စကော့လူမျိုး Moira Boxall ဆိုတဲ့ အဖွားအိုဟာ ခရီးစဉ်တစ်ခုကနေ သြစတေးလျကိုပြန်လာတဲ့ လမ်းခရီးမှာ သူမရဲ့ခရီးဆောင် လက်ဆွဲသေတ္တာထဲကနေ မြွေတစ်ကောင် ခွေဝင်လိုက်ပါလာတာကို တွေ့ရှိခဲ့ပါတယ်။ Ms. Boxall ရဲ့ သမက်ဖြစ်သူ Paul Airlie က Ms.Boxall ဟာ ဒီသတ္တဝါလေးကို အရုပ်လို့ထင်နေပြီး တစ်ယောက်ယောက်က သူ့ကိုစနောက်လိုသောကြောင့် ထည့်သွားတာဖြစ်မယ်ဆိုပြီး သြစတြေးလျ ရုပ်မြင်သံကြား သတင်းထုတ်လုပ်ရေးဖြစ်တဲ့ ABC သတင်းဌာနကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီမြွေဟာ Queensland ကနေ Glasgow ထိ မိုင် ၉၀၀၀ ဝေးတဲ့ခရီးကို မောင်းနေတဲ့လေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တာဖြစ်ပြီး ခရီးစဉ်တစ်လျှောက်မှာလည်း အရေခွံလဲနေခဲ့တာဖြစ်ပါတယ်။ Ms.Boxall က ဒါဟာ မြွေအစစ်မှန်းသိသွားချိန်မှာတော့ သူ့ရဲ့သမက် Airlie ကိုဆက်သွယ်ခဲ့တာပဲဖြစ်ပါတယ်။ Airlie က စတော့တလန် SPCA အဖွဲ့အစည်းကို ဆက်သွယ်ပြီးတဲ့အချိန်မှာတော့ တိရစ္ဆာန် ထိန်းသိမ်းကယ်ဆယ်ရေးအမှုထမ်း Taylor Johnstone က “ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ ကျွန်တော့်ကိုဖုန်းဆက်သွယ်တဲ့သူက မြွေကိုသေချာဂရုတစိုက်ကြည့်ထားပေးတာမို့ ထိုမြွှေကိုဘေးကင်းစွာနဲ့ပဲ ဖယ်ရှာပေးနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်ဆန်းကြီးကို ကြုံတွေ့လိုက်ရတဲ့ Ms.Boxall ကတော့ သြစတြေးလျကို ပြန်လာချင်စိတ်မရှိတော့ဘူးဆိုပြီး သမက်ဖြစ်သူက ပြောပြခဲ့ပါတယ်။
SCPAအဖွဲ့အစည်က Ms.Boxall ရဲ့ ခရီးဆောင်လက်ဆွဲအိတ်ထဲမှာပါလာတဲ့ ဒီစပါးကြီးမြွေဟာ အဆိပ်မရှိတဲ့မြွေဖြစ်ပြီး အခုချိန်မှာတော့ Edinburgh မှာရှိတဲ့ တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။
ဒီလိုမျိုးမြွေတွေက လေယာဉ်ပေါ်ကိုတက်ပြီး ခရီးစဉ်တစ်လျှောက်လိုက်ပါလာတာဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ Queensland တက္ကသိုလ်က သိပ္ပံပညာရှင်တစ်ယောက်ရဲ့ လေ့လာတွေ့ရှိချက်အရ ငှက်တွေကိုသတ်ဖြတ် ဖျက်ဆီးတတ်တဲ့ သစ်ပင်ပေါ်မှာနေတဲ့ အညိုရောင်မြွေတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း ပစီဖိတ်ကျွန်းတွေဆီကိုသွားရောက်ဖို့အတွက် စစ်လေယာဉ်တွေထဲကိုခိုးဝင်ပြီး လိုက်ပါစီးနင်းသွားကြတယ်လို့ သိရှိရပါတယ်။ ၂၀၁၈ခုနှစ်မှာလည်း လူတစ်ယောက်ဟာ စပါးအုံမြွေတစ်ကောင်ကို သူ့ရဲ့ကွန်ပျူတာက အခွေထည့်တဲ့နေရာမှာ ထည့်ကာ Miami ကနေ Barbados နယ်စပ်ကို သယ်ဆောင်ဖို့ကြိုးစားတာကို လုံခြုံရေးတွေက သတိထားမိပြီးနောက် သိမ်းဆည်းခံခဲ့ရပါတယ်။
<Unicode Version>
စပါးအံုးေျမြတစ္ေကာင္နဲ႕အတူ ခရီးသြားလာခ့ဲတ့ဲ အဘြားအို။
စေကာ့လူမ်ိဳး Moira Boxall ဆိုတဲ့ အဖြားအိုဟာ ခရီးစဥ္တစ္ခုကေန ၾသစေတးလ်ကိုျပန္လာတဲ့ လမ္းခရီးမွာ သူမရဲ႕ခရီးေဆာင္ လက္ဆြဲေသတၱာထဲကေန ေျမြတစ္ေကာင္ ေခြဝင္လိုက္ပါလာတာကို ေတြ႕ရွိခ့ဲပါတယ္။ Ms. Boxall ရဲ႕ သမက္ျဖစ္သူ Paul Airlie က Ms.Boxall ဟာ ဒီသတၱဝါေလးကို အရုပ္လို႔ထင္ေနၿပီး တစ္ေယာက္ေယာက္က သူ႔ကိုစေနာက္လိုေသာေၾကာင့္ ထည့္သြားတာျဖစ္မယ္ဆိုၿပီး ၾသစေၾတးလ် ရုပ္ျမင္သံၾကား သတင္းထုတ္လုပ္ေရးျဖစ္တဲ့ ABC သတင္းဌာနကို ေျပာျပခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒီေျမြဟာ Queensland ကေန Glasgow ထိ မိုင္ ၉၀၀၀ ေဝးတဲ့ခရီးကို ေမာင္းေနတဲ့ေလယာဥ္ေပၚမွာ လိုက္ပါလာခဲ့တာျဖစ္ၿပီး ခရီးစဥ္တစ္ေလွ်ာက္မွာလည္း အေရခြံလဲေနခဲ့တာျဖစ္ပါတယ္။ Ms.Boxall က ဒါဟာ ေျမြအစစ္မွန္းသိသြားခ်ိန္မွာေတာ့ သူ႔ရဲ႕သမက္ Airlie ကိုဆက္သြယ္ခဲ့တာပဲျဖစ္ပါတယ္။ Airlie က စေတာ့တလန္ SPCA အဖြဲ႕အစည္းကို ဆက္သြယ္ၿပီးတဲ့အခ်ိန္မွာေတာ့ တိရစာၦန္ ထိန္းသိမ္းကယ္ဆယ္ေရးအမႈထမ္း Taylor Johnstone က “ကၽြန္ေတာ္ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ကၽြန္ေတာ့္ကိုဖုန္းဆက္သြယ္တဲ့သူက ေျမြကိုေသခ်ာဂရုတစိုက္ၾကည့္ထားေပးတာမို႔ ထိုေျမႊကိုေဘးကင္းစြာနဲ႔ပဲ ဖယ္ရွာေပးႏိုင္ခဲ့ပါတယ္။ ဒီလိုျဖစ္ရပ္ဆန္းႀကီးကို ႀကံဳေတြ႔လိုက္ရတဲ့ Ms.Boxall ကေတာ့ ၾသစေၾတးလ်ကို ျပန္လာခ်င္စိတ္မရွိေတာ့ဘူးဆိုၿပီး သမက္ျဖစ္သူက ေျပာျပခဲ့ပါတယ္။
SCPAအဖြဲ႔အစည္က Ms.Boxall ရဲ႕ ခရီးေဆာင္လက္ဆြဲအိတ္ထဲမွာပါလာတဲ့ ဒီစပါးႀကီးေျမြဟာ အဆိပ္မရွိတဲ့ေျမြျဖစ္ၿပီး အခုခ်ိန္မွာေတာ့ Edinburgh မွာရွိတဲ့ တိရစာၦန္ထိန္းသိမ္းေရးဌာနကို ေရာက္ရွိေနၿပီပဲျဖစ္ပါတယ္။
ဒီလိုမ်ိဳးေျမြေတြက ေလယာဥ္ေပၚကိုတက္ၿပီး ခရီးစဥ္တစ္ေလွ်ာက္လိုက္ပါလာတာဟာ ဒါပထမဆံုးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ Queensland တကၠသိုလ္က သိပၸံပညာရွင္တစ္ေယာက္ရဲ႕ ေလ့လာေတြ႔ရွိခ်က္အရ ငွက္ေတြကိုသတ္ျဖတ္ ဖ်က္ဆီးတတ္တဲ့ သစ္ပင္ေပၚမွာေနတဲ့ အညိဳေရာင္ေျမြေတြဟာ ဒုတိယကမာၻစစ္အတြင္း ပစီဖိတ္ကၽြန္းေတြဆီကိုသြားေရာက္ဖို႔အတြက္ စစ္ေလယာဥ္ေတြထဲကိုခိုးဝင္ၿပီး လိုက္ပါစီးနင္းသြားၾကတယ္လို႕ သိရွိရပါတယ္။ ၂၀၁၈ခုႏွစ္မွာလည္း လူတစ္ေယာက္ဟာ စပါးအံုေျမြတစ္ေကာင္ကို သူ႔ရဲ႕ကြန္ပ်ဴတာက အေခြထည့္တဲ့ေနရာမွာ ထည့္ကာ Miami ကေန Barbados နယ္စပ္ကို သယ္ေဆာင္ဖို႔ႀကိဳးစားတာကို လံုၿခံဳေရးေတြက သတိထားမိၿပီးေနာက္ သိမ္းဆည္းခံခဲ့ရပါတယ္။
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share