Breaking News

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ Rap အဆိုတော် 21 Savage

အသက် ၂၆နှစ်ရွယ် Rapper တစ်ဦးဖြစ်သူ 21 Savage ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေအရ ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ New York Times မဂ္ဂဇင်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူလက်ရှိကြုံတွေ့နေရတဲ့ ပြဿနာကို “ဆယ်ကျော်သက်အရွယ် ရောက်တဲ့အချိန်မှာ ကျွန်တော်ဟာ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ နိုင်ငံသားတစ်ယောက်မဟုတ်ခဲ့တဲ့အပြင် နိုင်ငံသားတွေမှ ပါဝင်ဆင်နွှဲနိုင်တဲ့ အရာတွေနဲ့လည်း တော်တော်လေးအလှမ်းဝေးနေခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော် ကားမောင်းလိုင်စင်ဖြေတဲ့အချိန်မှာ နိုင်ငံသားမဟုတ်လို့ ကားလိုင်စင်မထုတ်ပေးတာကနေ စပြီးတော့ ပြဿနာတက်တော့တာပဲ။ ပြီးတော့ ကျွန်တော်က အလုပ်အကိုင်မဲ့နေခဲ့တာ။”လို့လည်း ပြောပြခဲ့ပါတယ်။

အရာရှိအမှုဆောင်တစ်ယောက်ရဲ့ဖြေကြားချက်အရ 21 Savage ဟာ အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်နေထိုင်နေတာကြောင့် သူ့ကို ထိန်းသိမ်းဖမ်းဆီးထားတာလို့ဆိုပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်မှာ တရားဝင် ဝင်ရောက်လာခဲ့ပြီး တစ်နှစ်ကြာတဲ့အခါမှာ ပြန်ထွက်သွားရမှာကို မထွက်သွားဘဲ ဆက်လက်နေထိုင် နေခဲ့တာဖြစ်ပါတယ်။ ထို့နောက် ထိန်းသိမ်းဖမ်းဆီးခံခဲ့ရပြီး ရက်အနည်းငယ်အကြာမှာတော့ ပြစ်မှုကိုလျော့ကျဖို့အတွက် အမေရိကန်ဒေါ်လာ ၁သိန်းလောက် ဒဏ်ငွေဆောင်ခဲ့ရပါသေးတယ်။ အင်တာဗျူးမှာတော့ “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တစ်ခုခုလုပ်မှကိုဖြစ်မယ်။ တစ်ချိန်ချိန်ကျရင် ပြဿနာထပ်မတက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြီးက ကျွန်တော့်အတွက် အိမ်မက်ဆိုးကြီးလိုပါပဲ။ ဒါပေမဲ့ ဒါက ဥပဒေလေ။ သူတို့က မှန်ကန်နဲ့ နည်းလမ်းနဲ့ ဆောင်ရွက်နေတာကိုတော့ ကျွန်တော်တကယ်ကို လေးစားပါတယ်ဗျာ။ ကျွန်တော် အချုပ်ထဲမှာ နေနေရတဲ့ အချိန်မှာ ကိုယ့်အိမ်မှာမနေရတော့မယ့် အတွေးတွေ ကျွန်တော်အကြိုက်ဆုံးစားသောက်ဆိုင်နဲ့ ဝေးရတော့မယ့်အကြောင်းတွေတွေးရင်း တော်တော်လေးကို စိတ်ဓာတ်ကျသွားတာပဲ။ အကယ်၍ ခင်ဗျားကသာ ကျွန်တော်ကို “မင်းကို ဒေါ်လာသန်း၂၀ပေးမယ်။ မင်းတစ်ခါမှမနေဖူးတဲ့နေရာမှာ ဘဝအသစ်စပါ” လို့ပြောလာခဲ့ရင် ကျွန်တော် ငတ်ပြီးအသေခံလိုက်မှာ။ ဒါကြောင့် ဒီနိုင်ငံရဲ့ တရားဝင်နိုင်ငံသားဖြစ်ဖို့အတွက် ကျွန်တော်တစ်ဘဝလုံးကြိုးစားသွားမယ်” လို့ပြောကြားခဲ့ပါတယ်။

21 Savage က “ကျွန်တော် ထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ အချိန်မှာဗျာ ကျွန်တော်နဲ့Post Malone အတူတူသီဆိုထားတဲ့ Rockstar ဆိုတဲ့ သီချင်းကို Grammy ဆုပေးပွဲမှာ Malone က တစ်ယောက်ထဲ ဖျောဖြေခဲ့ရတာ။ ဒါပေမယ့်လည်း ကျွန်တော့်သူငယ်ချင်းက ကျွန်တော်ပါဝင်မဖျော်ဖြေပေးနိုင်တဲ့အတွက် ကျွန်တော်နာမည်ပါတဲ့ အင်္ကျီကိုဝတ်ဆင်ပြီးဖျော်ဖြေခဲ့တာဗျ။” လို့ကြည်ကြည်နူးနူးပြောပြခဲ့ပါတယ်။ Savage ဟာ တခြားသောပြစ်မှုတွေကို ကျူးလွန်ထားတာမရှိလို့ ထိန်းသိမ်းခံရပြီးနှစ်ရက်အကြာမှာပြန်လွတ်လာတာဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro