တကယ်လို့သင့်အနေနဲ့ အခြားနိုင်ငံများသို့ သွားရောက်လည်ပတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ နိုင်ငံတွေနဲ့အတူ အဓိက ရှောင်ရှားရမယ့် အချက်လေးတွေကိုပါ တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။
၁။ ဘောက်ဆူးပေးလို့မရတဲ့ ဂျပန်။
ဂျပန်နိုင်ငံရဲ့ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေဟာဆိုရင် ဝန်ဆောင်မှုအပိုင်း ပြောစရာမလိုလောက်အောင် အလွန်ကောင်းမွန်လှပါတယ်။ ဒါပေမယ့် ထိုဝန်ဆောင်မှုအတွက် ဘောက်ဆူးပေးခြင်း၊ အပိုငွေပေးခြင်းမျိုးကိုတော့ ဂျပန်လူမျိုးတွေဟာ ကြိုက်နှစ်သက်ခြင်းမရှိဘဲ အရှက်ခွဲတယ်လို့ သတ်မှတ်ထားကြပါတယ်။
၂။ သူစိမ်းတွေကို ပြုံးပြလို့မရတဲ့ ရုရှား။
ရုရှားလူမျိုးတွေအတွက် ပြုံးပြတယ်ဆိုတာဟာ ခင်မင်ရင်းနှီးသူတွေအချင်းချင်းသာ ပြုလုပ်လေ့ရှိပြီး တကယ်လို့ သူစိမ်းတစ်ယောက်အနေနဲ့ ပြုံးပြမယ်ဆိုရင် ရိုးသားမှုမရှိသူတစ်ယောက်အဖြစ် သတ်မှတ်ကြပါလိမ့်မယ်။
၃။ ဘယ်ဖက်လက်ကို အသုံးပြုလို့မရတဲ့ အိန္ဒိယ။
အိန္ဒိယလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာအရ သန့်ရှင်းမှုမရှိတဲ့၊ မကောင်းတဲ့ ကိစ္စရပ်တွေ ပြုလုပ်တဲ့အခါမျိုးတွေမှသာ ဘယ်ဖက်လက်ကို အသုံးပြုကြခြင်းဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို နှုတ်ဆက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ပိုက်ဆံပေးတဲ့အခါမျိုး၊ စားသောက်တဲ့အခါမျိုးတွေမှာဆိုရင်တော့ ညာဖက်လက်ကို အသုံးပြုသင့်ပါတယ်။
၄။ ပန်းကန်ပြောင်ရှင်းသွားအောင် စားသောက်လို့မရတဲ့ တရုတ်။
တရုတ်နိုင်ငံမှာ ပန်းကန်ပြောင်ရှင်းနေအောင် စားသုံးခြင်းက လူအထင်သေးတာကို ခံရနိုင်ပြီး ရိုင်းပျတဲ့ ကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။
၅။ ကားဟွန်းတီးတာကို ပိတ်ပင်ထားတဲ့ နော်ဝေ။
အလွန့် အလွန် အရေးကြီးတဲ့ ကိစ္စရပ်တွေ ကြုံကြိုက်တဲ့အခါမျိုးတွေမှသာ ကားဟွန်းတီးတာကို ခွင့်ပြုထားပါတယ်။
၆။ နှုတ်ဆက်ဖို့အတွက် မမေ့သင့်တဲ့ ပြင်သစ်။
ပြင်သစ်နိုင်ငံမှာဆိုရင် သင့်အနေနဲ့ ဘယ်နေရာသွားသွား၊ ဘာပစ္စည်းပဲဝယ်ဝယ်၊ သိတဲ့လူဖြစ်စေ၊ မသိတဲ့လူဖြစ်စေ “ Bonjour madame, monsieur ” “ Hello ” စသဖြင့် ပထမဦးဆုံး နှုတ်ဆက်ရပါမယ်။ အဲ့လိုမှမဟုတ်ရင်တော့ သင့်ကို ယဉ်ကျေးမှု နားမလည်တဲ့သူတစ်ယောက်ကဲ့သို့ အထင်အမြင် သေးခြင်းကို ခံရပါလိမ့်မယ်။
၇။ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး စကားပြောလို့မရတဲ့ ဂျာမနီ။
အလွန်ရိုင်းပျတဲ့ အပြုအမူတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ အစာစားသုံးနေစဉ်အခါမှာလည်း လက်တွေကို စားပွဲပေါ်တင်ပြီး စားသုံးခြင်းကလည်း ဓလေ့ထုံးစံနဲ့ ကိုက်ညီပါတယ်။
၈။ လက်ဆောင်ပစ္စည်းကို ချက်ချင်းဖွင့်ကြည့်လို့မရတဲ့ အိန္ဒိယ။
အမေရိကန်နိုင်ငံမှာလည်း အခုလိုကိစ္စရပ်ကို သဘောကျလေ့မရှိပါဘူး။ တကယ်လို့ သင့်ရဲ့ သူဌေးက သင့်ကို အမှတ်တရလက်ဆောင်တစ်ခုခု ပေးခဲ့မယ်ဆိုရင် သင့်အနေနဲ့ ချက်ချင်းဖွင့်ကြည့်သင့်သလား ? ? ? ဒါမှမဟုတ် စောင့်နေသင့်သလား ? ? ? တကယ်လို့ အိန္ဒိယမှာဆိုရင်တော့ သင်ရရှိတဲ့ လက်ဆောင်ပစ္စည်းကို ချက်ချင်းဖွင့်ကြည့်ခဲ့မယ်ဆိုရင် သင့်ကို လောကကြီးတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ကြပါလိမ့်မယ်။
၉။ လူမြင်ကွင်းမှာ နှပ်ချေးညှစ်လို့မရတဲ့ ပြင်သစ်။
မနှစ်မြို့ဖွယ်ကောင်းတဲ့အပြုအမူအဖြစ် သတ်မှတ်ထားပါတယ်။ တကယ်လို့ သင့်အနေနဲ့ နှပ်ချေးညှစ်ချင်တယ်ဆိုရင် သန့်စင်ခန်းပဲဖြစ်ဖြစ်၊ လူရှင်းတဲ့နေရာမှာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
<Unicode Version>
အခြားနိုင်ငံများသို့ သွားရောက်လည်ပတ်တဲ့အခါမျိုးတွေမှာ ရှောင်ရှားသင့်သောအချက်များ။
<Zawgyi Version>
#ST(Soshwe)
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share