Breaking News

ပထမဆုံး Marvel ရုပ်ရှင်ထုတ်လုပ်ရေးကနေ Oscar ဆုတွေရရှိခဲ့တဲ့ Black Panther

Black Panther ရုပ်ရှင်ဇာတ်ကားဟာ သမိုင်းတွင်မယ့် ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တယ်ဆိုတာ အခုရရှိခဲ့တဲ့ အော်စကာဆုတွေနဲ့အတူ သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် Box Office မှာလည်း စံချိန်တစ်ခုတင်နိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အခုလိုမျိုး Black Panther ရုပ်ရှင်ဇာတ်ကား  အော်စကာဆုတွေ ရရှိခဲ့တယ်ဆိုတာ Marvel ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ Ruth E.Carter မှ Best Costume Design ဆုကို ရရှိခဲ့ပြီး ဒုတိယအနေနဲ့ Hannah Beachler မှ Best Production Design ဆုကို ရရှိခဲ့ပါတယ်။ Marvel Studio မှ ရိုက်ကူးတင်ဆက်ခဲ့တဲ့ Doctor Strange နဲ့ Guardians of the Galaxy တို့ဟာ  အော်စကာဆန်ကာတင်ဆုစာရင်းထဲမှာ ပါဝင်ခဲ့ဖူးသော်လည်း ဆုရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ Carter နဲ့ Beachler တို့ရဲ့ အော်စကာဆုရရှိခဲ့ခြင်းဟာ Marvel ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ထူးခြားပြောင်မြောက်တဲ့ အမှတ်ရစရာ ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ Carter ဆိုရင်လည်း Best Costume Design ဆုကို ရရှိခဲ့တဲ့ ပထမဦးဆုံး လူမည်းအမျိုးသမီးပဲ ဖြစ်ပါတယ်။ အလားတူု Beachler ဟာလည်း သူမရရှိခဲ့တဲ့ အော်စကာဆု Category မှာ ပထမဦးဆုံး ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ လူမည်းအမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။

 

#ST(1209Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ကြည့်ရှုသူပရိသတ်တွေရဲ့ မျှော်မှန်းချက်အတိုင်း မဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ။

ရုပ်ရှင်ကြည့်ပရိသတ်တွေဟာဆိုရင် ရုပ်ရှင်တစ်ကားမထွက်လာခင် ထိုဇာတ်ကားရဲ့Trailer ကို ကြည့်ပြီးတဲ့နောက်မှာပဲ ဇာတ်လမ်းတစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်မျှော်လင့်ချက်လေးတွေ ထားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ကားလုံး လူထုရှေ့ရောက်လာတဲ့အခါမှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro