Breaking News
NEW YORK, NY - APRIL 9: Rachel Weisz and Daniel Craig attend The Opportunity Network's 11th Annual Night of Opportunity Gala at Cipriani Wall Street on April 9, 2018 in New York City. (Photo by Gonzalo Marroquin/Patrick McMullan via Getty Images) *** Local Caption *** Rachel Weisz;Daniel Craig

မင်္ဂလာပွဲအား တိတ်ဆိတ်စွာကျင်းပခဲ့သည့် ဂျိမ်းစ်ဘွန်းမင်းသားကြီးတို့စုံတွဲ။

Rachel Weisz အနေနဲ့ (၂၀၁၉) ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ The Favourite ဆိုသည့် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Rachel Weisz ဆုရရှိကြောင်း ကြေညာပေးခဲ့သည့် အစီအစဉ်တင်ဆက်သူမှာလည်း သူမရဲ့ ခင်ပွန်းဖြစ်သည့် Daniel Craig ပင်ဖြစ်ပြီး သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲကိုလည်း တိတ်တဆိတ်ကျင်းပပြီးနောက် အခုလိုပဲ အနီရောင်ကော်ဇောပြင်ထက်ကို အတူတကွရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ သာယာလှပတဲ့ အချစ်ရေးခရီးလမ်းကြောင်းဖြတ်သန်းပုံများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိခြင်း။

Metro သတင်းစာရဲ့ ဖော်ပြချက်အရ Daniel Craig တို့ စုံတွဲဟာ ကောလိပ်ကျောင်းမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက်အတူနေထိုင်တဲ့အိမ်ကို (၂၀၁၀) ခုနှစ်၌ မပြောင်းရွှေ့ခင်အချိန်အထိ အတူတူနေထိုင်ခဲ့ခြင်းမရှိဘူးလို့ သိရှိရပါတယ်။ Daniel နဲ့ မဆုံတွေ့ခင်မှာ Rachel က သူမအနေနဲ့ လက်ထပ်ဖို့ မသေချာတော့ကြောင်း ပြောကြားခဲ့ဖူးပေမယ့် Daniel ကတော့ Rachel ရဲ့စိတ်ကို လျင်မြန်စွာနဲ့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ နှစ်ယောက်အတူတူနေထိုင်သည့် အချိန်ကာလ (၆) လမပြည့်ခင်အချိန်၌ပင် မင်္ဂလာပွဲကို တိတ်တဆိတ်ကျင်းပခဲ့ပြီး နယူးယော့ခ်မြို့တွင် (၂၀၁၁) ခုနှစ် ဇွန်လ၌ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမင်္ဂလာပွဲကို ပြင်ပမှမည်သူ့ကိုမျှ ဖိတ်ကြားခဲ့ခြင်းမရှိဘဲ သူတို့နှစ်ယောက်ရဲ့ ကလေးများသာ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပြီး

Hollywood လောက၌မူ အလျှို့ဝှက်ဆုံးနေထိုင်တတ်သည့် စုံတွဲအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

 

၂။ ပုဂ္ဂိုလ်ရေးကိစ္စများကို အထူးလျှို့ဝှက်ထားတတ်ကြခြင်း။

Rachel က သူမရဲ့ Relationshiop ကို ထိန်းသိမ်းခဲ့ရပုံအကြောင်းကို ဖွင့်ဟပြောကြားလာပါတယ်။ “သူ(Daniel) က အရမ်းကို ထင်ပေါ်ကျော်ကြားပြီး ဒီအချက်က ကျွန်မတို့ရဲ့ Relationship အပေါ် သစ္စာဖောက်သွားနိုင်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ရှင့်အသက် ငယ်တုန်းမှာတော့ ရှင်က အရာအားလုံးကို ကိုယ့်ချစ်သူဆီ ပြောပြမှာပါ။ လူပျို အပျိုမဟုတ်တော့တဲ့ အသက်အရွယ်အတွက် ကြီးမားတဲ့ စိတ်ကျေနပ်စရာတစ်ခုကတော့ သင့်ရဲ့အရာအားလုံးကို တခြားသူတွေက သိစရာမလိုတော့ဘူးပေါ့။ အိမ်ထောင်ကျသွားပြီဆိုရင် သင့်အကြောင်းနားထောင်မယ့်သူတွေ မရှိတော့ဘဲ ကိုယ့်ဘဝနဲ့ကိုယ်နေနိုင်ပါပြီ။” ဆိုပြီး Rachel က ဆိုပါတယ်။ ဒါ့အပြင် နှစ်ယောက်ကြားဆက်ဆံရေးကို အထူးထိန်းသိမ်းထားရန် သဘောတူညီထားကြောင်းကိုလည်း Rachel က “Daniel နဲ့ ကျွန်မက သဘောထားချင်းတိုက်ဆိုင်ပြီး ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝတွေအကြောင်းကို အပြင်မှာ ထုတ်ပြောမှာမဟုတ်ပါဘူး။” ဟူ၍လည်း ပြောကြားသွားပါတယ်။

၃။ လူမြင်ကွင်း၌လည်း ချစ်ခင်ပြခဲ့ကြသည့် စုံတွဲ။

(၂၀၁၅) ခုနှစ်အတွင်း၌ Daniel ပါဝင်သရုပ်ဆောင်ထားသည့် Spectre ရုပ်ရှင်ဇာတ်ကားကို မိတ်ဆက်သည့် အခမ်းအနားကိုလည်း နှစ်ယောက်သားအတူတကွ တက်ရောက်ခဲ့ကြပြီး လူမြင်ကွင်း၌ပင် နှစ်ယောက်သား ချစ်ခင်ပြခဲ့သည့် မြင်ကွင်းများကို ပရိသတ်များအနေနဲ့ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ အဆိုပါဓာတ်ပုံများက အလွန်ပင်ချစ်စရာကောင်းလွန်းတယ်လို့လည်း ပရိသတ်များက ချီးကျူးခဲ့ကြပါတယ်။

၎။ တစ်ယောက်အလုပ်ကို တစ်ယောက်ကူညီပေးခြင်း။

Rachel ရဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်သည့် Disobedience ဇာတ်ကားကို မိတ်ဆက်သည့် အခမ်းအနား၌ ပြုလုပ်ခဲ့သည့် Good Morning America အစီအစဉ်နဲ့ အင်တာဗျူးတစ်ခုမှာလည်း Rachel က “ကျွန်မတို့နှစ်ယောက်က ကိုယ်ကြိုက်တဲ့ ဇာတ်ကားတွေ၊ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေ အကြောင်းကို ပြောဖြစ်ကြတဲ့အပြင် နှစ်ယောက်သား ရုပ်ရှင်အတူတူကြည့်ရင်းနဲ့လည်း ဇာတ်ကားတွေအပေါ်မှာ ဝေဖန်သုံးသပ်မှုတွေ ပြုလုပ်ကြပါတယ်။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပြီး တစ်ယောက်အလုပ်အပေါ်မှာလည်း ကျန်တစ်ယောက်က လေးစားပါတယ်။ Daniel က Disobedience ဇာတ်ကားကိုလည်း အရမ်းကြိုက်ပါတယ်။” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

ဒါပေမယ့် (၂၀၁၃) ခုနှစ်က ပြုလုပ်ခဲ့သည့် The Sun သတင်းစာနဲ့ အင်တာဗျူးတစ်ခု၌မူ Rachel က “ရုပ်ရှင်သရုပ်ဆောင်နှစ်ယောက် အတူတူနေပြီး သရုပ်ဆောင်တဲ့အကြောင်းတွေ ပြောရတာထက် ပိုဆိုးတဲ့ ကိစ္စမရှိပါဘူး။ ဒါက တကယ်ကို ဆိုးရွားတဲ့ ကိစ္စပါ။” ဆိုပြီးတော့လည်း ပြောကြားခဲ့ဖူးပါသေးတယ်။

 

၅။ သမီးလေးတစ်ယောက်မွေးဖွားခဲ့ခြင်း။

ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ဧပြီလအတွင်း၌ Daniel က The New York Times သတင်းစာမှတစ်ဆင့် သူတို့နှစ်ဦးရဲ့ ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ “ကျွန်မ မကြာခင် ရှင်တို့ကိုပြပါမယ်။ Daniel နဲ့ ကျွန်မတို့နှစ်ယောက်က အရမ်းကို ပျော်ရွှင်နေပြီး အခုရင်သွေးလေးလည်း လွယ်ထားရပါပြီ။ ကျွန်မတို့ သူ့ကိုမြင်တွေ့ခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ၌မူ သူတို့နှစ်ဦးရဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်။ Rachel ဟာ သူ့ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Darren Aronofsky နဲ့ သားတစ်ယောက်ထွန်းကားခဲ့သလို Daniel ကလည်း ဇနီးဟောင်းဖြစ်သူ Fiona Loudon နဲ့လည်း သမီးတစ်ယောက်ရရှိခဲ့ပါသေးတယ်။

Daniel နဲ့Rachel တို့ နှစ်ဦးနောက်ထပ် ကလေးမယူတော့မယ့် အကြောင်းကိုလည်း Rachel ကအတည်ပြုခဲ့ပြီး သူတို့ရဲ့ သမီးငယ်လေးသည် Daniel နဲ့ ရုပ်ချင်းဆင်ကြောင်းကိုလည်း ထုတ်ဖော်ပြောထားပါတယ်။

 

၆။ လူမှုရေးလုပ်ငန်းများကို အတူတကွလုပ်ဆောင်ခြင်း။

ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဧပြီလအတွင်း၌လည်း သူတို့စုံတွဲသည် Opportunity Gala မှ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကိုလည်း အတူတကွတက်ရောက်ခဲ့ကြပါသေးတယ်။

 

၇။ ပျော်ရွှင်စရာအချိန်ကာလများကို အတူတကွ ကုန်ဆုံးနေကြခြင်း။

၂၀၁၈ ခုနှစ်၌ Rachel က “ကျွန်မ အိမ်ထောင်ကျပြီးတော့ အရမ်းပျော်ရွှင်နေရပါတယ်။ အရမ်းအရမ်းကို ပျော်ရွှင်နေတာပါ။ Mrs. Craig ဆိုတဲ့ နာမည်ကို ကျွန်မသဘောကျပါတယ်။ ကျွန်မရဲ့ ဘဏ်စာအုပ်နဲ့ ပတ်စ်ပို့တွေပေါ်မှာ Mrs. Craig ဖြစ်နေပါပြီ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Daniel နဲ့ Rachel တို့စုံတွဲဟာ စာအုပ်အကြောင်း၊ ကဗျာအကြောင်း ပြောဆိုရခြင်းများကို နှစ်သက်တယ်လို့ သိရှိရပြီး အတူတကွဟင်းချက်ရခြင်းကိုလည်း နှစ်သက်ကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro