HomeEntertainment၁၃ ကြိမ်မြောက် American Got Talent ပြိုင်ပွဲရဲ့ Winner မျက်လှည့်ပညာရှင် Shin Lim

၁၃ ကြိမ်မြောက် American Got Talent ပြိုင်ပွဲရဲ့ Winner မျက်လှည့်ပညာရှင် Shin Lim

- Advertisement -

အသက် ၂၇နှစ်အရွယ် Shin Lim က American Got Talent ပြိုင်ပွဲမှာ အတော်ဆုံးမျက်လှည့်ပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူရဲ့သမိုင်းတစ်လျှောက်မှာတော့ သူဟာ American Got Talent ပြိုင်ပွဲရဲ့ဆုရှင်အဖြစ် နာမည်တွင်နေတော့မှာပဲဖြစ်ပါတယ်။ “ဒါဟာ လုံးဝကိုမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ အိမ်မက်တစ်ခုဟာ လက်ရှိမှာ အမှန်တကယ်ဖြစ်ပေါ်လာသလိုပါပဲ။ တကယ်ကို စိတ်လှုပ်ရှားပျော်ရွှင်ဖို့ကောင်းတယ်။”လို့ သူက ဆိုခဲ့ပါတယ်။

- Advertisement -

နောက်ထပ် ထိပ်တန်း၅ယောက်ဖြစ်တဲ့ Preacher Lawson က ပဉ္စမနေရာ၊ Cristina Ramos က စတုတ္ထနေရာ၊ Kseniya Simonova က တတိယနေရာ၊ Darci Lynne Farmer က ဒုတိယနေရာတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ Shin Lim က “လက်ရွေးစင်တွေရဲ့ဖျော်ဖြေမှုကလည်း တကယ့်ကို အံ့မခန်းပါပဲဗျာ။ တချို့တွေရဲ့ဖျော်ဖြေမှုက ကျွန်တော့်မျက်လှည့်ထက် ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်ကမှ ဘာလို့ winner ဖြစ်သွားရတာလဲဆိုတာကို ခုချိန်ထိကို ယုံတောင်မယုံနိုင်ဘူးဗျာ။ ဒါပေမဲ့လည်း ဒီပြိုင်ပွဲကြီး အောင်မြင်စွာပြီးမြောက်သွားတော့ တကယ်ကိုစိတ်ပေါ့သွားတာပဲ။” လို့ သူ့ရဲ့အောင်မြင်မှုအပေါ် မယုံနိုင်သေးကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်။ Lim က “အတော်ဆုံးပြိုင်ပွဲဝင်တွေဟာလည်း တစ်ဦးထက်တစ်ဦးပိုသာအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာပဲ။ ဒီထဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာကိုက တကယ်ကိုဂုဏ်ယူစရာပါ။” လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာက သူဟာ ၁၃ ကြိမ်မြောက် American Got Talent ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စိတ်မကူးထားခဲ့ပေမယ့် သူ့ရဲ့ချစ်သူ Casey က ပါဝင်ယှဉ်ပြိုင်ဖို့တိုက်တွန်းခဲ့တာကြောင့် ဝင်ပြိုင်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

- Advertisement -

https://www.instagram.com/p/Bt4CM0sHrZb/?utm_source=ig_embed&utm_campaign=embed_video_watch_again

- Advertisement -

Casey ဟာ သူမရဲ့ချစ်သူ မျက်လှည့်ပညာရှင်လေးကို ပြိုင်ပွဲတောက်လျှောက် အနောက်ကနေ လိုရာဖြည့်ဆည်းပေးရင်း အားပေးကူညီခဲ့တာမို့ Casey ကို အထူးကျေးဇူးတင်ကြောင်း Lim က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Lim ဟာ Casey နဲ့ သြဂုတ်လမှာ လက်ထပ်ထိမ်းမြားဖို့အတွက် အစီအစဉ်တွေလုပ်နေပြီလို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Lim ဟာ သူ့ရဲ့တစ်ကိုယ်တော်မျက်လှည့်ပြပွဲတွေ ကျင်းပဖို့အတွက် အပြင်းအထန်ကြိုးစားနေတယ်ဆိုတာကို People မဂ္ဂဇင်းက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာဖြေခဲ့ပါတယ်။

 

#SY(1209Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read