HomeEntertainmentပရိသတ်များကို သီချင်းဆိုပြရန် ကြိုးစားရင်း ငိုကြွေးခဲ့သည့် Jessie J

ပရိသတ်များကို သီချင်းဆိုပြရန် ကြိုးစားရင်း ငိုကြွေးခဲ့သည့် Jessie J

- Advertisement -

ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ အဆိုတော်ဂျက်ဆီဂျေးဟာ သီချင်းဆိုပြရန် ကြိုးစားရင်း ငိုကြွေးမိသည့် ဗီဒီယိုဖိုင်တစ်ခုကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် မျှဝေခဲ့ပြီး သူမရဲ့ စိတ်ကျရောဂါအကြောင်းနဲ့ စိုးရိမ်သောကများအကြောင်းကို ရေးသားခဲ့ပါတယ်။

အသက် (၃၀) အရွယ်ရှိပြီဖြစ်သူ ဂျက်ဆီဂျေးဟာ ပီယာနိုရှေ့၌ထိုင်ပြီး သီချင်းဆိုပြရန် ကြိုးစားချိန်မှာ ငိုကြွေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါဗီဒီယိုရဲ့ Caption ၌ ဂျက်ဆီဂျေးက “ကျွန်မ ကရုဏာသက်မှုတွေ လိုအပ်လို့ ဒီဗီဒီယိုကို တင်ခဲ့တာမဟုတ်ပါဘူး။ ကျွန်မဒီလိုဖြစ်တာကို သိဖို့လိုအပ်တဲ့၊ သိသင့်တဲ့ တစ်စုံတစ်ယောက် သိရှိသွားဖို့ တင်ခဲ့တာပါ။ ဒီဗီဒီယိုက မနေ့က ကျွန်မ အိပ်ရာနိုးတဲ့အချိန်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ပါ။ ကျွန်မ ပီယာနိုရှေ့မှာ ထိုင်လိုက်တယ်ဆိုရင်ပဲ ကျွန်မရဲ့ ခံစားချက်တွေက တဖြည်းဖြည်း အရှိန်တက်လာပြီး ဒီအခိုက်အတန့်ကို ကျွန်မ ရှင်တို့ကို မျှဝေပေးချင်လို့ပါ။ ကျွန်မ ငိုသင့်လား၊ မငိုသင့်ဘူးလားဆိုတာကို မသိပါဘူး။ ဒါပေမယ့် အရေးကြီးတာက ကျွန်မတို့ အားလုံးဟာ အမြဲတမ်း  စိတ်ခံစားချက် မကောင်းဘူးဆိုတာကို ဖွင့်ဟနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့နေ့ရက်တွေမှာ ကိုယ်ပိုင်အခိုက်အတန့်တွေ ရှိပါတယ်။ မနေ့ကတော့ ကျွန်မဘဝရဲ့ ခံစားချက်တွေ ထူးခြားဆန်းကြယ်တဲ့ နေ့ရက်တွေထဲက တစ်ရက်ဖြစ်ခဲ့ပါတယ်။”

- Advertisement -

https://www.instagram.com/p/BuOz1bCHzHI/?utm_source=ig_embed

- Advertisement -

“ယနေ့ခေတ်ကာလထဲမှာ အထူးသဖြင့် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေပေါ်မှာ ကိုယ့်ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ပျော့ကွက်တွေက အားနည်းချက်လိုဖြစ်လာပြီး နောက်ပိုင်းမျိုးဆက်သစ်တွေကလည်း သူတို့ရဲ့ တကယ့်ခံစားချက် အစစ်အမှန်ကို ပြီးပြည့်စုံတဲ့ သူတို့ရဲ့ ပုံရိပ်တွေနဲ့ ဖုံးကွယ်ဖို့ သင်ကြားခြင်းခံထားရပါတယ်။ တကယ်လို့ ဒီပုံစံတွေကို ပြောင်းလဲခြင်းမရှိဘူးဆိုရင် သူတို့တွေရဲ့ စိုးရိမ်ပူပန်သောကတွေနဲ့ စိတ်ကျရောဂါတွေက အမြင့်ဆုံးအထိရောက်သွားနိုင်ပါတယ်။ အသက် (၃၀) အောက် ယောကျာ်းလေးတွေအတွက် အကြီးမားဆုံး လူသတ်သမားက ကိုယ့်ကိုကိုယ်သတ်သေခြင်းပါ။”

- Advertisement -

”ကျွန်မတို့ရဲ့ ရှိသမျှ ခွန်အားအကုန်ကို အသုံးပြုပြီး ကျွန်မတို့ရဲ့ ခံစားချက်တွေကို ဟိုးအောက်ဆုံးကို ပို့ပစ်ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ မအောင်မြင်ပါဘူး။ ဒီဖြစ်ရပ်အပေါ်မှာ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို မသတ်မှတ်လိုက်ဖို့ လိုအပ်ပြီး ဒီအရာတွေကနေတစ်ဆင့်  လေ့လာသင်ယူသွားရမှာပါ။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ရှာပါ။ မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ သင့်ကို  ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် အဆုံးအစမဲ့တဲ့ ပျော်ရွှင်မှုတွေက ကိုယ့်ဆီကပဲ လာတာပါ။ ဒါက ကိုယ့်ရဲ့လက်တွေ့ဘဝပါပဲ။”

“ကျွန်မ လွန်ခဲ့တဲ့ နှစ်တွေမှာတည်းက အကြိမ်ကြိမ်ပြောခဲ့သလိုပါပဲ။ ကျွန်မက Role Model တစ်ယောက်မဖြစ်ချင်ပေမယ့် လူတွေရဲ့ စိတ်ဓာတ်ကိုတော့ လှုံ့ဆော်ပေးချင်ပါတယ်။ အသက်ငယ်တဲ့သူပဲဖြစ်ဖြစ် ကြီးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေ နာကျင်မှုတွေကို မောင်းထုတ်လိုက်ပါ။ ပြီးရင်ကိုယ့်ဘဝနဲ့ကိုယ်ပဲနေထိုင်ပါ။ ဘဝမှာအရာအားလုံးကို လိုက်ပြီး ခံစားနေဖို့ အချိန်မရှိပါဘူး။ ပန်းချီဆွဲမယ်။ သီချင်းဆိုမယ်။ ပုံဆွဲမယ်။ လမ်းလျှောက်မယ်။ စာရေးမယ်။ ကားမောင်းထွက်မယ်။ လေ့ကျင့်ခန်းတွေလုပ်မယ်။ ဒါတွေကိုပဲ ကြိုးစားပြီးလုပ်လိုက်ပါ။ နောက်ထပ်တစ်ခုကတော့ စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ စကားတွေ ပြောလိုက်ပါ။ တစ်ယောက်တည်း တိတ်တဆိတ်နဲ့ နာကျင်မှုတွေကို ခံစားမနေပါနဲ့။ ဘဝက အရမ်းကို တိုတောင်းလွန်းပြီး အမြဲတမ်း ပြန်လာနိုင်အောင် ကြိုးစားပါ။ ငါမင်းအကြောင်းကို အမြဲတမ်းစဉ်းစားနေပြီး မင်းရဲ့ နှလုံးသားထဲကို ငါ့အချစ်တွေ မျှဝေပေးပါ့မယ်။” ဆိုပြီး ရေးသားခဲ့ပါတယ်။

ပြီးခဲ့သည့် (1209၂၀၁၈) ခုနှစ် ဒီဇင်ဘာလ၌ ဂျက်ဆီဂျေးရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေ့ဗ်ကွယ်လွန်သွားခဲ့ပြီးချိန်၌လည်း ဂျက်ဆီဂျေးက “ငါတို့အိမ်မက်တွေအကြောင်း အတူပြောဖြစ်ခဲ့ကြတယ်။ ငါတို့ အကြောက်ရွံ့ဆုံးအရာတွေအကြောင်းကိုလည်း ပြောဖြစ်ခဲ့ကြတယ်။ မင်းက ငါ့ရဲ့ လုံခြုံရေးတစ်ယောက်တင်မဟုတ်ဘဲ လေးနှစ်တိုင်တိုင် မိသားစုတစ်ယောက်အဖြစ် ရှိခဲ့တာပါ။” ဆိုပြီး သူမရဲ့ အင်စတာဂရမ်၌ ရေးသားခဲ့ပါသေးတယ်။

ဂျက်ဆီဂျေးသည် ပြီးခဲ့သည့် ဇန်နဝါရီလအစောပိုင်း၌လည်း မမျှော်လင့်ထားသည့် ပုဂ္ဂိုလ်ရေးကိစ္စရပ်များကြောင့် ဆိုရှယ်မီဒီယာအသုံးပြုမှုကို ရပ်နားထားမည်ဖြစ်ကြောင်း သူမရဲ့ပရိသတ်များကို ပြောကြားခဲ့ပါသေးတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read