သိပ်မကြာသေးခင်တုန်းက တေလာမှ ပုံတစ်ပုံတင်ခဲ့ခြင်းကြောင့် ပရိသတ်များမှ တေလာရဲ့အယ်လ်ဘမ်အသစ် မကြာခင်ထွက်ရှိတော့မယ်ဆိုပြီး ထင်မြင်ယူဆခဲ့ခြင်းဖြစ်ပါတယ်။ သူမအနေနဲ့ ပထမဦးဆုံး အုန်းပင် ခုနှစ်ပင်ပုံကို တင်ထားခြင်း၊ ဒုတိယအနေနဲ့ လှေကား ခြောက်ထစ်မြောက်နေရာမှာ ထိုင်နေတဲ့ပုံကို တင်ထားကာ နောက်ဆုံးအနေနဲ့ အပေါက် ၅ ပေါက်ရှိတဲ့ ဂိတ်ပေါက်ကနေ လှမ်းကြည့်နေတဲ့ပုံကို တင်ထားခဲ့ခြင်းဖြစ်ပါတယ်။
ပရိသတ်တွေအနေနဲ့လည်း သတိထားမိတဲ့အချက်တစ်ချက်က တေလာအနေနဲ့ အယ်လ်ဘမ်အသစ်ထွက်ခါနီးတိုင်း အုန်းပင်ပုံတွေကို ဖော်ပြလေ့ရှိတဲ့အကြောင်း သတိထားမိခဲ့ကြခြင်း ဖြစ်ကာ ပိုပြီးသိသာထင်ရှားတဲ့အချက်တစ်ချက်ကတော့ တေလာနဲ့ပူးပေါင်းပြီး 1989 အယ်လ်ဘမ်ဖြစ်လာအောင် အတူတူ လုပ်ခဲ့ကြတဲ့ Ryan Tedder ဆိုသူမှာလည်း သူရဲ့ တွစ်တာ စာမျက်နှာမှာ ထန်းပင်ပုံကို Header ပုံအဖြစ် ပြောင်းတင်ခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် ကေတီပယ်ရီမှလည်း အုန်းပင်ပုံပါတဲ့အင်္ကျီကို ဝတ်ဆင်ထားတဲ့ပုံကို Instagram မှာ လွန်ခဲ့တဲ့ ၁ လကျော်က တင်ခဲ့ပါတယ်။ တေလာမှလည်း ကေတီဆီမှာရှိတဲ့ ကြိုးကြာငှက်တွေပါတဲ့ ဂျာကင်ကိုဝတ်ဆင်ထားတဲ့ပုံကို တင်ထားပါတယ်။ ထိုအချက်တွေကို ကြည့်ချင်းအားဖြင့် ပရိသတ်တွေအနေနဲ့ သူတို့နှစ်ဦးပေါင်းပြီး အယ်လ်ဘမ်ထွက်ဖို့ရှိတယ်လို့ ကြိုတင်ခန့်မှန်းကြခြင်း ဖြစ်ပါတယ်။
https://www.instagram.com/p/BtQGpupn1jE/?utm_source=ig_embed
#STSoshwe)
#SoshweEntertainment
#SoshweForyourDailyLife
#Like&Share