HomeOtherမူးယစ်သူဌေးကြီးရဲ့ လူသတ်မှုခုနှစ်ခုအကြောင်း။

မူးယစ်သူဌေးကြီးရဲ့ လူသတ်မှုခုနှစ်ခုအကြောင်း။

- Advertisement -

ဇင်ဘာဘွေတိုင်းပြည် Bukawayo မြို့သား အသက်၄၆နှစ်အရွယ် Paul Calder Le Roux ဆိုသူ မူးယစ်ဆေးရောင်းဝယ်တဲ့ သူဌေးကြီးဟာ အီရန်စစ်ဘက်ဆိုင်ရာကို လက်နက်တွေရောင်းချခြင်း၊ မြောက်ကိုရီးယား မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူတွေနဲ့ မီသမ်ဖီသမင်းခေါ် မူးယစ်ဆေးတွေ အရောင်းအဝယ်ပြုလုပ်ခြင်းသာမက ဆရာဝန်ညွှန်ကြားချက်ရှိမှ သုံးစွဲလို့ရတဲ့ ထောင်ချီတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အမေရိကန်ပြည်ထောင်စုသို့ ဖြန့်ဖြူးရောင်းချခြင်းတို့ကို ပြုလုပ်ပါတယ်။ ဒီအကြောင်းတွေကို အမည်မသိသူတစ်ယောက်က အမေရိကန်ပြည်ထောင်စု မူးယစ်ဆေး ထိန်းသိမ်းအုပ်ချုပ်ရေးဌာနကို ဖော်ကောင်လုပ်လိုက်တာပဲဖြစ်ပါတယ်။ Mr Le Roux ကြောင့် လူသေမှုရာကျော်ဖြစ်ခဲ့ရပြီး သူ့ရဲ့ဥပဒေနဲ့ညှိစွန်းတဲ့ လုပ်ရပ်ကွင်းဆက်တွေကို မနီလာမှာအခြေစိုက်ထားတဲ့ လက်ဆွဲကွန်ပျူတာတစ်လုံးကို အသုံးပြုပြီးတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒုစရိုက်လောကတစ်ခွင်ကို ခြေဆန့်ထားတာပဲဖြစ်ပါတယ်။ Le Roux ဟာ ဒီကီးဘုတ်နောက်ကွယ်ကနေပြီး သတ်ဖြတ်မှုတွေ၊ အကြောက်တရားတွေ၊ ထိန်းချုပ်မှုတွေကို စနစ်တကျ ကိုင်တွယ်ထားတာပဲဖြစ်ပါတယ်။ Le Roux ဟာ ဒုစရိုက်သားပုံမပေါက်ဘဲ လူသားတွေနာကျင်ခံစားနေရတယ်ဆိုတာကို လျစ်လျူရှုထားတဲ့ သွေးအေးတဲ့လူသားပုံမျိုးပါပဲ။ သတင်းထောက်တစ်ယောက်က ဒီမီလျံနာသူဌေးကြီးကို သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေအတွက် လူအသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့တာကို ဖော်ထုတ်ဖို့အတွက် သူ့ရဲ့ဒုစရိုက်လုပ်ငန်းတွေကို စတင် လေ့လာခဲ့ပါတယ်။ ဒီမကောင်းမှုဒုစရိုက်တွေကို ဖြစ်ပေါ်စေခဲ့တဲ့ Le Roux ဟာ သမိုင်းကြောင်းတစ်လျှောက်မှာ တစ်ခါမှမကြားဖူးတဲ့ သူ့ကိုသူ ဝဋ်ပြန်လည်စေတဲ့ဒဏ်ခတ်ခြင်းလုပ်ရပ်ကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် Liberia မှာ အမေရိကန်ပြည်ထောင်စုကို မူးယစ်ဆေးဝါး တင်သွင်းရောင်းချခြင်းကြောင့် ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူဟာ လူသတ်မှုခုနှစ်ခု ကျူးလွန်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။ အကြမ်းအဖက်အဖွဲ့အစည်းကို လက်နက်တွေရောင်းခဲ့တဲ့အတွက်လည်း လူသေမှုမြောက်များစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့ရဲ့ဒုစရိုက်လုပ်ငန်းတွေဟာ အင်တာနက်ပေါ်ကနေ အကိုက်အခဲပျောက်ဆေးတွေကို ရောင်းရာကနေစတင်ခဲ့တာပဲဖြစ်ပြီး သူဟာ အရင်က ကွန်ပျူတာပိုင်းဆိုင်ရာမှာ နှံ့စပ်တတ်ကျွမ်းသူဖြစ်တဲ့အတွက်ကြောင့် အခုလိုအများနဲ့လုံးဝမတူတဲ့ အင်တာနက်ဈေးကွက်ကို တီထွင်ဖန်တီးနိုင်ခဲ့တာဖြစ်တယ်လို့ Ratliff ကဆိုပါတယ်။ မြောက်များစွာသော ဒုစရိုက်လုပ်ငန်းတွေကို နေ့စဉ်၂၄နာရီလုံး လည်ပတ်နေဖို့အတွက် မနီလာမြို့တော်က ကွန်ပျူတာတစ်လုံးနဲ့ပဲ လုပ်ဆောင်သွားတာဖြစ်တဲ့အတွက် Mr Le Roux ဟာ ဉာဏ်ပြေးပြီး တကယ်ကိုတော်တဲ့ ဒုစရိုက်သမားတစ်ယောက်လို့ ပြောလို့ရပါတယ်။ သူဟာ မြိုးမြိုးမြက်မြက် မြတ်နိုင်တဲ့လုပ်ငန်းကို စတင်ဖို့အတွက် လောဘကြီးနေတဲ့အတွက်ကြောင့်လည်း ဘယ်တော့မှပြင်မရနိုင်တဲ့ အမှားမျိုးကို ကျူးလွန်မိတာပဲဖြစ်ပါတယ်။ Ratliff က မူးယစ်ဆေးထိန်းသိမ်းအုပ်ချုပ်ရေးဌာနရဲ့ ဖိလစ်ပိုင်၊ တောင်အာဖရိကနဲ့ ဘရာဇီးမှာရှိတဲ့ သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေကို ငါးနှစ်တိုင်တိုင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ထားတာကိုကြည့်ပြီး ဒုစရိုက်ကွင်းဆက်ကြီးကို ချိတ်ဆက်မိလာတာပဲဖြစ်ပါတယ်။ Ratliff က Le Roux ဟာ လူ့အသက်တွေကို ဆုံးရှုံးစေတဲ့ ဒုစရိုက်မှုတွေကို လုပ်ထားပြီးတာတောင်မှ အာဏာပိုင်တွေက သူ့ကို ဒီလိုထူးဆန်းတဲ့တရားစီရင်မှုကို ဘယ်လိုချမှတ်လိုက်တဲ့အကြောင်းတွေကို ရေးသားထားပါတယ်။ သူ့ရဲ့ကုမ္ပဏီတွေဟာ AK-47 လို ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေကို ဆိုမာလီယာတပ်ကို ရောင်းချခဲ့ပါတယ်။

Le Roux ဟာ ကမ္ဘာအနှံ့ ကိုကင်းတွေ ရောင်းချတဲ့အပြင် အီသီယိုးပီးယားနယ်စပ်မှာ ဘိန်းပင်နဲ့ ဆေးခြောက်ပင်တွေကိုပါ စိုက်ထားပါသေးတယ်။ သူ့ရဲ့ဒုစရိုက်မှုတွေကို ပါဝင်လုပ်ဆောင်ပေးတဲ့သူအားလုံးဟာ ယခင်က ဒုစရိုက်မှုတွေကို မကျူးလွန်ဖူးပေမယ့်လည်း Le Roux ရဲ့ ဒုစရိုက်လုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးခြင်းအားဖြင့် ရရှိလာတဲ့ ငွေတွေနဲ့ အဆင့်တန်းမြင့်မြင့် နေထိုင်နိုင်တာဖြစ်တဲ့အတွက်ကြောင့် သူတို့တွေဟာ Le Roux နဲ့ အတူတူ အပြစ်ခံထိုက်တယ်လို့ Ratliff ကဆိုထားပါသေးတယ်။ သူဟာ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ပူးပေါင်းခဲ့တာမို့ သူ့ကိုပြစ်ဒဏ်စီရင်မယ့် အမှုတွဲဟာဆိုရင်လည်း ခုချိန်မှာတော့ ရပ်ဆိုင်းခြင်းခံထားရတာပဲဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

- Advertisement -

#SY(Soshwe)

- Advertisement -

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fourteen − 9 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...