အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ Donald Trump က ရုပ်ရှင်ဒါရိုက်တာ Spike Lee ဟာ အော်စကာဆုပေးပွဲတွင် BlacKkKlansman ရုပ်ရှင်ဇာတ်ကားအတွက် အော်စကာဆုတက်ရောက်ယူစဉ် ပြောကြားခဲ့တဲ့ မိန်းခွန်းစကားထဲမှာ သမ္မတအား လူမျိုးရေးအရထိခိုက်ပြောဆိုတာတွေ ပါနေတယ်ဆိုပြီး စွပ်စွဲပြောဆိုလိုက်ပါတယ်။ Spike Lee က “ဒီဇာတ်ကားဟာ အာဖရိကတိုင်းပြည်က ဘိုးဘေးဘီဘင်တွေအတွက် ရည်ညွှန်းတာပါ။ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ အမိမြေ အာဖရိက ကနေ Jamestown နဲ့ Virginia ပြည်နယ်တွေကို ခေါ်ဆောင်ခံခဲ့ရပြီး ကျွန်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ကို လူမျိုးတုံးသတ်ဖြတ်ခြင်းခံနေရတဲ့ကြားကနေ ယနေ့ဒီပြည်ထောင်စုကြီးကို ရအောင်ထူထောင်နိုင်ခဲ့တဲ့အတွက် တကယ်ကို လေးစားချီးကျူးမိပါတယ်။ ၂၀၂၀ခုနှစ် သမ္မတရွေးကောက်ပွဲဟာ မကြာခင်ဆိုက်ရောက်လာတော့မှာပါ။ ကျွန်တော်တို့အားလုံး စည်းစည်းရုံးရုံးနဲ့ မှန်တဲ့ဘက်ကပဲ ရပ်တည်ကြရအောင်ဗျာ။ ဒီရွေးကောက်ပွဲကတော့ အချစ် နဲ့ အမုန်းတွေကြားက လူ့ကျင့်ဝတ်ကို အခြေခံတဲ့ ရွေးချယ်မှုပဲဖြစ်လာမှာပါ။” လို့ ဆိုခဲ့ပါတယ်။ အဆိုပါ မိန့်ခွန်းကိုပြောနေစဉ်တွင်မှာလည်း Spike Lee ဟာ “Love” လို့ဖော်ထွင်းထားတဲ့ လက်စွပ်ကို ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကို Mr Trump က “Lee ဟာ ကိုယ့်ရဲ့သမ္မတကိုတောင် လူမျိုးရေးခွဲခြားပြီးပြောဆိုနေတာပဲ။ ကျွန်ုပ်က ခင်ဗျားတို့ အာဖရိကန်အမေရိကန်လူမျိုးတွေအတွက်ကို တခြားသမ္မတွေထက်ပိုပြီး ကြိုးပမ်းအားထုတ်ပေးခဲ့တာပဲလေ။ တရားခွင်မျှတမှုတွေကစလို့ အလုပ်လက်မဲ့ဦးရေလျော့ကျရေးသာမက အခွန်လျှော့ပေါ့ ကောက်ခံရေးအဆုံးပဲလေ။” လို့ဆိုကာ သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Mr Trump က Lee ပြောခဲ့တဲ့ ဘယ်စကားလုံးက သူ့ကို လူမျိုးရေးခွဲခြားတယ်လို့ ထင်စေတယ်ဆိုတာကိုတော့ တိတိကျကျမပြောခဲ့ပါဘူး။
Mr Lee ဟာ ၂၀၁၅ မှာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုရရှိခဲ့တာဖြစ်ပြီးနောက် ယခုလို အပြိုင်အဆိုင်များတဲ့ အော်စကာဆုပေးပွဲမှာ အော်စကာဆုရရှိခဲ့တာဟာ တကယ်ကို ကြီးမြတ်လှတယ်လို့ လူတွေက ချီးမွမ်းလာကြပါတယ်။ BlacKkKlansman ရုပ်ရှင်ဇာတ်ကားဟာ ၁၉၇၀ ခုနှစ် ကော်လိုရာဒိုပြည်နယ်ရဲ့ နွေဦးရာသီတစ်ခုမှာ အာဖရိကန်အမေရိကန်စုံထောက်တစ်ယောက်ဟာ ပြည်တွင်းအမှုတစ်ခုဖြစ်တဲ့ Ku Klux Klan ကို သေချာရှာဖွေမွှေနှောက်ပြီးနောက် လူတကာသိအောင်ဖော်ထုတ်လိုက်တဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
#SY(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share