Breaking News

HIV ရောဂါပိုးကူးစက်ပြန့်ပွားမှုကြောင့် ဥရောပအပြာကားဈေးကွက်ရပ်တန့်။

သရုပ်ဆောင် အမြောက်အများကို HIV ရောဂါပိုးကူးစက်ပြန့်ပွားမှုကြောင့် လက်ရှိအချိန်၌ ဥရောပတစ်ခွင်ရှိ အပြာကား ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားပြီး ယခုလိုမျိုး ရပ်ဆိုင်းထားသည့် ကာလသည်လည်း နှစ်ပတ်တာကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (1209၁၄) ရက်နေ့၌ နာမည်ကြီး အပြာကားသရုပ်ဆောင်တစ်ဦး HIV ရောဂါပိုး ကူးစက်ခံထားရကြောင်း စပိန်နိုင်ငံ၌ စစ်ဆေးတွေ့ရှိခဲ့ရပြီး ယခုလိုမျိုး ရောဂါကူးစက်ခံရသည့် အကြောင်းရင်းမှာ သက်ဆိုင်ရာ အပြာကားရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းများရဲ့ တာဝန်ရှိသူများက  ရောဂါကူးစက်ခံထားရပြီးသား သရုပ်ဆောင်တစ်ဦးနဲ့ သရုပ်ဆောင်ရန် စေခိုင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး လက်ရှိအချိန်တွင်မူ ဥရောတစ်ဝှမ်းရှိ အပြာကား ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများ အားလုံး ခေတ္တခဏ ရပ်တန့်သွားခဲ့ရပြီဖြစ်ပါတယ်။

ဒါ့အပြင် အတွင်းသတင်းပေါက်ကြားမှုများကြောင့် ရောဂါကူးစက်ခံခဲ့ရသော သရုပ်ဆောင် မည်သူမည်ဝါဆိုခြင်းကိုလည်း လူသိရှင်ကြား ဖွင့်ဟခံခဲ့ရပြီး အဆိုပါ သရုပ်ဆောင်ရဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့ နောက်ထပ် သရုပ်ဆောင် (1209၉) ဦးကိုလည်း ရောဂါကူးစက်စေခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်၌ အဆိုပါ ရုပ်ရှင်သရုပ်ဆောင် (1209၉) ဦးကို အခြားသော ဥရောပတစ်ဝှမ်းရှိ အပြာကားသရုပ်ဆောင်များရဲ့ လုံခြုံရေးနဲ့ကျန်းမာရေးအရ အပြာကားများ၌ ပါဝင်သရုပ်ဆောင်ခြင်းအား တားမြစ်ထားသလို (1209၉) ဦးလုံးကိုလည်း ရောဂါမပြန့်ပွားရေးအတွက် သီးသန့်ထားရှိပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ သရုပ်ဆောင် (1209၉) ဦးအား ယခုကဲ့သို့ ထိန်းချုပ်ထားခြင်းအား လွန်ခဲ့သည့် (1209၅) ရက်ခန့်ကမှ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီလိုမျိုးပိတ်ပင်မှုအပေါ်မှာလည်း အပြာကားသရုပ်ဆောင် အများအပြားက  ထောက်ခံကြောင်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။ Myla Elyse ဟုအမည်ရသည့် အပြာကားသရုပ်ဆောင်တစ်ဦးက “မင်းရဲ့ ကျန်းမာရေးက ပိုက်ဆံထက် အများကြီးတန်ဖိုးရှိပါတယ်။” ဆိုပြီး သူမရဲ့ Twitter စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သလို Amber Nevada ဟုအမည်ရသည့် နောက်ထပ်သရုပ်ဆောင်တစ်ဦးကလည်း “ဒီနှစ်အတွင်း ပထမဆုံး ရိုက်ကွင်းကို ပြန်သွားဖို့ အစီအစဉ်ဆွဲပြီးပြီဆိုပေမယ့် အရိုးသားဆုံး ဝန်ခံရရင် ကျွန်မကြောက်ရွံ့နေပါတယ်။ မကြာသေးတဲ့ အချိန်တိုလေးအတွင်းမှာ Syphilis ရောဂါတွေဖြစ်ခဲ့ပြီး အခု HIV ရောဂါပိုးတွေ ပြန်နေ့ပါတယ်။ ဘာကိစ္စတွေပဲရှိရှိ ဘေးကင်းဖို့က ပထမပါပဲ။” ဟူ၍လည်း ရေးသားမျှဝေခဲ့ပါသေးတယ်။

ယခုကဲ့သို့ ပိတ်ပင်ခြင်းများ ရှိနေသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပျံ့နှံ့လာခဲ့တဲ့ အသံဖိုင်မှတ်တမ်းတစ်ခုအရ ပြင်သစ်နာမည်ကြီး အပြာကား ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ ယခုကဲ့သို့ ပိတ်ပင်တားဆီးခြင်းများကို လိုက်နာဆောင်ရွက်သွားမှာမဟုတ်ဘဲ ရှေ့ဆက်ပြီး အပြာကားများကို ရိုက်ကူးသွားဦးမှာဖြစ်ကြောင်း ဝန်ခံပြောကြားထားခဲ့ပါတယ်။ အဆိုပါအသံဖိုင်ကိုမူ Mia Wallace က သူမရဲ့ Twitter မှတစ်ဆင့်မျှဝေခဲ့ခြင်းဖြစ်ပြီး “ကျွန်မတို့ရဲ့ ပြင်သစ်နိုင်ငံမှာတော့ ဒီလို ရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်တွေကိုလိုက်ပြီး ဆောင်ရွက်ကြမှာ မဟုတ်ပါဘူး။” ဆိုပြီးတော့လည်း ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရှိ FSC (1209Free Speech Coalition) ဟုအမည်ရတဲ့ အဖွဲ့အစည်းတစ်ခုမှလည်း ဥရောပတိုက်မှ အပြာရုပ်ရှင်ကား ထုတ်လုပ်ရေးလုပ်ငန်းများအနေနဲ့ နောက်ထပ်နှစ်လကျော်ကြာသည်အထိ ယခုကဲ့သို့ ရိုက်ကူးရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရဖွယ်ရှိပြီး သရုပ်ဆောင်များရဲ့ ကျန်းမာရေး အခြေအနေများအားလုံးကို စစ်ဆေးပြီးသည့်အချိန်ရောက်မှသာ ရိုက်ကူးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

သို့သော်လည်း အပြာကား ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအများစုမှာမူ သရုပ်ဆောင်များကို အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် အာမခံချက်များမပေးနိုင်ခြင်း၊ ဥရောပတိုက်၌ ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းမရှိခြင်း၊ ယခုကဲ့သို့ တားဆီးပိတ်ပင်သည့်ကာလမပြီးဆုံးချိန်၌ပင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့်တာဝန်ရှိသူများက ဇာတ်ကားများ ပြန်လည်ရိုက်ကူးနိုင်ခြင်းတို့ကို စိုးရိမ်လျက်ရှိနေပါတယ်။

အတွင်းသတင်းပေါက်ကြားမှုတစ်ရပ်အရ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း၌ ဥရောပတိုက်ရှိ အပြာကား ရုပ်ရှင်လောကအတွင်း syphilis ရောဂါ လေးကြိမ်အထိ ကူးစက်ပျံ့နှံ့ခဲ့ပြီး အချို့သော အပြာကားရုပ်ရှင်ထုတ်လုပ်သူများနှင့်ကိုယ်စားလှယ်များကမူ အဆိုပါကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရှိရပါတယ်။

အခြားသော သတင်းရင်းမြစ်များရဲ့ အဆိုအရ အချို့သော အပြာကားသရုပ်ဆောင်များသည် အလုပ်ချိန်အတွင်း ဖိအားပေးခိုင်းစေမှုများနဲ့ ရင်ဆိုင်နေရခြင်း၊ မတန်တဆလုပ်အားခဖြင့် ခြိမ်းခြောက်ခိုင်းစေခံနေရခြင်းနှင့် ဒဏ်ကြေးငွေတပ်ရိုက်ခံရခြင်းများနှင့် ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

HIV ရောဂါကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်၍လည်း အခြားသော သတင်းရင်းမြစ်တစ်ခုက အပြာကား သရုပ်ဆောင်များအနေနဲ့ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်အချို့ကို ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ကိုယ်စားလှယ်များကို အကြောင်းကြားခဲ့ခြင်းမရှိတတ်တာမျိုးလည်း ရှိတတ်ကြောင်းဆိုပါတယ်။

ဒါ့အပြင် Harriet Sugarcookie မှယခုကဲ့သို့ တားဆီးပိတ်ပင်ခြင်းများကို ကနဦးကာလဖြစ်သည့် နှစ်ပတ်မှ တစ်လအထိ ပိတ်ပင်ရန်အတွက်လည်း စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပြီး တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် Budapest မြို့မှာ နေထိုင်တဲ့ လန်ဒန်နွယ်ဖွား အပြာရုပ်ရှင်ကား ထုတ်လုပ်သူတစ်ဦးမှလည်း ဥရောပတိုက်ရှိ အပြာကားရုပ်ရှင်ထုတ်လုပ်ရေးများအနေဖြင့် ယခုဖြစ်ရပ်မှတစ်ဆင့် အပြာရုပ်ရှင်လောကတွင် အမေရိကတိုက်ရဲ့ ကျန်းမာရေးလမ်းစဉ်များကို လိုက်နာလာရန်  မျှော်လင့်ကြောင်း  ပြောကြားသွားပါတယ်။

အမေရိကတိုက်ရဲ့ ကျန်းမာရေးစစ်ဆေးမှုများက ပိုမိုတိကျပြီး ဥရောပတိုက်အနေဖြင့် အမေရိကတိုက်အား အတုယူ၍ လိုက်ပါဆောင်ရွက်ရန်အတွက်လည်း အဆိုပါ ထုတ်လုပ်သူမှ ကမ်းလှမ်းပြောကြားသွားပါသေးတယ်။ ဥရောပနိုင်ငံများ၌ HIV ရောဂါပိုးရှိမရှိ စစ်ဆေးမှုများကို (1209၁၃) ရက်မှ (1209၄၅) ရက်အတွင်း ပြုလုပ်လေ့ရှိသော်လည်း အမေရိကန်နိုင်ငံရှိ PCR Test (1209Polymerase chain reaction) ကို (1209၇) ရက်မှ (1209၂၁) ရက်အတွင်း ပြုလုပ်လေ့ရှိကြောင်းလည်း ဟာရီယက်က ရှင်းလင်းပြောကြားသွားပါတယ်။ ဒါ့အပြင် ဟာရီယက်က “ဒီစစ်ဆေးမှုနှစ်ခုက ကွဲပြားပြီး အကောင်းဆုံးနည်းလမ်းကတော့ လူတိုင်း လူတိုင်း PCR နဲ့ စစ်ဆေးမှုခံယူဖို့ပါ။ လက်ရှိအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဥရောပအပြာကားရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အမေရိကတိုက်က ကျင့်သုံးနေတဲ့ နည်းစနစ်တွေကို လိုက်နာကျင့်သုံးတာကပဲ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဥရောပတိုက်သားတွေအတွက် ခေတ်မှီတဲ့ အလေ့အကျင့်တွေ ရှိလာမှာလည်း ဖြစ်ပါတယ်။” ဟူ၍တိုက်တွန်းပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

 

#HM(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။

ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro