Breaking News
947303506 Doctor collecting samples while a volunteer gives blood

သွေးလှူခါနီး သိထားသင့်တဲ့အချက်များ။

သွေးလှူတယ်ဆိုတာဟာ လူတိုင်းပြုလုပ်နိုင်တဲ့ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ တကယ်လို့ သင့်အနေနဲ့ သွေးလှူတော့မယ်လို့ စဉ်းစားဆုံးဖြတ်ထားတယ်ဆိုရင် အောက်ပါအချက်များကို အရင်ဖတ်ရှုလေ့လာပြီး လှူသင့်၊ မလှူသင့် စဉ်းစားဆုံးဖြတ်ရပါမယ်။

 

၁။ နေ့စဉ်ဆေးမှီဝဲနေရခြင်း။

တကယ်လို့သင်ဟာ နာတာရှည်ရောဂါတစ်ခုခုကြောင့် နေ့စဉ်ဆေးမှီဝဲနေရသူတစ်ယောက်ဆိုရင် သွေးလှူဖို့အတွက် မသင့်တော်ပါဘူး။ “ တကယ်လို့ သင်ဟာ ဖျားနာလို့ ဆေးမှီဝဲနေရသူတစ်ယောက်ဆိုရင် သွေးလှူဖို့အတွက် မသင့်တော်ပါဘူး။ ရောဂါပျောက်ကင်းပြီး ပြန်လည်ကျန်းမာလာတဲ့အချိန်ထိ စောင့်ဆိုင်းပြီးမှသာ သွေးလှူသင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးမှီဝဲထားသူဆိုရင်လည်း နောက်ဆုံးအကြိမ် ဆေးသောက်ပြီးတာနဲ့ နှစ်ရက်တိတိ စောင့်ဆိုင်းပြီးမှသာ သွေးလှူသင့်ပါတယ် . . . ” ဆိုပြီး Dr. John R, Hackett က ပြောကြားခဲ့ပါတယ်။

 

၂။ လောလောလတ်လတ် ရောဂါကာကွယ်ဆေးထိုးထားခြင်း။

ဖျားနာလို့ပဲဖြစ်ဖြစ်၊ မေးခိုင်ကာကွယ်ဆေးပဲဖြစ်ဖြစ် လောလောလတ်လတ် ထိုးထားသူတစ်ယောက်ဆိုရင် သွေးမလှူသင့်ပါဘူး။ ဆေးကုမ္ပဏီတစ်ခုရဲ့့ ဒါရိုက်တာဖြစ်သူ Thomas ရဲ့ ပြောကြားချက်အရ တစ်ချို့ထိုးဆေးတွေဟာ ကူးစက်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ်။ ထိုလူတွေလည်းပဲ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းပြီးမှသာ သွေးလှူသင့်ကြောင်းကိုလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 

၃။ မတူညီတဲ့ နေရာအမျိုးမျိုးမှာ Tattoo ထိုးထားခြင်း။

Tattoo ထိုးရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ်တွေနဲ့ မှင်ရည်တွေကလည်း သန့်ရှင်းဖို့လိုအပ်ပါတယ်။ Dr. Heckett ရဲ့ ရှင်းပြချက်အရ Tattoo ထိုးထားတဲ့လူတစ်ယောက်ဟာ သွေးလှူမယ်ဆိုရင်တော့ အနည်းဆုံး အချိန် တစ်နှစ်ထိစောင့်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ဝင်ရောက်နိုင်လို့ပဲ ဖြစ်ပါတယ်။

 

၄။ HIV ရောဂါပိုးရှိသူများ။

HIV နဲ့ အလားတူ ရောဂါပိုးမွှားတွေဟာ သွေးထဲကနေတစ်ဆင့် အလွယ်တကူ ဖြတ်သန်းဝင်ရောက်နိုင်လို့ပဲဖြစ်ပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်ဟာ HIV ရောဂါ ခံစားနေရသူဆိုရင် သွေးလှူလို့မရပါဘူး။ Dr. Ahsan Ali ရဲ့ ရှင်းပြချက်အရ တစ်ချို့သော အသည်းနဲ့ ပက်သက်တဲ့ ရောဂါဝေဒနာတွေဟာ ကုသလို့မရနိုင်သလို နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေ၊ အသည်းကြွေခြင်း၊ အသည်းကင်ဆာစတဲ့ရောဂါဝေဒနာခံစားနေရသူတွေအနေနဲ့လည်း သွေးလှူဖို့ မသင့်လျော်ပါဘူး။

 

၅။ ခန္ဓာကိုယ်အလေးချိန် ကျဆင်းနေခြင်း။

တကယ်လို့ သင့်ရဲ့ကိုယ်အလေးချိန်ဟာ ပေါင် ၁၁၀ အောက် လျော့နည်းနေမယ်ဆိုရင် သွေးလှူဖို့ လုံးဝ မသင့်လျော်ပါဘူး။ “ ကိုယ်အလေးချိန် လျော့နည်းနေတယ်ဆိုတာဟာ ကိုယ်တွင်း သွေးပမာဏကိုလည် လျော့နည်းစေပါတယ်။ ထိုအခြေအနေမျိုးမှာ သွေးလှူမယ်ဆိုရင်တော့ လိုအပ်တဲ့ သွေးပမာဏကို မရနိုင်တဲ့အပြင် စွမ်းအင်တွေကိုလည်း လျော့နည်းစေပါတယ်. . . ” ဆိုပြီး Dr. Lev Kalika မှ ရှင်းပြခဲ့ပါတယ်။

 

၆။ သံဓာတ်မြင့်မားလွန်း၍သော်လည်းကောင်း၊ နည်းနေလွန်း၍သော်လည်းကောင်း။

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်မှာဆိုရင် သံဓာတ် 12.5 g/dl နဲ့ အမျိုးသားတစ်ယောက်မှာဆိုရင် 13.0 g/dl ရှိသင့်ပါတယ်။ တကယ်လို့ အဲ့ဒီပမာဏထက် လျော့နည်းနေပါက သွေးလှူဖို့အတွက် မသင့်လျော်ပါဘူး။ အဲ့ဒါကြောင့် သွေးကို ထပ်ခါတလဲလဲ လှူဒါန်းနေကြသူတွေဟာ သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို များများစားသုံးပေးဖို့ လိုအပ်သလို သံဓာတ်ကိုလည်း ထိန်းထားပေးနိုင်ဖို့ အရေးကြီးပါတယ်။ သံဓာတ်များနေရင်လည်းပဲ သွေးလှူဖို့ မသင့်လျော်ပါဘူး။

 

၇။ လိင်တူဆက်ဆံကြတဲ့ အမျိုးသားများ။

တကယ်လို့ လိင်တူဆက်ဆံထားတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ သွေးလှူဖို့ဆုံးဖြတ်ချက်ချထားတယ်ဆိုရင် နောက်ဆုံးအကြိ်မ် လိင်ဆက်ဆံထားတဲ့အချိန်ကနေ တစ်နှစ်ပြည့်ပြီးနောက်ပိုင်းမှသာ သွေးလှူနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေ သွေးထဲမှာ ပါဝင်နိုင်သေးလို့ပဲဖြစ်ပါတယ်။

 

၈။ ကိုယ်ဝန်ဆောင်မိခင်များ။

ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်လွယ်ထားရစဉ်ကာလအတွင်းမှာ ခန္ဓာကိုယ်တွင်းမှ သွေးဆုံးရှုံးမှု အများဆုံးဖြစ်တဲ့အတွက်ကြောင့် သွေးလှူဖို့အတွက် မဖြစ်နိုင်ပါဘူး။

<Unicode Version>

 

 

 

ေသြးလွဴခါနီး သိထားသင့္တ့ဲအခ်က္မ်ား။

ေသြးလွဴတယ္ဆိုတာဟာ လူတိုင္းျပဳလုပ္ႏိုင္တ့ဲ ကိစၥရပ္တစ္ခုမဟုတ္ပါဘူး။ တကယ္လို႕ သင့္အေနနဲ႕ ေသြးလွဴေတာ့မယ္လို႕ စဥ္းစားဆုံးျဖတ္ထားတယ္ဆိုရင္ ေအာက္ပါအခ်က္မ်ားကို အရင္ဖတ္ရႈေလ့လာၿပီး လွဴသင့္၊ မလွဴသင့္ စဥ္းစားဆုံးျဖတ္ရပါမယ္။

 

၁။       ေန႕စဥ္ေဆးမွီဝဲေနရျခင္း။

တကယ္လို႕သင္ဟာ နာတာရွည္ေရာဂါတစ္ခုခုေၾကာင့္ ေန႕စဥ္ေဆးမွီဝဲေနရသူတစ္ေယာက္ဆိုရင္  ေသြးလွဴဖို႕အတြက္ မသင့္ေတာ္ပါဘူး။ “ တကယ္လို႕ သင္ဟာ ဖ်ားနာလို႕  ေဆးမွီဝဲေနရသူတစ္ေယာက္ဆုိရင္  ေသြးလွဴဖို႕အတြက္ မသင့္ေတာ္ပါဘူး။  ေရာဂါေပ်ာက္ကင္းၿပီး ျပန္လည္က်န္းမာလာတ့ဲအခ်ိန္ထိ  ေစာင့္ဆိုင္းၿပီးမွသာ ေသြးလွဴသင့္ပါတယ္။ အကိုက္အခဲေပ်ာက္ေဆးမွီဝဲထားသူဆိုရင္လည္း  ေနာက္ဆုံးအႀကိမ္ ေဆးေသာက္ၿပီးတာနဲ႕  ႏွစ္ရက္တိတိ  ေစာင့္ဆိုင္းၿပီးမွသာ  ေသြးလွဴသင့္ပါတယ္ . . . ” ဆိုၿပီး Dr. John R, Hackett က ေျပာၾကားခ့ဲပါတယ္။

 

၂။       ေလာေလာလတ္လတ္ ေရာဂါကာကြယ္ေဆးထိုးထားျခင္း။

ဖ်ားနာလို႕ပဲျဖစ္ျဖစ္၊ ေမးခိုင္ကာကြယ္ေဆးပဲျဖစ္ျဖစ္ ေလာေလာလတ္လတ္ ထိုးထားသူတစ္ေယာက္ဆိုရင္ ေသြးမလွဴသင့္ပါဘူး။ ေဆးကုမၸဏီတစ္ခုရဲ႕႔ ဒါရိုက္တာျဖစ္သူ Thomas ရဲ႕ ေျပာၾကားခ်က္အရ တစ္ခ်ဳိ႕ထိုးေဆးေတြဟာ ကူးစက္ႏိုင္တ့ဲအတြက္ေၾကာင့္ျဖစ္တယ္လို႕ သိရွိရပါတယ္။ ထိုလူေတြလည္းပဲ အခ်ိန္ကာလတစ္ခုအထိ ေစာင့္ဆိုင္းၿပီးမွသာ ေသြးလွဴသင့္ေၾကာင္းကိုလည္း ထပ္ေလာင္းေျပာဆိုခ့ဲပါတယ္။

 

၃။       မတူညီတ့ဲ ေနရာအမ်ိဳးမ်ိဳးမွာ Tattoo ထိုးထားျခင္း။

Tattoo ထိုးရာမွာ အသုံးျပဳတ့ဲ ေဆးထိုးအပ္ေတြနဲ႕ မွင္ရည္ေတြကလည္း သန္႕ရွင္းဖို႕လိုအပ္ပါတယ္။ Dr. Heckett ရဲ႕ ရွင္းျပခ်က္အရ Tattoo ထိုးထားတ့ဲလူတစ္ေယာက္ဟာ ေသြးလွဴမယ္ဆိုရင္ေတာ့ အနည္းဆုံး အခ်ိန္ တစ္ႏွစ္ထိေစာင့္ဖို႕လိုအပ္ပါတယ္။ ဘာလို႕လဲဆိုေတာ့ ေရာဂါပိုးေတြ အလြယ္တကူ ကူးစက္ဝင္ေရာက္ႏိုင္လို႕ပဲ ျဖစ္ပါတယ္။

 

၄။       HIV ေရာဂါပိုးရွိသူမ်ား။

HIV နဲ႕ အလားတူ ေရာဂါပိုးမႊားေတြဟာ ေသြးထဲကေနတစ္ဆင့္ အလြယ္တကူ ျဖတ္သန္းဝင္ေရာက္ႏိုင္လို႕ပဲျဖစ္ပါတယ္။ တကယ္လို႕ တစ္စုံတစ္ေယာက္ဟာ HIV ေရာဂါ ခံစားေနရသူဆိုရင္ ေသြးလွဴလို႕မရပါဘူး။ Dr. Ahsan Ali ရဲ႕ ရွင္းျပခ်က္အရ တစ္ခ်ိဳ႕ေသာ အသည္းနဲ႕ ပက္သက္တ့ဲ ေရာဂါေဝဒနာေတြဟာ ကုသလို႕မရႏိုင္သလို ႏွလုံးနဲ႕ပက္သက္တ့ဲ ေရာဂါေတြ၊ အသည္းေၾကြျခင္း၊ အသည္းကင္ဆာစတ့ဲေရာဂါေဝဒနာခံစားေနရသူေတြအေနနဲ႕လည္း ေသြးလွဴဖို႕ မသင့္ေလ်ာ္ပါဘူး။

 

၅။       ခႏၶာကိုယ္အေလးခ်ိန္ က်ဆင္းေနျခင္း။

တကယ္လို႕ သင့္ရဲ႕ကိုယ္အေလးခ်ိန္ဟာ ေပါင္ ၁၁၀ ေအာက္ ေလ်ာ့နည္းေနမယ္ဆိုရင္ ေသြးလွဴဖို႕ လုံးဝ မသင့္ေလ်ာ္ပါဘူး။ “ ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းေနတယ္ဆိုတာဟာ ကိုယ္တြင္း ေသြးပမာဏကိုလည္  ေလ်ာ့နည္းေစပါတယ္။ ထိုအေျခအေနမ်ိဳးမွာ ေသြးလွဴမယ္ဆိုရင္ေတာ့ လိုအပ္တ့ဲ ေသြးပမာဏကို မရႏိုင္တ့ဲအျပင္ စြမ္းအင္ေတြကိုလည္း ေလ်ာ႕နည္းေစပါတယ္. . .  ” ဆိုၿပီး Dr. Lev Kalika မွ ရွင္းျပခ့ဲပါတယ္။

 

၆။       သံဓာတ္ျမင့္မားလြန္း၍ေသာ္လည္းေကာင္း၊ နည္းေနလြန္း၍ေသာ္လည္းေကာင္း။

ပုံမွန္အားျဖင့္ အမ်ိဳးသမီးတစ္ေယာက္မွာဆိုရင္ သံဓာတ္ 12.5 g/dl နဲ႕ အမ်ိဳးသားတစ္ေယာက္မွာဆိုရင္  13.0 g/dl ရွိသင့္ပါတယ္။ တကယ္လို႕ အ့ဲဒီပမာဏထက္  ေလ်ာ႔နည္းေနပါက  ေသြးလွဴဖို႕အတြက္ မသင့္ေလ်ာ္ပါဘူး။ အ့ဲဒါေၾကာင့္ ေသြးကို ထပ္ခါတလဲလဲ လွဴဒါန္းေနၾကသူေတြဟာ သံဓာတ္ႀကြယ္ဝစြာပါဝင္တ့ဲ အစားအစာေတြကို မ်ားမ်ားစားသုံးေပးဖို႕ လိုအပ္သလို သံဓာတ္ကိုလည္း ထိန္းထားေပးႏိုင္ဖို႕ အေရးႀကီးပါတယ္။ သံဓာတ္မ်ားေနရင္လည္းပဲ ေသြးလွဴဖို႕ မသင့္ေလ်ာ္ပါဘူး။

 

၇။       လိင္တူဆက္ဆံၾကတ့ဲ အမ်ိဳးသားမ်ား။

တကယ္လို႕ လိင္တူဆက္ဆံထားတ့ဲ အမ်ိဳးသားတစ္ေယာက္အေနနဲ႕  ေသြးလွဴဖို႕ဆုံးျဖတ္ခ်က္ခ်ထားတယ္ဆိုရင္ ေနာက္ဆုံးအႀကိ္မ္ လိင္ဆက္ဆံထားတ့ဲအခ်ိန္ကေန တစ္ႏွစ္ျပည့္ၿပီးေနာက္ပိုင္းမွသာ ေသြးလွဴႏိုင္မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လိင္မွတစ္ဆင့္ ကူးစက္ႏိုင္တ့ဲ ေရာဂါပိုးမႊားေတြ ေသြးထဲမွာ ပါဝင္ႏိုင္ေသးလို႕ပဲျဖစ္ပါတယ္။

 

၈။       ကိုယ္ဝန္ေဆာင္မိခင္မ်ား။

ကိုယ္ဝန္ေဆာင္ထားရတ့ဲ အမ်ိဳးသမီးေတြအေနနဲ႕ ကိုယ္ဝန္လြယ္ထားရစဥ္ကာလအတြင္းမွာ ခႏၶာကိုယ္တြင္းမွ ေသြးဆုံးရံႈးမႈ အမ်ားဆုံးျဖစ္တ့ဲအတြက္ေၾကာင့္ ေသြးလွဴဖို႕အတြက္ မျဖစ္ႏိုင္ပါဘူး။

 

#ST(Soshwe)

#SoshweBeauty&Health

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။

ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro