Breaking News
Single ဖြစ်ရခြင်းအကျိုးကျေးဇူး (၁၀) မျိုး။
ကျွန်တော်တို့အားလုံးဟာ ကိုယ့်ဘဝရဲ့ မျှော်လင့်ချက်အိမ်မက်တွေကို ကိုယ့်ဘဝရဲ့လက်တွဲဖော်နဲ့ နှစ်ယောက်အတူပုံဖော်နိုင်ဖို့အတွက်ပဲ စဉ်းစားနေကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး ဘဝလက်တွဲဖော်မရှိသေးတဲ့သူများအတွက်လည်း Single ဘဝမှာတင်အခြားသော အခွင့်အရေးများ အားသာချက်များရှိနေပါသေးတယ်။
၁။ မိမိကိုယ်ကိုရုံစိုက်နိုင်ခြင်း။
တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့အချိန်ကို လွတ်လွတ်လပ်လပ်စီမံခန့်ခွဲနိုင်ပြီး မည်သူနဲ့အတူရှိသင့်သလဲ၊ ဘာတွေလုပ်သင့်သလဲ စတာတွေကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ့်အတွက် အခြားအာရုံစိုက်စရာ ကိစ္စရပ်တွေကနေလည်း ထွေထွေထူးထူး ရှိတော့မှာမဟုတ်ပါဘူး။
၂။ လူအများနဲ့ ပိုမိုတွေ့ဆုံနိုင်ရန် အခွင့်အရေးရှိခြင်း။
Relationship ရှိတဲ့သူတိုင်းအတွက် ချုပ်ချယ်ချည်နှောင်မှုများရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ကိုယ်က Single တစ်ယောက်ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ လူမှုဆက်ဆံရေးကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ရန် အခွင့်အရေးရှိနေပါတယ်။ အဆီအငေါ်မတည့်တဲ့ ဆက်ဆံရေးများမှတစ်ဆင့် ရေရှည်တည်တ့ံခိုင်မြဲတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။
၃။ ကိုယ့်ပတ်ဝန်းကျင်ရှိ ချစ်သူခင်သူများအတွက် အချိန်ပေးနိုင်ခြင်း။
Relationship ရှိသည့်သူတစ်ယောက်အတွက် သူ့ရဲ့အချိန်ဇယားများက မကြာခဏ အပြောင်းအလဲများဖြစ်ပေါ်နေမှာဖြစ်ပြီး သဘောထားကွဲလွဲသည့် အစီအစဉ်များလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် အခြားသောချစ်ခင်ရသည့် သူငယ်ချင်းများနဲ့ အချိန်ဖြုန်းရန်အတွက် ကိုယ့်ချစ်သူနဲ့ သဘောထားမတိုက်ဆိုင်မှုများ ဖြစ််ပေါ်လာနိုင်ပါတယ်။ ကိုယ်က Single တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ အခြားမည်သူနဲ့မျှ ကိုယ့်ရဲ့ တစ်နှစ်တာကာလဖြစ်သည့် ရက်ပေါင်း (၃၆၅) ရက်ကို ညှိနှိုင်းအပေးအယူလုပ်နေစရာမလိုဘဲ ကိုယ်ချစ်ခင်မြတ်နိုးရသည့် မည်သူနဲ့မဆို အချိန်ဖြုန်းနိုင်မှာလည်းဖြစ်ပါတယ်။
၄။ ပိုက်ဆံစုနိုင်ခြင်း။
Relationship တစ်ခုတည်ဆောက်ရတာက ဈေးတော့သိပ်မပေါလှပါဘူး။ အမြဲတမ်းလိုလို အကုန်ကျခံ Date လုပ်နေရတာဖြစ်ပေမယ့် တကယ်လို့ သင့်ဟာ Single တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့တစ်ကိုယ်ရည်စာအတွက်သာ ပိုက်ဆံရှင်းရမှာဖြစ်ပြီး ပိုက်ဆံတွေ အများအပြား စုဆောင်းမိမှာ သေချာပါတယ်။ ကိုယ့်ရဲ့ အပိုဝင်ငွေများကို စုဆောင်းပြီး အပန်းဖြေခရီးထွက်ခြင်း ဒါမှမဟုတ် ကိုယ်သဘောကျနေတဲ့ ဇိမ်ခံပစ္စည်းများကို ဝယ်ယူခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။
၅။ ကိုယ်နှစ်သက်သလို အချိန်ဖြုန်းနိုင်ခြင်း။
Relationship တစ်ခုက အံ့အားသင့်ဖွယ်ရာ အချိန်ကာလများကို ဖန်တီးပေးနိုင်ပေမယ့် ကိုယ့်ရဲ့အချိန်ကိုလည်း ဝါးမြိုသွားနိုင်ပါတယ်။ Single ဖြစ်နေရတဲ့ ကိုယ့်ရဲ့ဘဝမှာ အားလပ်ချိန်များကို သူငယ်ချင်းများနဲ့ အတူတူ ဂိမ်းဆော့ရင်း ကျေကျေနပ်နပ်ကြီး ကုန်ဆုံးလိုက်ပါ။
၆။ ကိုယ့်ခန္ဓာကိုယ်ကို ထိန်းသိမ်းခြင်း။
Relationship တစ်ခုစတင်တည်ဆောက်ပြီဆိုရင်တော့ ခန္ဓာကိိုယ်အလေးချိန်က တကယ်ကို တက်လာပါတယ်။ ကိုယ်မဟုတ်သည့် အခြားတစ်ယောက်ရဲ့ ပုံစံများနဲ့အထိုင်ကျရန် ကြိုးစားရပြီး အထူးသဖြင့် အအေးလွန်ကဲသည့် ကာလများအတွင်း၌ အစားအသောက် အနေအထိုင်ပုံစံများကိုလည်း ကိုယ့်ရဲ့ပါတနာနဲ့ အဆင်ပြေရန် လိုက်လံပြင်ဆင်နေထိုင်ရပါတယ်။ ကိုယ်က Single တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်အတွက် အချိန်မှန်မှန်လေ့ကျင့်ခန်းများ ပြုလုပ်နေနိုင်မှာလည်း ဖြစ်ပါတယ်။
၇။ အသေးအဖွဲကိစ္စများအတွက် အငြင်းအခုံဖြစ်စရာမလိုခြင်း။
Relationship တိုင်းရဲ့ကြင်စဦးကာလများကတော့ ပျော်စရာအတိဖြစ်နေမှာ အမှန်ပါပဲ။ ဒါပေမယ့် ရေးကြီးခွင်ကျယ်မဟုတ်တဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်မှုတွေကို ရှောင်ရှားဖို့မဖြစ်နိုင်ပါဘူး။ ကိုယ်က Single တစ်ယောက်ဆိုရင်တော့ ဒီလိုအငြင်းပွားမှုများကို ရှောင်ရှားနိုင်မှာဖြစ်ပြီး မည်သည့် နေရာမှာ Date ရမလဲ၊ ဒါမှမဟုတ် TV ၌တစ်ချိန်တည်းလာနေသည့် Show နှစ်ခုအနက် မည်သူကြိုက်နှစ်သက်သည့် Show ကိုကြည့်ရမလဲ စတဲ့ အငြင်းအခုံကိစ္စရပ်များကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ Single တစ်ယောက်က သူ့ရဲ့ နှလုံးသားစေခိုင်းရာအတိုင်း ဆောင်ရွက်နိုင်ပြီး သူစားချင်သည့်ဆိုင်မှာလည်း မည်သူ့အတွက်မှ ငဲ့ကွက်စရာမလိုုဘဲ ညစာစားနိုင်ပါတယ်။
၈။ ဝါသနာအသစ်များကို အကောင်အထည်ဖော်နိုင်ခြင်း။
ကိုယ်က Single တစ်ယောက်ဆိုရင်တော့ ကမ္ဘာကြီးက ကိုယ့်အတွက် လွတ်လပ်စွာပျံသန်းလို့ရမယ့် နေရာတစ်ခုပါပဲ။ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ သင်ခန်းစာအသစ်တွေကိုသင်ယူနိုင်ပြီး Relationship ရှိနေ သူတစ်ယောက်လိုမျိုး ကိုယ့်ကိုကိုယ် လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ထားစရာ မလိုပါဘူး။ မိမိရဲ့ တစ်ကိုယ်ရည်အချိန်ကာလများမှာ ကိုယ်ပိုင်လောကကြီးကို ပိုမိုကျုယ်ပြောလာအောင် ကြိုးစားပြီးဆောင်ရွက်ပါ။
၉။ ကိုယ်နဲ့အလိုက်ဖက်ဆုံးအရာများကို ရှာဖွေနိုင်ခြင်း။
ကိုယ့်ရဲ့ Single ဘဝနေ့ရက်များက ကိုယ့်ကိုကိုယ်ရှာဖွေနိုင်ရန်ဖြစ်ပြီး မည်သည့်အဝတ်အစားဒီဇိုင်းမျိုး နဲ့ လိုက်ဖက်သလဲဆိုတာကို လေ့လာနိုင်ပါတယ်။ မည်သည့်အချိန်တုန်းကမှ ကိုယ်မဆောင်းခဲ့ဖူးတဲ့ ဦးထုပ်ကို ဆောင်းကြည့်ပြီး ကိုယ်နဲ့လိုက်ဖက်မှုရှိမရှိ ဆန်းစစ်နိုင်သလို အခြားမည်သူ တစ်ဦးတစ်ယောက်ကမျှ ကိုယ့်ရဲ့ ဖက်ရှင်ဒီဇိုင်းများကို ကြိုက်နှစ်သက်စရာမလိုဘဲ မိမိရဲ့ ကိုယ်ပိုင်စတိုင်ကို ကိုယ်တိုင်ပြောင်းလဲပစ်နိုင်ပါတယ်။
၁၀။ ကိုယ့်ရဲ့အခန်းကို ကိုယ်တိုင်အလှဆင်နိုင်ခြင်း။
လက်မထပ်ဘဲအတူနေခြင်းဟာ ကိုယ့်အတွက် နောက်ထပ်အလုပ်တစ်ခုပိုတိုးစေပါတယ်။ ပထမဦးဆုံးအနေနဲ့ ကိုယ်နဲ့အကြိုက်မတူတဲ့ ပါတနာဖြစ်ခဲ့မယ်ဆိုရင် သူ့စိတ်ကြိုက်အလှဆင်ထားတဲ့ အခန်းကို လက်ခံနိုင်ရန်က ပထမဆုံးသော အတားအဆီးတစ်ခုလည်းဖြစ်ပါတယ်။ Single တစ်ယောက်အတွက်ကတော့ ကိုယ့်အခန်းကို ကိုယ့်စိတ်ကြိုက် အနုသုခုမမြောက်အောင် အလှဆင်နိုင်ပါတယ်။
<Unicode Version>
၎။ ပိုက်ဆံစုနိုင်ခြင်း။
<Zawgyi Version>
#HM(Soshwe)
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share
About admin
Check Also
၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။
ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro