Breaking News

ဒုစရိုက်လောကဂိုဏ်းရဲ့ ပိုက်ဆံတွေနဲ့ မူးယစ်ဆေးတွေကို အချိန်ပြည့် စောင့်ကြပ် ကြည့်ရှုပေးနေတဲ့ မိကျောင်းလေး။

El Chapo ဆိုတဲ့ နာမည်ကို သင့်အနေနဲ့ ကြားဖူးချင်ကောင်း ကြားဖူးပါလိမ့်မယ်။ မက္ကဆီကိုမှာ သြဇာအရှိန်အဝါကြီးမားပြီး ဆေးမှောင်ခိုကူးတဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ နာမည်ပဲဖြစ်ပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် El Chapo မှာ အမေရိကန်ထောင်ထဲ၌ ပြစ်မှုပေါင်းမြောက်မြားစွာနဲ့ ပြစ်ဒဏ်ကျခံနေရပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း နာမည်တူ ဒုစရိုက်သမားတစ်ဦး Pennsylvania မှာ ပေါ်ပေါက်လာတယ်ဆိုပြီး သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့် အသစ်ထွက်ပေါ်လာတဲ့ အမည်တူဒုစရိုက်သမားဟာ လူတစ်ယောက်မဟုတ်ဘဲ မိကျောင်းတစ်ကောင်သာဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။

El Chompo လို့ အမည်ပေးထားတဲ့ မိကျောင်းတစ်ကောင်ကို ကိုကင်း၊ ဘိန်းဖြူ၊ ဆေးခြောက်နဲ့ အခြားမူးယစ်ဆေးဝါးတွေနဲ့အတူ ငွေသား ဒေါ်လာ ၅၀၀၀ နဲ့တကွ Pennsylvania ရဲများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို့အပြင် ရဲများက အိမ်ပိုင်ရှင် သုံးယောက်ကို မူးယစ်ဆေးဝါးပုဒ်မတွေနဲ့အတူ တိရစ္ဆာန်လေးများကို အလွဲသုံးစားပြုမူတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။
<Unicode Version>

 

ဒုစရိုက္ေလာကဂိုဏ္းရဲ႕ ပိုက္ဆံေတြနဲ႕ မူးယစ္ေဆးေတြကို အခ်ိန္ျပည့္ ေစာင့္ၾကပ္ ၾကည့္ရႈေပးေနတ့ဲ မိေက်ာင္းေလး။

El Chapo ဆိုတ့ဲ နာမည္ကို သင့္အေနနဲ႕ ၾကားဖူးခ်င္ေကာင္း ၾကားဖူးပါလိမ့္မယ္။ မကၠဆီကိုမွာ ၾသဇာအရွိန္အဝါႀကီးမားၿပီး ေဆးေမွာင္ခိုကူးတ့ဲ ဂိုဏ္းေခါင္းေဆာင္ရဲ႕ နာမည္ပဲျဖစ္ပါတယ္။

အသက္ ၆၁ ႏွစ္အရြယ္ရွိၿပီျဖစ္တ့ဲ မူးယစ္ဂိုဏ္းေခါင္းေဆာင္ El Chapo မွာ အေမရိကန္ေထာင္ထဲ၌ ျပစ္မႈေပါင္းေျမာက္ျမားစြာနဲ႕ ျပစ္ဒဏ္က်ခံေနရၿပီျဖစ္ပါတယ္။ သို႕ေပမယ့္လည္း နာမည္တူ ဒုစရိုက္သမားတစ္ဦး Pennsylvania မွာ ေပၚေပါက္လာတယ္ဆိုၿပီး သတင္းမ်ား ထြက္ေပၚလာခ့ဲပါတယ္။ ကံေကာင္းေထာက္မစြာျဖင့္ အသစ္ထြက္ေပၚလာတ့ဲ အမည္တူဒုစရိုက္သမားဟာ လူတစ္ေယာက္မဟုတ္ဘဲ မိေက်ာင္းတစ္ေကာင္သာျဖစ္တယ္ဆိုတာကို သိရွိခ့ဲရပါတယ္။

El Chompo လို႕ အမည္ေပးထားတ့ဲ မိေက်ာင္းတစ္ေကာင္ကို ကိုကင္း၊ ဘိန္းျဖဴ၊ ေဆးေျခာက္နဲ႕ အျခားမူးယစ္ေဆးဝါးေတြနဲ႕အတူ ေငြသား ေဒၚလာ ၅၀၀၀ နဲ႕တကြ Pennsylvania ရဲမ်ားက ရွာေဖြေတြ႕ရွိခ့ဲပါတယ္။ ထို႕အျပင္ ရဲမ်ားက အိမ္ပိုင္ရွင္ သုံးေယာက္ကို မူးယစ္ေဆးဝါးပုဒ္မေတြနဲ႕အတူ တိရစာၦန္ေလးမ်ားကို အလြဲသုံးစားျပဳမူတ့ဲ ပုဒ္မေတြနဲ႕ စြဲခ်က္တင္ခ့ဲပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

စပါးအုံ၊ ခွေးအနဲ့ ခွေးတူဝက်တူတို့ရဲ့ သုံးပွင့်ဆိုင်တိုက်ပွဲ။

ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ Roselyne Kerjosse သည် ပြီးခဲ့သည့်လအချို့က ဘော့ဆွာနာနိုင်ငံရှိ Chobe ဥယျာဉ်သို့ သွားရောက်လည်ပတ်ရင်း တိရိစ္ဆာန်များကြားမှ သဘာဝတိုက်ပွဲတစ်ခုကို ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ Kerjosse ရိုက်ကူးထားသည့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro