Breaking News

အဖိုးဖြစ်သူပြောပြထားတဲ့ ချစ်သူကောင်လေးထားရင် လိုက်နာသင့်တဲ့ စည်းကမ်းတွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ကောင်မလေး။

လူတွေအကုန်လုံးမှာ သူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အလေးထားဂရုစိုက်တဲ့ မိသားစုဝင်/မိဘတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ စကော့တလန်နိုင်ငံ လနက်ရှိုင်းယားပြည်နယ် Airdrie မြို့နေ အသက်၂၁အရွယ် Amie McHugh ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အလေးထားဂရုစိုက်တဲ့ မိသားစုဝင်ကတော့ သူမရဲ့အဖိုး William ပဲဖြစ်ပါတယ်။ အဖိုးအိုဟာ သူ့ရဲ့မြေးမလေးအား သူမချစ်သူကောင်လေး လိုက်နာသင့်တဲ့စည်းကမ်းတွေကို စာလုံးအကြီးတွေနဲ့ပဲ တန်းစီရေးချပြီး WhatsApp ကနေပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ ထိုစာတိုလေးတွေကို Amie က သူမရဲ့ တွစ်တာစာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ လိုက်နာရမယ့် စည်းကမ်းလေးတွေက ရယ်စရာလည်းကောင်းပြီး ချစ်စရာလည်းကောင်းပါတယ်။

စည်းမျဉ်းနံပါတ်၁ – သူက ရိုမန်ကတ်သလစ်တစ်ယောက်ဖြစ်ရမယ်။

စည်းမျဉ်းနံပါတ်၂ – Celtic ကို ထောက်ခံအားပေးသူဖြစ်ရမယ်။

စည်းမျဉ်းနံပါတ်၃ – သူဟာ အလုပ်လုပ်နေတဲ့သူဖြစ်ရမယ်။

စည်းမျဉ်းနံပါတ်၄ – သူက အဖိုးသဘောကျတဲ့ လူမျိုးဖြစ်ရမယ်။

စည်းမျဉ်းနံပါတ်၅ – အဖိုးကိုလည်း သူက သဘောကျရမယ်။

စည်းမျဉ်းနံပါတ်၆ – သူဟာ ငွေကြေးပိုင်းဆိုင်ရာမှာပြေလည်သူဖြစ်ရမယ်။

စည်းမျဉ်းနံပါတ်ရ – သမီးနဲ့တွဲနေတုန်း ဘယ်ကောင်မလေးကိုမှ ငမ်းခွင့်မရှိဘူး။

စည်းမျဉ်းနံပါတ်၈ – သူဟာကြင်နာတတ်ရမယ်။

စည်းမျဉ်းနံပါတ်၉ – သူ့မှာ ကားရှိရမယ်။

စည်းမျဉ်းနံပါတ်၁၀ – အဖိုးရဲ့ ကုမ္ပဏီမှာ တစ်ခုခုဝယ်ရင်လည်း ပိုက်ဆံရှင်းရမယ်။

စာတိုလေးရဲ့အဆုံးမှာ “အိုကေ ဒီလောက်ဆိုရင်ရပါပြီ” ဆိုပြီး အဆုံးသတ်ထားတာကိုကြည့်ရင် နောက်ထပ်စည်းမျဉ်းတွေ ထပ်တိုးလာနိုင်သေးတယ်ဆိုတာကိုလည်း ခန့်မှန်းလို့ရပါတယ်။

Amie အဖိုးရဲ့စာတိုလေးဟာ တွစ်တာစာမျက်နှာပေါ်မှာ ပျံ့နှံ့သွားပြီး လူ၆ဝဝဝကျော်ကလည်း သဘောကျနှစ်သက်လာကြပါတယ်။ Amie က “အဖိုးက ဒီလိုစာတိုလေးတွေကိုချရေးပြီးတော့ WhatsAppကနေ ခဏခဏပို့ပေးတာမို့ ဒါကကျွန်မအတွက် အဆန်းတော့မဟုတ်ပေမယ့် အရမ်းကိုချစ်စရာကောင်းပြီး ရယ်စရာလည်းကောင်းပါတယ်။ ဒါကြောင့်လည်း ဒီစာတိုလေးတွေကို ကျွန်မရဲ့တခြားမိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ကျွန်မ ပို့ပေးလေ့ရှိပါတယ်။ အဖိုးနဲ့ကျွန်မက တော်တော်ကိုရင်းနီးတာပါ။ အဖိုးက အရမ်းကိုပျော်ပျော်နေတတ်တယ်။ ပိုပြီးရယ်စရာကောင်းတာက ကျွန်မခုလက်ရှိတွဲနေတဲ့ချစ်သူကောင်လေးက အဖိုးရဲ့စည်းမျဉ်းနံပါတ်၁ကို မလိုက်နာနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းအဖိုးကတော့ ကျွန်မချစ်သူကို သဘောကျပါတယ်။ ကျွန်မပျော်ရင် အဖိုးကလည်း ပျော်တာပါပဲ။”လို့ UNILAD သတင်းဌာနကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
<Unicode Version>

 

 

အဖိုးျဖစ္သူေျပာျပထားတဲ့ ခ်စ္သူေကာင္ေလးထားရင္ လိုက္နာသင့္တဲ့ စည္းကမ္းေတြကို ထုတ္ေဖာ္ေျပာၾကားခ့ဲတ့ဲ ေကာင္မေလး။

လူေတြအကုန္လံုးမွာ သူတို႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီး အေလးထားဂရုစိုက္တဲ့ မိသားစုဝင္/မိဘေတြ ရွိတတ္ၾကပါတယ္။ ဒါေပမဲ့ စေကာ့တလန္ႏိုင္ငံ လနက္ရႈိင္းယားျပည္နယ္ Airdrie ၿမိဳ႕ေန အသက္၂၁အရြယ္ Amie McHugh ရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး အေလးထားဂရုစိုက္တဲ့ မိသားစုဝင္ကေတာ့ သူမရဲ႕အဖိုး William ပဲျဖစ္ပါတယ္။ အဖိုးအိုဟာ သူ႔ရဲ႕ေျမးမေလးအား သူမခ်စ္သူေကာင္ေလး လိုက္နာသင့္တဲ့စည္းကမ္းေတြကို စာလံုးအႀကီးေတြနဲ႔ပဲ တန္းစီေရးခ်ၿပီး WhatsApp ကေနပို႔ေပးခဲ့တာပဲျဖစ္ပါတယ္။ ထိုစာတိုေလးေတြကို Amie က သူမရဲ႕ တြစ္တာစာမ်က္ႏွာေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။ လိုက္နာရမယ့္ စည္းကမ္းေလးေတြက ရယ္စရာလည္းေကာင္းၿပီး ခ်စ္စရာလည္းေကာင္းပါတယ္။

စည္းမ်ဥ္းနံပါတ္၁ – သူက ရိုမန္ကတ္သလစ္တစ္ေယာက္ျဖစ္ရမယ္။

စည္းမ်ဥ္းနံပါတ္၂ – Celtic ကို ေထာက္ခံအားေပးသူျဖစ္ရမယ္။

စည္းမ်ဥ္းနံပါတ္၃ – သူဟာ အလုပ္လုပ္ေနတဲ့သူျဖစ္ရမယ္။

စည္းမ်ဥ္းနံပါတ္၄ – သူက အဖိုးသေဘာက်တဲ့ လူမ်ိဳးျဖစ္ရမယ္။

စည္းမ်ဥ္းနံပါတ္၅ – အဖိုးကိုလည္း သူက သေဘာက်ရမယ္။

စည္းမ်ဥ္းနံပါတ္၆ – သူဟာ ေငြေၾကးပိုင္းဆိုင္ရာမွာေျပလည္သူျဖစ္ရမယ္။

စည္းမ်ဥ္းနံပါတ္၇ – သမီးနဲ႔တြဲေနတုန္း ဘယ္ေကာင္မေလးကိုမွ ငမ္းခြင့္မရွိဘူး။

စည္းမ်ဥ္းနံပါတ္၈ – သူဟာၾကင္နာတတ္ရမယ္။

စည္းမ်ဥ္းနံပါတ္၉ – သူ႔မွာ ကားရွိရမယ္။

စည္းမ်ဥ္းနံပါတ္၁၀ – အဖိုးရဲ႕ ကုမၸဏီမွာ တစ္ခုခုဝယ္ရင္လည္း ပိုက္ဆံရွင္းရမယ္။

စာတိုေလးရဲ႕အဆံုးမွာ “အိုေက ဒီေလာက္ဆိုရင္ရပါၿပီ” ဆိုၿပီး အဆံုးသတ္ထားတာကိုၾကည့္ရင္ ေနာက္ထပ္စည္းမ်ဥ္းေတြ ထပ္တိုးလာႏိုင္ေသးတယ္ဆိုတာကိုလည္း ခန္႔မွန္းလို႔ရပါတယ္။

Amie အဖိုးရဲ႕စာတိုေလးဟာ တြစ္တာစာမ်က္ႏွာေပၚမွာ ပ်ံ႕ႏွံ႔သြားၿပီး လူ၆၀၀၀ေက်ာ္ကလည္း သေဘာက်ႏွစ္သက္လာၾကပါတယ္။ Amie က “အဖိုးက ဒီလိုစာတိုေလးေတြကိုခ်ေရးၿပီးေတာ့ WhatsAppကေန ခဏခဏပို႔ေပးတာမို႔ ဒါကကၽြန္မအတြက္ အဆန္းေတာ့မဟုတ္ေပမယ့္ အရမ္းကိုခ်စ္စရာေကာင္းၿပီး ရယ္စရာလည္းေကာင္းပါတယ္။ ဒါေၾကာင့္လည္း ဒီစာတိုေလးေတြကို ကၽြန္မရဲ႕တျခားမိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းေတြကို ကၽြန္မ ပို႔ေပးေလ့ရွိပါတယ္။ အဖိုးနဲ႔ကၽြန္မက ေတာ္ေတာ္ကိုရင္းနီးတာပါ။ အဖိုးက အရမ္းကိုေပ်ာ္ေပ်ာ္ေနတတ္တယ္။ ပိုၿပီးရယ္စရာေကာင္းတာက ကၽြန္မခုလက္ရွိတြဲေနတဲ့ခ်စ္သူေကာင္ေလးက အဖိုးရဲ႕စည္းမ်ဥ္းနံပါတ္၁ကို မလိုက္နာႏိုင္တာပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္းအဖိုးကေတာ့ ကၽြန္မခ်စ္သူကို သေဘာက်ပါတယ္။ ကၽြန္မေပ်ာ္ရင္ အဖိုးကလည္း ေပ်ာ္တာပါပဲ။”လို႔ UNILAD သတင္းဌာနကို ေျပာျပခဲ့တာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သူနာပြုတစ်ဦးရဲ့ကြင်နာမှုကြောင့် အသက်ဆက်ရှင်ခွင့်ရခဲ့တဲ့ ၈ နှစ်အရွယ်ကလေးငယ်။

Wrightstown ပြည်နယ်မှာနေထိုင်တဲ့ James Auten နဲ့ Ruth Auten တို့ရဲ့ အသက် ၈ နှစ်အရွယ်သားလေး Brayden Auten ဟာ ၂၀၂၀ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro