတစ်ခုခုကိုယူဆောင်ခဲ့ပြီး နောက်တစ်ယောက်က ပုဆိန်ကိုကောက်ယူကာ ခွေးတွေကို ရိုက်ထုတ်မောင်းနှင်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ခွေးတွေကို မောင်းလိုက်ပြီးနောက်မှာတော့ Nancy ဟာ လမ်းတောင်မလျှောက်နိုင်တော့ပဲ ခြံစည်းရိုးပေါ်ကို ပြိုလဲကျသွားတာပဲဖြစ်ပါတယ်။ သူမရဲ့ အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ Denzel Whiteside က “ခွေးကိုက်ဆွဲခံရတဲ့ သူမရဲ့လက်နှစ်ဖက်မှာ တစ်ဖက်ကလုံးဝကိုပျက်ထွက်သွားပြီး နောက်တစ်ဖက်ကတော့ ပျက်ထွက်ဖို့ နည်းနည်းလေးပဲလိုပါတော့တယ်။ သူမကို ဘေးကင်းရာသို့ ခေါ်ဆောင်သွားဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဒီ ၁၀မိနစ်က အရှည်ကြာဆုံးပါပဲဗျာ” လို့ Greenville သတင်းဌာနကို ပြောပြခဲ့ပါသေးတယ်။ လက်ထောက်စုံစမ်းစစ်ဆေးရေးအရာရှိ Kent Dill က “Nancy ဟာ ပြင်းထန်ဆိုးရွားစွာ ခွေးကိုက်ခံရပြီးတော့ သွေးထွက်လွန်သွားတာပါ။ သူမက ဆေးအကူနဲ့တောင် စကားခဏလောက် ပြောနေပါသေးတယ်ဗျာ။ ဒါပေမယ့် သူမကို ဆေးရုံကိုခေါ်ဆောင်သွားတဲ့လမ်းမှာပဲ နှလုံးရပ်ပြီးသေဆုံးသွားတာပါ။” လို့ Greenville သတင်းဌာနကို ပြောပြခဲ့ပါတယ်။ Nancyကို သေတဲ့အထိကိုက်သတ်ခဲ့တဲ့ ခွေးတွေကို ယခုလက်ရှိမှာတော့ Greenville ဒေသရဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဌာနက ထိန်းသိမ်းထားပေးပါတယ်။

#Soshwe

- Advertisement -

#SoshweNews

- Advertisement -

#SoshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

Must Read