၁။ Will Smith
ရက်ပ်ပါအဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ Will Smith ဟာ ၂၀၀၁ ခုနှစ်တွင် Ali ဇာတ်ကား၊ ၂၀၀၆ ခုနှစ်တွင် The Pursuit of Happiness ဆိုတဲ့ ဇာတ်ကားများနဲ့ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း လက်ရှိအချိန်ထိ အော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။
၂။ Amy Adams
Adams ဟာ အော်စကာဆုအတွက် ဆန်ခါတင်စာရင်း၌ (၆) ကြိမ်အထိ ပါဝင်ခဲ့ဖူးပေမယ့် တစ်ကြိမ်တစ်ခါမျှ ဆုရရှိခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ်တွင် Vice ဇာတ်ကား၊ ၂၀၀၅) ခုနှစ်တွင် Junebug ဇာတ်ကား၊ (၂၀၀၈) ခုနှစ်တွင် Doubt ဇာတ်ကား၊ (၂၀၁၀) ခုနှစ်တွင် The Fighter ဇာတ်ကား ၊ (၂၀၁၂) ခုနှစ်တွင် The Master ဇာတ်ကား နဲ့ (၂၀၁၅) ခုနှစ်တွင် American Hustle ဇာတ်ကားများနဲ့ ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
၃။ Naomi Watts
Watts ဟာ (၂၀၁၃) ခုနှစ်တွင် 21 Grams ဇာတ်ကား နဲ့ (၂၀၁၂) ခုနှစ်တွင် The Impossible ဇာတ်ကားများဖြင့် ခေါင်းဆောင်မင်းသမီးနေရာအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း နှစ်ကြိမ်လုံး အော်စကာဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
၎။ Tom Cruise
ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ ခေါင်းဆောင်မင်းသားတစ်ယောက်ပင်ဖြစ်သော်ငြားလည်း မင်းသားကြီး Tom Cruise အနေနဲ့ လက်ရှိအချိန်ထိ အော်စကာဆုကိုဆွတ်ခူးနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ (၁၉၈၉) ခုနှစ်တွင် Born on the Fourth of July ဇာတ်ကား၊ (၁၉၉၆) ခုနှစ်တွင် Jerry Maguire ဇာတ်ကား နဲ့ (၁၉၉၉) ခုနှစ်တွင် Magnolia ဇာတ်ကားများနဲ့ ဆန်ခါတင်စာရင်းတွင် (၃) ကြိမ်ပါဝင်ခဲ့ဖူးပါတယ်။
၅။ Helena Bonham Carter
Bonham Carter ဟာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် (၁၉၉၈) ခုနှစ်က ပြသခဲ့သည့် The Wings of the Dove ဇာတ်ကားနဲ့ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ဖူးပြီး (၂၀၁၁) ခုနှစ်တွင်လည်း ဇာတ်ပို့နေရာမှ သရုပ်ဆောင်ထားသည့် The King’s Speech ဆိုသည့် ဇာတ်ကားနဲ့ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပေမယ့် နှစ်ကြိမ်လုံး အော်စကာဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
၆။ Robert Downey Jr.
Iron Man မင်းသားအဖြစ် လူသိများသည့် Downey Jr တစ်ယောက် အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာ နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့ပေမယ့် ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ (၁၉၉၃) ခုနှစ်က Chaplin ဆိုတဲ့ ဇာတ်ကားနဲ့ ခေါင်းဆောင်မင်းသားဆု၊ (၂၀၀၈) ခုနှစ်က Tropic Thunder ဆိုတဲ့ ဇာတ်ကားနဲ့ ဇာတ်ပို့မင်းသားဆုများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။
၇။ Johnny Depp
Captain Jack Sparrow ဇာတ်ရုပ်နဲ့ လူသိများသည့် မင်းသားကြီး Johnny Depp ဟာ (၂၀၀၃) ခုနှစ်က Pirates of the Caribbean ဇာတ်ကား၊ (၂၀၀၄) ခုနှစ်က For Finding Neverland ဇာတ်ကား နဲ့ (၂၀၀၇) ခုနှစ်တွင် The Demon Barber of Fleet Street ဇာတ်ကားများနဲ့အတူ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းတွင်ပါဝင်ခဲ့ပေမယ့် အော်စကာဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
၈။ Jamie Lee Curis
Halloween franchise ဇာတ်ကားများနဲ့ ကမ္ဘာ့အနှံ့ကျော်ကြားပြီး လူသိများထင်ရှားခဲ့ပေမယ့် လက်ရှိအချိန်အထိ အော်စကာဆုအတွက် ဆန်ခါတင်စာရင်း၌ပင် ပါဝင်ခဲ့ဖူးခြင်းမရှိပါဘူး။
၉။ Cameron Diaz
သရုပ်ဆောင်လောကမှ အနားယူသွားပြီဖြစ်တဲ့ Cameron Diaz ကတော့ သူမရဲ့ ရုပ်ရှင်သရုပ်ဆောင်ဘဝတစ်လျှောက် အော်စကာဆုရယူဖို့မဆိုထားနဲ့၊ ဆန်ခါတင်စာရင်း၌ပင် ပါဝင်ခဲ့ဖူးခြင်းမရှိတာလည်း ဖြစ်ပါတယ်။
၁၀။ Ryan Reynolds
Lively ရဲ့ ခင်ပွန်းဖြစ်သူ Reynolds ကတော့ လက်ရှိအချိန်အထိ Oscar၊ Emmy နဲ့ Golden Globe ဆုများအတွက် ဆန်ခါတင်စာရင်း၌ပင် ပါဝင်ခဲ့ဖူးခြင်းမရှိတာလည်း ဖြစ်ပါတယ်။
၁၁။ Jude Law
Law တစ်ယောက် အော်စကာဆုအတွက် ဆန်ခါတင်စာရင်း၌ နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးပါတယ်။ (၂၀၀၃) ခုနှစ်တွင် Cold Mountain ဇာတ်ကားနဲ့ ခေါင်းဆောင်မင်းသားဆု၊ (၁၉၉၉) ခုနှစ်တွင် The Talented Mr. Ripley ဇာတ်ကားနဲ့ ဇာတ်ပို့မင်းသားဆု အတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့တာဖြစ်ပြီး အော်စကာဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတာလည်း ဖြစ်ပါတယ်။
၁၂။ Rachel McAdams
Rachel တစ်ယောက် ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်က Spotlight ဇာတ်ကားနဲ့ ဇာတ်ပို့မင်းသမီးဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပေမယ့် အော်စကာဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
၁၃။ Bruce Willis
Moore ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Bruce Willis သည်လည်း အော်စကာဆုအတွက် ကံမကောင်းခဲ့သည့် မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ The Sixth Sense ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည့် Bruce Willis တစ်ယောက် အော်စကာဆုအတွက် ဆန်ခါတင်စာရင်း၌ပင် ပါဝင်ခဲ့ဖူးခြင်းမရှိတာလည်းဖြစ်ပါတယ်။
၁၄။ Alicia Silverstone
အမေရိကန်အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သူ Silverstone သည်လည်း ဘာကြောင့် လက်ရှိအချိန်အထိ အော်စကာဆုအတွက် ဆန်ခါတင်စာရင်း၌ပင်မပါဝင်နိုင်သည်ကို စဉ်းစားမရအောင်ဖြစ်နေကြပါတယ်။
၁၅။ Ewan McGregor
အဆို၊ အက၊ သရုပ်ဆောင် နယ်ပယ်သုံးမျိုးလုံး၌ ထူးချွန်သည့် အဆိုပါဗြိတိန်သရုပ်ဆောင်သည်လည်း လက်ရှိအချိန်အထိ အော်စကာဆုနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။
၁၆။ Blake Lively
Lively ရဲ့ အော်စကာဆုမျှော်လင့်ချက်သည်လည်း လက်ရှိအချိန်ထိ ဝေးကွာနေဆဲလည်းဖြစ်ပါတယ်။ ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်သည့် Lively တစ်ယောက် လက်ရှိအချိန်အထိ အော်စကာဆုအတွက် ဆန်ခါတင်စာရင်း၌ပင် ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။
၁၇။ Hugh Jackman
The Greatest Showman ဇာတ်ကားရဲ့ ကြယ်ပွင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ Jackman သည် (၂၀၁၃) ခုနှစ်က Les Miserables ဇာတ်ကားနဲ့ ခေါင်းဆောင်မင်းသားနေရာအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဆုနဲ့ လွဲချော်ခဲ့ပါတယ်။
၁၈။ James Franco
ပြီးခဲ့သည့်နှစ်များအတွင်း၌ Franco တစ်ယောက် ဆုတံဆိပ်များနဲ့ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် လွဲချော်ခဲ့ရပြီး (၂၀၁၁) ခုနှစ်က 127 Hours ဇာတ်ကားနဲ့ ခေါင်းဆောင်မင်းသားဆုအတွက် ဆန်ခါတင်စာရင်းတွင် တစ်ကြိမ်ပါဝင်ခဲ့ဖူးပါတယ်။
၁၉။ Rooney Mara
(၂၀၁၅) ခုနှစ်က Carol ဇာတ်ကား၊ (၂၀၁၁) ခုနှစ်က The Girl With the Dragon Tattoo ဇာတ်ကားများနဲ့ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း Mara အနေနဲ့ အော်စကာဆုကို ရရှိရန်အတွက် လက်ရှိအချိန်အထိ စောင့်ဆိုင်းနေရဆဲလည်းဖြစ်ပါတယ်။
၂၀။ Scarlett Johansson
Jonansson သည် ပြီးခဲ့သည့် (၂၀၁၀) ခုနှစ်မှစပြီး Marvel ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး စူပါဟီးရိုးဇာတ်ကားများကို အော်စကာဆုပေးပွဲအခမ်းအနားများတွင် ထည့်သွင်းဆုပေးလေ့မရှိခြင်းကြောင့် Johansson တစ်ယောက်ယနေ့အထိ အော်စကာဆုနဲ့ ဝေးနေခဲ့ရပါတယ်။
၂၁။ Samuel L. Jackson
(၁၉၉၄) ခုနှစ်တွင် flick Pulp Fiction နဲ့ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်းမရှိသည့် Jackson သည် သူ့ရဲ့ သရုပ်ဆောင်ဘဝတစ်လျှောက် ဇာတ်ကားပေါင်း (၁၀၀) နဲ့အထက် ရိုက်ကူးခဲ့ပါတယ်။
#HM(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share