Breaking News

အမေဇုန်တောထဲရောက်နေတဲ့ ဝေလငါးကြီး။

အလျား၈မီတာနှင့် အနံ၆မီတာရှိပြီး ကြီးမားရှည်လျားတဲ့ နို့တိုက်သတ္တဝါဝေလငါးရဲ့ ခန္ဓာကိုယ်ကို အတ္တလန်တိတ်သမုဒ္ဒရာနဲ့ ၁၅ မီတာအကွာမှာရှိတဲ့ Marajo ကျွန်းပေါ်မှာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ Marajo ကျွန်းဟာ ဘရာဇီးနိုင်ငံရဲ့ အရှေ့တောင်ကမ်းခြေပေါ်က အမေဇုန်မြစ်ဝအနားမှာ တည်ရှိပါတယ်။ အမေဇုန်တောထဲမှာ ရေနေသတ္တဝါအသေကောင်ကို တွေ့လိုက်ရတာဟာ သိပ္ပံပညာရှင်အားလုံးကို ပျာယာခတ်သွားစေပါတယ်။ Marajo ကျွန်းပေါ်မှာ သုတေသနပြုလုပ်နေတဲ့ Bicho D’agua Institute ဆိုတဲ့ Non-Profit Organization မှ ဇီဝဗေဒပညာရှင်များက ဒီသတ္တဝါဟာ ကမ်းရိုးတန်းနဲ့ နည်းနည်းလေးအလှမ်းဝေးတဲ့ လမုပင်နားကို အနားယူဖို့လာရာလမ်းမှာပဲ ဒီရေရဲ့ ကြမ်းတမ်းတဲ့ ပုတ်ခတ်မှုကြောင့် သေသွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ NGO ရဲ့ ပြောကြားချက်အရ ဒီဝေလငါးလေးဟာ ဓါတ်ပုံထဲကလောက် အပြင်မှာမကြီးဘဲနဲ့ သူ့ရဲ့အသက်ဟာ ၁နှစ်လောက်ပဲရှိသေးလို့ သိရှိရပါတယ်။ SEMMA အဖွဲ့အစည်းတွေကလည်း ဒီဝေလငါးလေးဟာ ဘယ်အကြောင်းအရာကြောင့်များ သူနေထိုင်ကျက်စားရာနေရာကနေ ဒီလောက်ထိအဝေးကြီးထိ ရောက်လာရတာလဲဆိုတာကို ရှာဖွေစုံစမ်းနေကြပါတယ်။

သေဆုံးနေပြီဖြစ်တဲ့ ဝေလငါးကြီးဆီက အသားစနမူနာကိုယူပြီး ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို ရှာဖွေနေကြပါတယ်။ ဒီဝေလငါးအသေကောင်အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေရဲ့ ခေါင်းဆောင်ဖြစ်သူ Renata Emin က “ဒီသတ္တဝါလေးဟာ ကမ်းစပ်နဲ့နီးရာဆီသို့ မျောပါလာရင်း ဒီရေရဲ့ကြမ်းတမ်းတဲ့ လှိုင်းပုတ်ခတ်မှုကြောင့် ဒီလမုပင်အောက် ရောက်လာတာဖြစ်နိုင်တယ်” လို့ဆိုပါတယ်။

ရေနေသတ္တဝါများဆိုင်ရာသံတမန်က ဝေလငါးလေးဟာ ရေထဲက ပလတ်စတစ်တွေကို မျိုချမိပြီးသေသွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ထူးခြားတာကတော့ ဝေလငါးတွေကို အမေဇုန်တောရဲ့ ဒေသတစ်ဝိုက်မှာတွေ့မြင်ရတာဟာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။

၂၀၁၇ ခုနှစ်တုန်းကလည်း ၁၈ပေရှည်လျားတဲ့ ဝေလငါးတစ်ကောင်ဟာ အတ္တလန်တိတ်သမုဒ္ဒရာရဲ့ ၁၆၀၀ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ ကမ်းခြေပေါ်က သဲသောင်ပြင်ပေါ်မှာ သောင်တင် သေဆုံးနေတာကို တွေ့ခဲ့ရပါသေးတယ်။ သိပ္ပံပညာရှင်တော်တော်များများကတော့ ရေနေသတ္တဝါလေးတွေဟာ ကမ်းခြေကိုမရောက်လာခင်မှာတော့ သူတို့ဌာနေက မြစ်တွေရဲ့ရေစီးကြောင်းကို ကိုယ်တိုင်လေ့လာနိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားပါတယ်။

<Unicode Version>

 

 

 






<Zawgyi Version>

 

#SY(Soshwe)

#SoshweAnimals

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။

လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro