HomeSportပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးအသင်းက ရေပန်းစားဆဲဖြစ်ကြောင်း ဂွါဒီယိုလာပြောကြား။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးအသင်းက ရေပန်းစားဆဲဖြစ်ကြောင်း ဂွါဒီယိုလာပြောကြား။

- Advertisement -

မန်စီးတီးအသင်းနည်းပြဖြစ်သူ ဂွါဒီယိုလာက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းစားသည့်အသင်းတစ်သင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ယူနိုက်တက်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်၌ လီဗာပူးအသင်းအနေနဲ့ အနိုင်ရရှိခဲ့ပါက မန်စီးတီးအသင်းကို (၃) မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်မည်ဖြစ်သော်လည်း လီဗာပူးအသင်းမှာမူ အဝေးကွင်း၌ သရေရလဒ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် မန်စီးတီးအသင်းထက် (၁) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကို ဝင်ဘလေကွင်းတွင် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ခါရာဘောင်ဖလားရဲ့ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီးနောက် အဆိုပါ ပွဲမတိုင်ခင် ကစားခဲ့သော ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်နဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “အဲ့ဒီပွဲက အင်္ဂလန်ဒါဘီပွဲပါ။ ဒါပေမယ့် ကျွန်တော်အများကြီး မကြည့်ဖြစ်လိုက်ပါဘူး။ ပထမပိုင်းမှာ ယူနိုက်တက်ကစားသမားသုံးယောက် ဒဏ်ရာရခဲ့တာကို ကျွန်တော်သိလိုက်ပေမယ့် ဒုတိယပိုင်းတော့ မကြည့်ခဲ့ပါဘူး။” ဟူ၍ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

- Advertisement -

ထပ်မံပြီး ဂွါဒီယိုလာက “အဲ့ဒီပွဲ ဘယ်လိုအခြေအနေရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခု လီဗာပူးအသင်းနဲ့ အမှတ်ကပ်နေပြီး အရင်က (၇) မှတ်ကွာခဲ့တာကနေ အခု (၁) မှတ်ပဲကွာတော့ပါတယ်။ ဒါပေမယ့် သူတို့က အမှတ်ပေးဇယားကို ဦးဆောင်ထားဆဲဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေဆဲပါ။ ကျွန်တော်တို့ အခု ဒီအကြောင်းတွေကို အရမ်းကြီးမစဉ်းစားတော့ပါဘူး။ ကျွန်တော့်ကစားသမားတွေ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီး ပွဲတွေကို အနိုင်ကစားဖို့အတွက်ပဲ စဉ်းစားပါတော့တယ်။”

- Advertisement -

“ကျွန်တော်တို့ ခက်ခဲကြမ်းတမ်းတဲ့ ပွဲကျပ်နှစ်ပွဲကို ကစားရတော့မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့မှာ တစ်ပွဲကစားပြီး စနေနေ့ကျရင် ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းမှာ သွားပြီးကစားရပါမယ်။ အခုပြိုင်ပွဲတစ်ခုက ပြီးဆုံးသွားပြီဖြစ်ပြီး ပရီးမီးယားလိဂ်အပေါ်ကို အထူးအာရုံစိုက်ရပါလိမ့်မယ်။” ဟူ၍ ဖွင့်ပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

- Advertisement -

ချဲလ်ဆီးအသင်းကို ဝင်ဘလေကွင်းအတွင်း၌ အနိုင်ရရှိပြီး ခါရာဘောင်ဖလားချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ကာကွယ်နိုင်ခဲ့ခြင်းက မန်စီးတီးအသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့ခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီး လက်ရှိအချိန်တွင်မူ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆိုသည့် ဂုဏ်ပုဒ်ကိုပါ ဆက်လက်ကာကွယ်သွားရန်အတွက် ပစ်မှတ်ထားနေခြင်းလည်းဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read