သံသယရှိသူတစ်ဦးရဲ့ ထွက်ဆိုချက်အရ မိသားစုဝင် ငါးယောက်လုံးဟာ သေချင်နေသောကြောင့် အခုလိုမျိုး ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်တယ်ဆိုပြီး တာဝန်ရှိသူတွေကို ထွက်ဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်ရှိ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ ၁၉နှစ်အရွယ်ရှိ သမီးဖြစ်သူတို့မှာ မိသားစုဝင် ၅ ယောက်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့ တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ အသက် ၄၅နှစ်ရှိပြီဖြစ်တဲ့ Shana Decree နဲ့ သူမရဲ့ သမီးဖြစ်သူ ၁၉နှစ်အရွယ် Diminique Decree တို့ကို ငါးလောင်းပြိုင် လူသတ်မှုအပြင် လူသတ်မှုကျူးလွန်ရန် ကြိုတင်ကြံစည်ခြင်း စတဲ့ပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ သိရှိရပါတယ်။
တရားခံတွေ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့ မိသားစုဝင်တွေကတော့ Shana Decree ရဲ့ ကလေးတွေဖြစ်တဲ့ အသက် ၂၅နှစ်အရွယ် Naa’Irah Smith ၊ အသက် ၁၃နှစ်အရွယ် Damon Decree Jr ၊ Shana ရဲ့ ညီမဖြစ်သူ အသက် ၄၂ နှစ်အရွယ် Jamila Campbell နဲ့ သူမရဲ့ အမြွှာကလေးတွေဖြစ်တဲ့ အသက် ၉နှစ်အရွယ် Imani နဲ့ Erika Allen တို့ပဲဖြစ်ပါတယ်။
အလောင်းတွေကိုတော့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတွေကနေ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတွေအနေနဲ့ အိမ်တံခါးခေါက်ရာမှ အကြောင်းပြန်ခြင်းမရှိသဖြင့် ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး အိမ်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ တံခါးဖွင့်လိုက်ပြီဆိုတာနဲ့ ရှုပ်ပွနေတဲ့ ကြမ်းပြင်ပေါ်မှာ မှန်ကွဲစတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်ထားတာတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး တရားခံနှစ်ယောက်လုံးကို စိတ်ပုံမှန်မဟုတ်သော အခြေအနေမျိုးမှာ တွေ့ရှိခဲ့သဖြင့် ရဲဌာနသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။
ရဲဝန်ထမ်းတွေ ရောက်ရှိလာပြီးနောက် တစ်အိမ်လုံးကို ရှာဖွေရာမှ အိပ်ခန်းတစ်ခန်းရဲ့ ကုတင်အောက်ကနေ အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ တရားခံ သားအမိနှစ်ယောက်ကတော့ အစပိုင်းမှာ ငြင်းဆိုခဲ့ကြပြီး နောက်ပိုင်းမှာတော့ အမှန်အတိုင်း ဝန်ခံခဲ့ကြခြင်းဖြစ်ပါတယ်။
#ST(1209Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share