Breaking News

လီဗာပူးနဲ့ပွဲ၌ ဒဏ်ရာရရှိခဲ့သောကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတွင် ပါဝင်ရန်မသေချာတော့တဲ့ ရပ်ရှ်ဖို့ဒ်

ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားက အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အနေနဲ့ နောက်လာမယ့်ပွဲစဉ်တစ်ပွဲမှာ ပါဝင်နိုင်ရန် မသေချာတော့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အိမ်ကွင်းအိုးထရက်ဖို့ဒ်၌ လီဗာပူးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့သောပွဲတွင် ရပ်ရှ်ဖို့ဒ်ဟာ ပထမပိုင်း၌ပင် ဒဏ်ရာပြဿနာရှိနေခဲ့ပေမယ့် ဟာရဲရား၊ မာတာ၊ လင်ဂတ်တို့သုံးယောက်လုံး ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီးဖြစ်တာကြောင့် ဒဏ်ရာရရှိလျက်နဲ့ပင် ပွဲပြီးဆုံးချိန်အထိ ကစားသွားပေးခဲ့ရတာဖြစ်ပါတယ်။

အဆိုပါပွဲရဲ့ ဒုတိယပိုင်းပွဲကစားချိန်၌လည်း ရပ်ရှ်ဖို့ဒ်အနေနဲ့ လီဗာပူးအသင်းရဲ့ တောင်ပံကစားသမား ရှာကွီရီရဲ့ နောက်ကနေပြစ်ဒဏ်ကျူးလွန်ခြင်းကို ခံခဲ့ရပြီး ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက “တကယ်လို့ သူ(ရပ်ရှ်ဖို့ဒ်) ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာသာ ကစားနိုင်မယ်ဆိုရင် ကျွန်တော် အံ့သြမိမှာပါ။ ပထမပိုင်းမှာတင် ခြေကျင်းဝတ်ဒဏ်ရာသုံးခုရခဲ့ကြတာကို ကျွန်တော် အရင်က မမြင်ဖူးခဲ့ပါဘူး။” ဟူ၍ ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာဟာ ရှာကွီရီရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ဖြစ်ခဲ့ရတယ်လို့ ဆိုးလ်ရှားကဆိုခဲ့ပြီး ပထမပိုင်းမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကိုခံရပြီးတည်းက ဒဏ်ရာရရှိနေတဲ့ ရပ်ရှ်ဖို့ဒ်တစ်ယောက် ဗုဒ္ဓဟူးနေ့၌ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်ရဖို့ သေချာသလောက်ရှိနေပြီလည်းဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro