HomeEntertainmentFloyd Mayweather ရဲ့ မွေးနေ့ပါတီပွဲမှ ဆွဲထုတ်ခံခဲ့ရပြီးနောက် သေနတ်ဖြင့် ပစ်ရန်ကြိုးစားခဲ့သော Rapper Tyga

Floyd Mayweather ရဲ့ မွေးနေ့ပါတီပွဲမှ ဆွဲထုတ်ခံခဲ့ရပြီးနောက် သေနတ်ဖြင့် ပစ်ရန်ကြိုးစားခဲ့သော Rapper Tyga

- Advertisement -

Floy Mayweather ရဲ့ ၄၂နှစ်ပြည့် မွေးနေ့ပါတီပွဲကို ဖေဖော်ဝါရီလ ၂၃ရက် တနင်္ဂနွေနေ့ Hollywood က Sunset Roomမှာ ကျင်းပခဲ့ပြီး ထိုပွဲကို လူအများအပြားတက်ရောက်ခဲ့ပါတယ်။ ထိုပါတီပွဲတွင် ဟော်လီဝုဒ်အကျော်အမော် လူငယ် Rapper တစ်ဦးဖြစ်တဲ့အပြင် အသက်၆နှစ်အရွယ် သားလေး King Cairoရဲ့ ဖခင်လည်းဖြစ်တဲ့ Tygaဟာ လူတစ်ချို့နှင့် အော်ဟစ်ငြင်းခုံနေရင်း ပါတီပွဲကနေ ဆွဲထုတ်ခံခဲ့ရပြီး လုံခြုံရေးအစောင့်ရဲ့ သေနတ်ကို လှမ်းယူဖို့ကြိုးစားခဲ့တာကို ပါတီတက်ရောက်သူတစ်ချို့က ဗီဒီယို ရိုက်ကူးထားပြီး social media တွေပေါ်တင်ကာ မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

Tyga ဟာ သူနဲ့အတူ သောက်စားပျော်ပါးနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်စကားများပြီးနောက်မှာ ပါတီပွဲကနေ လုံခြုံရေးတွေက ဆွဲထုတ်ခဲ့တာပဲဖြစ်ပါတယ်။ အပြင်ကိုဆွဲထုတ်ခံရပြီးနောက် ဒီရုတ်ရင်းဆန်ခတ်ဖြစ်မှုဟာ ပိုပြီးတော့အရှိန်တက်လာခဲ့ပါတယ်။ ထို့နောက် လုံခြုံရေးအစောင့်ရဲ့ သေနတ်ကို လှမ်းယူကာ ပစ်ခတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်တယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။ အစောင့်က သူ့ရဲ့သေနတ်ကို ဆွဲယူဖို့ကြိုးစားခဲ့တဲ့ Tyga ကို အချိန်မီ တားလိုက်နိုင်တာကြောင့် Tyga လက်ထဲကို သေနတ်ရောက်မသွားဘဲ ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုး ရောက်ရှိနိုင်မယ့်အခြေအနေကို အချိန်မီ တားနိုင်ခဲ့ပါတယ်။ Tristan Thompson နဲ့ Khloe Kardarshian ရဲ့ လမ်းခွဲခဲ့တဲ့အကြောင်းကိုမေးဖို့ ထိုပါတီပွဲရဲ့အပြင်ဘက်ကို ရောက်ရှိနေတဲ့ TMZ သတင်းဌာနရဲ့ သတင်းထောက်တစ်ယောက်ရဲ့ အဆိုအရ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ငြိမ်သက်သွားအောင်လုပ်ပြီး တစ်အောင့်အကြာမှာတော့ Tyga နဲ့ အတူ သူ့ရဲ့အပေါင်းအပါတို့ ထွက်သွားခဲ့တာပဲဖြစ်တယ်လို့ သိရှိရပါတယ်။

Tyga ဟာ Kardashian/Jenner ညီအမတွေနဲ့ လူသိကျော်ကြားတဲ့ကိစ္စရပ်လေးတွေရှိခဲ့ဖူးပါတယ်။ Tyga ဟာ သူ့ရဲ့အရင်ရည်းစားဟောင်းဖြစ်တဲ့ Kylie Jenner နဲ့ တွဲတဲ့အချိန်တုန်းက Kylie ဟာ အသက် ၁၈နှစ်မပြည့်သေးတာကြောင့် လူတွေရဲ့အပြင်းအထန်ဝေဖန်တာကိုခံခဲ့ရပါသေးတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...