Breaking News
ကမ္ဘာကျော် စူပါမော်ဒယ်တွေရဲ့ ချမ်းသာကြွယ်ဝမှုများ။
ကမ္ဘာ့ထိပ်တန်းမော်ဒယ်တွေဟာ ကြော်ငြာပိုစတာမျာရိုက်ကူးခြင်း၊ ဖက်ရှင်ဒီဇိုင်းများ ကြော်ငြာပေးခြင်းနဲ့ ကုန်ပစ္စည်းတွေရဲ့ Brand Ambassador တွေအဖြစ် ရပ်တည်ကာ ဝင်ငွေများ ရရှိနေကြပါတယ်။ အခုဆက်လက်ပြီး Soshwe ပရိသတ်ကြီးအတွက် ကမ္ဘာ့ထိပ်တန်းမော်ဒယ်တစ်ချို့ရဲ့ ဝင်ငွေတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Gigi Hadid
Gigi ကတော့ Victoria Secret မော်ဒယ်တစ်ယောက်ဖြစ်ပြီး သူမရဲ့ Net Worth မှာ ဒေါ်လာ ၂၉ သန်းအထိ ရှိပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ထိပ်တန်းမော်ဒယ်တစ်ယောက် ဖြစ်လာပြီး အသက် ၂၆ နှစ်သာ ရှိသေးသူတစ်ယောက်အတွက် ကောင်းမွန်တဲ့ ဝင်ငွေပမဏလည်းဖြစ်ပါတယ်။
၂။ Karlie Kloss
Adidas ၊ Express နဲ့ Swarovski Brand တို့ရဲ့ ပင်တိုင်မော်ဒယ်တစ်ဦးဖြစ်ပြီး သူမရဲ့ Net Worth မှာ ဒေါ်လာ သန်း ၄၀ အထိ ရှိပါတယ်။
၃။ Linda Evangelista
ကနေဒါနိုင်ငံသူမော်ဒယ် Linda ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်အတွင်းမှာ ဝင်ငွေ ၂၅ သန်းအထိ ရရှိတဲ့အထိ အထင်ကြီးဖို့ကောင်းလောက်အောင် ရှာဖွေနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် အောက်တိုဘာက ထုတ်ဝေခဲ့တဲ့ Vogue Magazine တွင် Linda မှ “ စူပါမော်ဒယ်တွေဆိုတာ အနည်းဆုံး တစ်နေ့ကို ဒေါ်လာ ၁၀၀၀၀ မှမရရင် အလုပ်မလုပ်ဘူး . . . ” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
၄။ Chrissy Teigen
စူပါမော်ဒယ်လည်းဖြစ်သလို အစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ Chrissy မှ သူမရဲ့ အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းမှ ဝင်ငွေဒေါ်လာ ၇၅ သန်းအထိ ရရှိနေပါတယ်။
၅။ Rosie Huntington-Whiteley
အသက် ၁၆ နှစ်အရွယ်မှစတင်ပြီးတော့ Levi ကြော်ငြာကနေ သူမရဲ့ မော်ဒယ်ဘဝကို စတင်ခဲ့တဲ့ ဗြိတိန်သူ Rosie ဟာ ဝင်ငွေ ဒေါ်လာ သန်း ၃၀ ကျော်အထိ ရရှိ်ိနေပါတယ်။
၆။ Doutzen Kroes
Victoria Secret ရဲ့ မော်ဒယ်ဖြစ်သူ Doutzen Kroes မှာ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေအများဆုံးရရှိတဲ့ မော်ဒယ်တွေရဲ့ နံပါတ် (၁၀) နေရာမှာ ရပ်တည်ခဲ့ပြီး သူမရဲ့ ဝင်ငွေမှာ ဒေါ်လာ ၃၅ သန်းအထိ ရှိပါတယ်။
၇။ Liu Wen
ကမ္ဘာ့ပထမဆုံး ငွေကြေးအမြောက်အမြားပေးရတဲ့ အာရှမှ စူပါမော်ဒယ်အဖြစ် Forbes Magazine မှ သတ်မှတ်ခဲ့ပြီး သူမရဲ့ဝင်ငွေမှာ ဒေါ်လာ ၇ သန်းအထိ ရှိပါတယ်။
၈။ Miranda Kerr
Snapchat ကို တည်ထောင်သူ Evan Spiegel ကို လက်ထပ်ထားတဲ့ Miranda Kerr ဟာ ဒေါ်လာ သန်း ၅၀ အထိ ဝင်ငွေရှိပါတယ်။
၉။ Alessandra Ambrosio
ဘရာဇီးအလှမယ်ဖြစ်သူ Alessandra Ambrosio ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက မော်ဒယ်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သူမရဲ့ဝင်ငွေမှာ ဒေါ်လာ သန်း ၈၀ အထိ ရှိပါတယ်။
၁၀။ Kendall Jenner
“ Keeping Up With the Kardashians ” အစီအစဉ်ရဲ့ စတားတစ်ယောက်ဖြစ်သူ Kendall Jenner မှာ Kardashians မိသားစုထဲတွင် စူပါမော်ဒယ်တစ်ဦးဖြစ်ပြီး ဒေါ်လာ ၄၅ သန်းအထိ ဝင်ငွေရရှိနေပါတယ်။
၁၁။ Adriana Lima
၂၀၀၀ ခုနှစ်ကတည်းက Victoria Secret မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ Adriana ဟာ ဒေါ်လာ ၉၅ သန်းအထိ ဝင်ငွေရရှိနေပါတယ်။
၁၂။ Kate Moss
Gucci ၊ Kelvin Klein ၊ Chanel နဲ့ Bvlgari တို့ရဲ့ ပင်တိုင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Kate Moss ဟာ ဝင်ငွေဒေါ်လာ သန်း ၇၀ ကျော် ရရှိနေတဲ့ စူပါမော်ဒယ်တစ်ဦးဖြစ်ပါတယ်။
၁၃။ Tyra Banks
အားလုံးရဲ့ ထိပ်ဆုံးမှာ ရပ်တည်ချင်ပါသလား ? ? ? “ The America Next Top Model ” ကို စတင်တည်ထောင်သူနဲ့ စီးပွားရေးလုပ်ငန်းရှင် စူပါမော်ဒယ် Tyra Banks ဟာ သူမရဲ့ အလုပ်အကိုင်အမျိုးမျိုးကနေ ဝင်ငွေဒေါ်လာ သန်း ၉၀ ကျော် ရရှိနေပါတယ်။
၁၄။ Heidi Klum
“ American Got Talent ” အစီအစဉ်ရဲ့ စီစဉ်တင်ဆက်သူလည်းဖြစ်သလို စူပါမော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ Heidi ဟာ ဂျာမနီနိုင်ငံသူတစ်ယောက်ဖြစ်ပြီး ဝင်ငွေဒေါ်လာ သန်း ၁၆၀ အထိ ရရှိနေပါတယ်။
၁၅။ Gisele Bundchen
စူပါမော်ဒယ် Gisele ဟာ မော်ဒယ်ရှိုးလျှောက်ရာကနေ ၂၀၁၅ ခုနှစ်ကတည်းက အနားယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ဝင်ငွေဒေါ်လာ သန်း ၄၀၀ အထိ ရရှိနေသူတစ်ဦး ဖြစ်ပါတယ်။
<Unicode Version>
၁။       Gigi Hadid
၂။       Karlie Kloss
၃။       Linda Evangelista
၎။       Chrissy Teigen
အသက် ၁၆ နှစ်အရွယ်မှစတင်ပြီးတော့ Levi ကြော်ငြာကနေ သူမရဲ့ မော်ဒယ်ဘဝကို စတင်ခဲ့တဲ့ ဗြိတိန်သူ Rosie ဟာ ဝင်ငွေ ဒေါ်လာ သန်း ၃၀ ကျော်အထိ ရရှိိနေပါတယ်။
၆။       Doutzen Kroes
၇။       Liu Wen
၈။       Miranda Kerr
၉။       Alessandra Ambrosio
၁၀။     Kendall Jenner
၁၁။     Adriana Lima
၁၂။     Kate Moss
၁၃။     Tyra Banks
၁၄။     Heidi Klum
၁၅။     Gisele Bundchen
<Zawgyi Version>
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share
About admin
Check Also
ဘယ်ဘက်ဖြင့် လုံးဝမပြုလုပ်သင့်သည့်အရာများ။
၁။ ထမင်းဝိုင်း။ ကောင်းမွန်သည့် ထမင်းဝိုင်း၌ အစားအသောက်၊ သောက်ရေတို့နဲ့ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာရန်လိုအပ်ပါတယ်။ ထမင်းဝိုင်းမှ ဟင်းပန်းကန်များကို တူညီသည့်ဘက်တစ်ခုတည်းကိုသာ ပေးသင့်သည်ဟုဆိုကြပြီး “ဘယ်ဘက်ကိုပေးလိုက်။” ဟု …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro