HomeSportဘရန်ဒန်ရော်ဂျာကို လက်စတာအသင်းအလိုရှိနေပြီလား ? ? ?

ဘရန်ဒန်ရော်ဂျာကို လက်စတာအသင်းအလိုရှိနေပြီလား ? ? ?

- Advertisement -

ဆဲလ်တစ်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘရန်ဒန်ရော်ဂျာကို ခေါ်ယူရန်အတွက် လက်စတာအသင်းက စိတ်ဝင်စားလျက်ရှိနေတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။ လက်စတာအသင်းနည်းပြ ကလော်ဒီဖျူရယ်လ်ဟာ စနေနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်၌ လေးဂိုးတစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးက အထုတ်ပယ်ခံခဲ့ရပါတယ်။ လက်စတာအသင်းဟာ နှစ်သစ်ကူးကာလနောက်ပိုင်း လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ၌ နိုင်ပွဲတစ်ပွဲမှမရရှိခဲ့ဘဲ ယခုအချိန်တွင်မူ နည်းပြအသစ်ကို ရှာဖွေနေပြီလည်းဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ လက်စတာအသင်းဟာ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိတဲ့ အသက် (1209၄၆) နှစ်အရွယ် ဘရန်ဒန်ရော်ဂျာကို စာချုပ်ပါလျော်ကြေး ပေါင် (1209၆) သန်းပေးချေ၍ခေါ်ယူရန် ပြင်ဆင်နေကြောင်းသိရှိရပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ ဆဲလ်တစ်အသင်းကို စကော့တလန်အမှတ်ပေးဖလား သုံးကြိမ်ဆက်ရရှိအောင် ကြိုးစားဆောင်ရွက်ပေးနေပြီး အသင်းနဲ့ စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးတဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

- Advertisement -

လတ်တလောတွင်မူ လက်စတာအသင်းနည်းပြများအဖြစ် မိုက်စတိုဝဲလ်နဲ့ အဒမ်ဆဒ်လာတို့ဟာ အင်္ဂါနေ့၌ ယှဉ်ပြိုင်ကစားမည့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အား တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ပြီး လက်စတာအသင်းအနေနဲ့ အဆိုပါ နည်းပြနှစ်ယောက်ကိုသာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်သွားဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read