အသက် ၇၁နှစ်အရွယ် Craig Coley ဟာ သူကျူးလွန်ခဲ့ခြင်းမရှိတဲ့ ၁၉၇၈ခုနှစ်က Rhonda Wicht နဲ့ သူမရဲ့ ၄နှစ်အရွယ် Donald ဆိုတဲ့ကလေးကို သတ်တယ်ဆိုတဲ့အမှုနဲ့ ထောင်ထဲတွင် ၃၉နှစ်နေခဲ့ရတာဟာ မဖြစ်သင့်ဘူးလို့ လူတွေကလက်ခံကြပြီး ဖယ်ဒရယ်တရားရုံးက သူ့ကို ဒေါ်လာ ၂၁သန်း လျော်ကြေးပေးသင့်တယ်လို့ ပြောဆိုလာကြပါတယ်။
မှားယွင်းစွာတရားစွဲဆိုခံရတဲ့ Mr.Coley အတွက် သူ့ရဲ့သက်တမ်းတစ်ချို့ကို ထောင်ထဲမှာအချိန်ကုန်စေခဲ့တဲ့ ယခင် အုပ်ချုပ်ရေးမှူးတွေရဲ့ ပေါ့ဆမှုအပေါ် လူတွေကဝေဖန်အပြစ်တင်လာပြီး သူ့ကိုလျော်ကြေးပေးရာမှာ ထိုက်တန်တဲ့ ငွေပမာဏကိုပေးအပ်ဖို့လည်း ပြောဆိုလာကြတာဖြစ်ပါတယ်။ Mr. Coley ဟာ သူ့ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကို မိသားစုတွေ၊ သူချစ်ရတဲ့သူတွေနဲ့ မဖြတ်သန်းရတဲ့အတွက် နိုင်ငံတော်က သူ့ကို လျော်ကြေးငွေ သန်းပေါင်းများစွာ ပေးအပ်ရတာပဲဖြစ်ပါတယ်။ ၁၉၈ဝခုနှစ်မှာ မှားယွင်းစွာ ပြစ်ဒဏ်စီရင်ခံရတဲ့ Mr.Coley ရဲ့ DNA ဟာ အသတ်ခံရတဲ့အလောင်းမှာတွေ့ရတဲ့ DNAနဲ့ မတူတာကို ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ အမှုကိုပြန်ဖွင့်ကာ Mr.Coley ရဲ့ မိသားစုဝင်တွေနဲ့ တခြားနေရာတွေကနေ ရရှိထားတဲ့သက်သေတွေကို ပြန်လည်စစ်ဆေးပြီး Mr.Coley အပြစ်ကင်းကြောင်း သက်သေပြကာ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် စုံစမ်းစစ်ဆေးရေးမှူးတွေက ကြိုးပမ်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။ မကျူးလွန်ခဲ့သောပြစ်မှုအတွက် ထောင်၃၉နှစ်အချခံခဲ့ရသော Mr. Coley ဟာ ၂၀၁ရခုနှစ် နိုဝင်ဘာ ၂၂ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။ Mr.Brown က ဒီအမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂၀၁၅ခုနှစ်ကတည်းက ဘုတ်အဖွဲ့ကို တောင်းဆိုပေးခဲ့သောလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြန်လုပ်ခဲ့တာာကြောင့် ၂နှစ်လောက် အချိန်ကြာသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ Mr.Coley ဟာ ယခင်ကလည်း ပြစ်မှုကျူးလွန်ဖူးတဲ့ မှတ်တမ်းမရှိသူတစ်ယောက်ဖြစ်ပြီး သူဟာ ဘွဲ့နှစ်ခုကိုပိုင်ဆိုင်ထားကာ မဟာဝိဇ္ဇာဘွဲ့အတွက် ကြိုးပမ်းနေခဲ့တာပါ။ အသတ်ခံခဲ့ရတဲ့ Mrs. Wicht ကို သတ်သွားတဲ့သူဟာ သူမကို အဓ္ဓမပြုကျင့်ခဲ့တာကို ဆေးပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ Wicht ရဲ့ အိမ်နီးနားချင်းတွေက မနက် ၅နာရီခွဲလောက်မှာ Wicht အိမ်ထဲကထွက်လာတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အသံကြောင့် အိပ်ယာကနေနိုးလာပြီး အပြင်ကိုကြည့်လိုက်တော့ Wicht ရဲ့ အိမ်အပြင်ဘက်မှာ Mr.Coley ရဲ့ကားကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ ရဲတွေကို သတင်းပေးပြောဆိုခဲ့တဲ့အတွက် Coley ကို သံသယဝင်ကာ ဖမ်းဆီးခဲ့ခြင်းပဲဖြစ်ပါတယ်။ ထိုစဉ်က Coley ဟာ စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်ပြီး လော့စ်အိန်ဂျလိစ်က အငြိမ်းစားယူထားတဲ့ စုံထောက်တစ်ယောက်လည်းဖြစ်ပါတယ်။ Mr.Coley ရဲ့ အိမ်မှာ သွေးစွန်းနေတဲ့ ကလေးအကျႌကို တွေ့ခဲ့ပြီး သူ့ရဲ့ယောကျာ်းအင်္ဂါမှာလည်း အနာတရတွေကိုတွေ့ခဲ့တာကြောင့် သူဟာ ဒီလူသတ်မှုရဲ့ တရားခံဖြစ်တယ်လို့ ယုံကြည်လာကြတာဖြစ်ပါတယ်။ ထိုစဉ်က Mr.Coley ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူဟာ ဒီလူသတ်မှုမဖြစ်ခင်က စားသောက်ဆိုင်မှာရှိနေတာကို သက်သေထွက်ဆိုပေးခဲ့ကြပါတယ်။ Simi Valleyက စုံထောက်တစ်ယောက်ဖြစ်တဲ့ Michael Bender က “စုံထောက်တစ်ယောက်က Mr.Coley အပြစ်ကင်းစင်ကြောင်းကို ပြသနိုင်တဲ့ သက်သေတွေကို ဖျောက်ဖျက်ပစ်ခဲ့တာမို့ သူလွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် တိုက်ပွဲဝင်ပေးမယ့်သူက ကျွန်တော်ပဲရှိတော့တာလေ။ ဒါကြောင့်လည်း ကျွန်တော် နောက်ဆုံး သူအပြစ်ကင်းလွတ်ခွင့်ရသည်အထိ ကြိုးပမ်းပေးခဲ့တာပါ။” လို့ပြောပြခဲ့ပါတယ်။ Mr Coley ဟာ ထောင်ကနေလွတ်လာပြီးတဲ့ အချိန်မှာတော့ သူ့ရဲ့မိသားစုဝင်တွေ ချစ်ခင်ရင်းနှီးရသူတွေနဲ့ ကျေးဇူးတော်နေ့အခမ်းအနားကို ကျင်းပခဲ့တာပဲဖြစ်ပါတယ်။
<Unicode Version>
အပြစ်မရှိဘဲ ထောင်ထဲတွင် ၃၉နှစ်ကြာ နေခဲ့ရသူတစ်ယောက်ရဲ့အဖြစ်။
<Zawgyi Version>
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share