HomeSportပေါ့ဘာရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မိကြောင်း ဂယ်ရီနဗီလ်းဝန်ခံ။

ပေါ့ဘာရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မိကြောင်း ဂယ်ရီနဗီလ်းဝန်ခံ။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ယူနိုက်တက်အသင်းနဲ့အနာဂတ်အတွက် ရေရှည်တွင်စိုးရိမ်ပူပန်မိကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သူ  ပေါ့ဘာသည် နည်းပြဟောင်း မော်ရင်ဟိုရဲ့နေရာ၌ အစားထိုးဝင်ရောက်လာသည့် ယာယီနည်းပြဆိုးလ်ရှားလက်ထက်တွင်  အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး ဆိုးလ်ရှားလက်ထက် ပြိုင်ပွဲစုံ (၁၄) ပွဲကစားပြီးချိန်၌ (၁၁) ပွဲအထိ အနိုင်ရရှိခဲ့ရာတွင် ပေါ့ဘာက အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

သို့သော်လည်း ပေါ့ဘာနဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ ပတ်သက်၍ စိုးရိမ်ရသည့်အကြောင်းကို ဂယ်ရီနဗီးလ်က “ကျွန်တော် ပေါ့ဘာနဲ့ပတ်သက်ပြီး အပွင့်လင်းဆုံးပြောရမယ်ဆိုရင် သူ့အတွက်  ပေးခဲ့ရတဲ့  ပေါင် (၉၅) သန်းက သူအခု လက်ရှိစွမ်းဆောင်ပြနေတဲ့ ခြေစွမ်းနဲ့တင်တန်နေပါပြီ။” ဟူ၍ Sky Sports သတင်းဌာနကို ပြောကြားသွားပါတယ်။ ဆက်လက်၍လည်း ဂယ်ရီနဗီးလ်က “နောက်ဆုံး (၂) လ (၃) လအတွင်းမှာ သူကစားသွားတဲ့ ပုံစံက ပေါင် (၉၅)သန်းနဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်။ သူက လက်ရှိကစားတဲ့ပုံစံနဲ့ လက်ရှိအချိန်အခိုက်အတန့်မှာတော့ တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။”

“ယူနိုက်တက်အသင်းအတွက် နောက်ထပ် (၅) နှစ်ကြာတဲ့အထိ သူဒီလိုခြေစွမ်းအဆင့်အတန်းမျိုးနဲ့ ဆက်ကစားနေနိုင်ဦးမယ်ဆိုရင် ကျွန်တော်နဲ့ဗီဒစ်တို့ထက် ပိုပြီးပျော်ရွှင်မယ့်သူ လောကကြီးမှာ ရှိတော့မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ အရမ်းကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ပါပဲ။”

- Advertisement -

“ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ သူ အသင်းနဲ့ ပထမနှစ်ရာသီအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို စိတ်ထဲစွဲနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အေးဂျင့်(ရွိုင်အိုလာ)က သူ့အပေါ်ဝင်ရောက် စွက်ဖက်လာဦးမှာပါ။ ရွိုင်အိုလာက သူ့ကိုနောက်ထပ်အသင်းပြောင်းဖို့ တိုက်တွန်းလာမှာဖြစ်ပြီး ပိုက်ဆံထပ်ရဖို့ ကြံစည်ပါလိမ့်မယ်။ ဒါကပဲ သူနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီမှာရှိနေတဲ့ ပြဿနာပါ။ သူအသင်းမှာ ကာလရှည်ဆက်ပြီး ရှိနေပါ့မယ်ဆိုပြီး ကတိပေးထားဖို့ လိုအပ်ပါတယ်။”

- Advertisement -

“ပုဂ္ဂိုလ်ရေးအရကြည့်မယ်ဆိုရင် သူ့အေးဂျင့်က နောက်ထပ် အပြောင်းအရွှေ့ရာသီ (၂) ခု (၃)ခုလောက်ရောက်ပြီဆိုရင် သူ့ကို ငါတို့သွားကြရအောင်ကွာ။ ငါဒီနေရာကို  ကျော်ဖြတ်ချင်နေပြီဆိုပြီး  ပြောလာနိုင်လို့ ကျွန်တော်ဒါကို စိုးရိမ်မိပါတယ်။ သူ့ကိုအသင်းမှာ ကာလရှည်ဆက်ရှိမယ့် ကစားသမားအဖြစ် ကျွန်တော်တို့ ယုံကြည်နိုင်ပါ့မလား။ အခုအခိုက်အတန့်မှာ ကျွန်တော်တို့ သူ့အပေါ် ယုံကြည်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက် သူ့ကို ယုံလို့ရပါ့မလား။” ဟူ၍ ဖွင့်ဟပြောကြားလာတာလည်း ဖြစ်ပါတယ်။ ပေါ့ဘာသည် ယခုနှစ်ဘောလုံးရာသီတွင် ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲပါဝင်ကစားပြီးချိန်၌ (၁၄) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃၃) ကြိမ်ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × four =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...