ဘာလီကျွန်းဟာ ကမ်းခြေအပန်းဖြေခရီး လည်ပတ်ရတာ သဘောကျနှစ်သက်တဲ့ နိုင်ငံတကာခရီးသွားတွေအတွက် ရင်သပ်ရှုမောဖွယ် ကမ်းခြေအလှနဲ့ အခမ်းနားဆုံး နေထိုင်မှုအဆင့်အတန်းတွေကို ပေးစွမ်းနိုင်တဲ့ကျွန်းအဖြစ် တင်စားခံထားရတာဖြစ်ပါတယ်။ ဘာလီကျွန်းမှာ ကမ်းခြေတွေ အများကြီးရှိတာမို့ ခရီးသွားတွေက ကိုယ်သုံးနိုင်တဲ့ ငွေပမာဏပေါ်မှာမူတည်ပြီး သွားရောက်လည်ပတ်နိုင်ပါတယ်။ ကမ်းခြေတိုင်းမှာ ထူးခြားမှုတစ်ခုစီရှိတာမို့ ကိုယ်စိတ်ဝင်စားတဲ့ ရေပေါ်အားကစားတွေ၊ ကမ်းခြေပတ်ဝန်းကျင်အလှတွေကို စိတ်ကြိုက် ရွေးချယ်နိုင်တာပဲဖြစ်ပါတယ်။
အောက်မှာဖော်ပြပေးထားတာကတော့ ဘာလီကျွန်းက အခမ်းနားဆုံးကမ်းခြေတွေနဲ့ ၄င်းတို့ရဲ့ ထူးခြားချက်တွေပဲဖြစ်ပါတယ်။
၁။ Amed ကမ်းခြေ – ကျွန်းရဲ့အရှေ့ဘက်မှာရှိပြီး သန္တာကျောက်တန်းတွေနဲ့ ဝန်းရံထားတဲ့အတွက် ရေငုပ်သမားတွေ အကြိုက်တွေ့စေမယ့် ကမ်းခြေပဲဖြစ်ပါတယ်။
၂။ Balangan ကမ်းခြေ – ရေလှိုင်းတွေ မြင့်တဲ့အတွက်ကြောင့် ရေလွှာစီးရတာကို ကြိုက်နှစ်သက်သူတွေ သွားရောက်လည်ပတ်သင့်တဲ့ ကမ်းခြေပဲ ဖြစ်ပါတယ်။
၃။ Balian ကမ်းခြေ – လာရောက်လည်ပတ်တဲ့သူနည်းပါးတဲ့ ဒီကမ်းခြေမှာတော့ နေဝင်တာကို ချစ်သူနဲ့အတူတူကြည့်ရှုခံစားချင်တဲ့ ခရီးသွားတွေအနေနဲ့ ကြည်နူးဖွယ်ရာအချိန်ကောင်းလေးတွေကို ဖန်းတီးနိုင်ဖို့ သွားရောက်လည်ပတ်သင့်ပါတယ်။
၄။ Bias Tugal ကမ်းခြေ – ဒီကမ်းခြေကိုလာရောက်ဖို့အတွက် ခရီးလမ်းက ကြမ်းပေမယ့် ကမ်းခြေရဲ့သဘာဝအလှကို မြင်ပြီးတဲ့အချိန်မှာတော့ ပင်ပန်းရကျိုးနပ်တယ်ဆိုတာကိုု လက်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။
၅။ Bingin ကမ်းခြေ – အဖြူရောင်ထုံးကျောက်ချောက်ကမ်းပါးတွေက ရေပြာပြာနဲ့ ကွဲလွဲထွက်နေပြီး တစ်မူထူးခြားနေကာ လာရောက်လည်ပတ်သူတွေအနေနဲ့ အမျိုးမျိုးသော ဟိုတယ်တွေမှာ တည်းခိုနိုင်မှာပဲဖြစ်ပါတယ်။
၆။ Green Bowl ကမ်းခြေ – ဒီကမ်းခြေကို ဆိုက်ရောက်ဖို့ ခြေလှမ်းပေါင်းရာနဲ့ချီပြီး လိုအပ်တဲ့အတွက် လာရောက်လည်ပတ်တဲ့သူအရေအတွက် အင်မတန်နည်းပါးသော်လည်း ကမ်းခြေမှာရှိတဲ့ ဂူတွေကတော့ အရိပ်ပေးနိုင်ပါတယ်။
၇။ Karma ကမ်းခြေ – ထူးခြားတဲ့ဒီကမ်းခြေမှာတော့ ခရီးသွားတွေအနေနဲ့ လှေကားထစ်လို ကျောက်ဆောင်တွေပေါ်မှာ တည်ဆောက်ထားတဲ့ အဆင့်မြင့်ဟိုတယ်တွေမှာ တည်းခိုနိုင်မှာပဲဖြစ်ပါတယ်။
၈။ Dreamland ကမ်းခြေ – ဒီကမ်းခြေကိုလာရောက်လည်ပတ်ဖို့ တားမြစ်ထားတယ်ဆိုပေမယ့် ကမ်းစပ်က သဲပျော့ပျော့လေးပေါ်မှာ လမ်းလျောက်ရတာနဲ့တင် လာရောက်လည်ပတ်ရတာ တန်နေပါပြီ။
၉။ Jimbaran ကမ်းခြေ – ဒီကမ်းခြေဟာ ဘာလီကျွန်းရဲ့ တောင်ဘက်မှာတည်ရှိပြီး ကမ်းခြေတစ်လျှောက် ခုံလေးတွေကို သဲပေါ်မှာချခင်းထားတဲ့ စားသောက်ဆိုင်တွေ ရှိပါတယ်။
၁၀။ Kuta ကမ်းခြေ – ဒီကမ်းခြေကတော့ ခရီးသွားတွေအများဆုံးလာရောက်လည်ပတ်တဲ့ ဘာလီကျွန်းရဲ့ နာမည်ကြီးကမ်းခြေတွေထဲက တစ်ခုဖြစ်ပြီး ယခင်က ငါးဖမ်းလုပ်ငန်းအများအပြားလုပ်ကိုင်တဲ့ ရွာလေးလည်းဖြစ်ပါတယ်။ ဒီကမ်းခြေလေးကတော့ ရေလွှာလှိုင်းစီးသူတွေ ၊ ကမ်းခြေမှာ ပါတီကျင်းပရတာ ကြိုက်နှစ်သက်သူတွေအတွက် အသင့်တော်ဆုံးကမ်းခြေပဲဖြစ်ပါတယ်။
<Unicode Version>
ဘာလီကျွန်းရဲ့ သဘာဝအလှတရားများ။
၎။ Bias Tugal ကမ်းခြေ – ဒီကမ်းခြေကိုလာရောက်ဖို့အတွက် ခရီးလမ်းက ကြမ်းပေမယ့် ကမ်းခြေရဲ့သဘာဝအလှကို မြင်ပြီးတဲ့အချိန်မှာတော့ ပင်ပန်းရကျိုးနပ်တယ်ဆိုတာကို လက်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။
<Zawgyi Version>
#SY(Soshwe)
#SoshweTravel
#SoshweForYourDailyLife
#Like&Share