HomeOtherအသက်၁၆နှစ်အရွယ်ကျောင်းသားနဲ့ ပြဇာတ်ခန်းမထဲမှာ အတူနေမိတဲ့အတွက် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲခံရတဲ့ ဆရာမ။

အသက်၁၆နှစ်အရွယ်ကျောင်းသားနဲ့ ပြဇာတ်ခန်းမထဲမှာ အတူနေမိတဲ့အတွက် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲခံရတဲ့ ဆရာမ။

- Advertisement -

အမေရိကန်ပြည်ထောင်စု Washburn မြို့နေ အသက်၂၃နှစ်အရွယ် Chelsie Leroy ဆိုသူ ပြဇာတ်ဆရာမဟာ အသက်၁၆နှစ်အရွယ် ကျောင်းသားတစ်ယောက်နဲ့ အထက်တန်းကျောင်းပြဇာတ်ခန်းမထဲမှာ အတူတူနေမိတဲ့အတွက် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲခံထားရတာပဲဖြစ်ပါတယ်။ သူမဟာ ကျောင်းကိုရောက်တာ ၁လကျော်ပဲရှိသေးတဲ့ အချိန်အတွင်းမှာ ကျောင်းသားနဲ့ ယခုလိုမျိုးကိစ္စဖြစ်လာတာဟာ တကယ်ကို ရုပ်ပေါက်ပါတယ်။ ခုဆိုရင်သူမဟာ သက်ငယ်မုဒိမ်း ဒုတိယအဆင့်နဲ့ပတ်သက်ပြီး ပြစ်မှုနှစ်ခုနဲ့ အသက်မပြည့်သေးသူကို လိင်ပိုင်းဆိုင်ရာထိပါးမှု ပြစ်မှုနှစ်ခု စုစုပေါင်း ပြစ်မှုလေးခုနဲ့တရားစွဲခံထားရတာဖြစ်ပါတယ်။ Springfield သတင်းဌာနရဲ့ပြောကြားချက်အရ Barry ကောင်တီရဲ့ အရာရှိနဲ့ စုံထောက် Angela Cole တို့ဟာ ထိုကျောင်းသားငယ်ကို အင်တာဗျူးလုပ်ခဲ့ချိန်မှာတော့ ထိုကျောင်းသားကို ဆရာမက ကျောင်းစတက်ပြီး နှစ်ပတ်နဲ့ သုံးပတ်အတွင်း စာတွေဆက်တိုက်ပို့ပြီး တစ်ပတ်အကြာမှာ သူတို့နှစ်ဦးသား ပထမဦးဆုံးအနမ်းဖလယ်ဖြစ်တာလို့ ပြောခဲ့ပါတယ်။ ကျောင်းရဲ့ စက်တင်ဘာ၂၀ရက်နေ့က ပြဇာတ်အခန်းငယ်ထဲမှာ ပထမဆုံးအကြိမ်အတူတူနေခဲ့ပြီး နောက်ထပ်တစ်ပတ်အကြာမှာ ဒုတိယအကြိမ် အတူတူနေဖြစ်ခဲ့ကြတယ်လို့လည်း ထပ်မံဖွင့်ဟဝန်ခံခဲ့ပါသေးတယ်။

Leroyဟာ သူမရဲ့ ဆရာမအဖြစ်အသက်မွေးဝမ်းကျောင်းကို ဒီဇင်ဘာ ၂၀ရက်နေ့မှာ အပြီးအသတ် ရပ်ဆိုင်းခြင်းခံလိုက်ရပါတယ်။ သူမဟာ အစားထိုးဆရာမနေနဲ့ဝင်ရောက်သင်ကြားပေးနေရာမှ ပြဇာတ်ဆရာမအဖြစ် တာဝန်အသစ်ပေးအပ်ခြင်းခံခဲ့ရပြီး သူမရဲ့တစ်ရက်ဝင်ငွေဟာ ဒေါ်လာ၉၀ထိရှိလာခဲ့ပါတယ်။ ဒီပြဿနာဟာ လူသိရှင်ကြားဖြစ်လာပြီးနောက် ၈ရက်အကြာမှာ သူမဟာ အလုပ်ထုတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ သူမဟာ ဒီအထက်တန်းကျောင်းမှာပဲ မူကြိုကနေ ၁၂ တန်းအထိတက်ရောက်ခဲ့တာဖြစ်ပြီး တောင်ပိုင်း Missouri ပြည်နယ်မှာ တက္ကသိုလ်တက်ရောက်နေခဲ့တာဖြစ်ကာ ၂၀၁၉ မေလမှာ ဘွဲ့ယူရတော့မှာပဲဖြစ်ပါတယ်။ Leroy ရဲ့ရှေ့နေ Teresa Grantham က ပြစ်ဒဏ်ကြေးကို ဒေါ်လာ ၄၀,၀၀၀ အထိလျှော့ချပေးဖို့တောင်းဆိုခဲ့ပါတယ်။ Leroy က ဖေဖော်ဝါရီ ၂၀ရက်၊ နေ့လည် ၁ နာရီမှာ တရားခွင်ကို ဝင်ရောက်ရမှာဖြစ်တယ်လို့ ဒီအမှုနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ဆိုပါတယ်။

 

- Advertisement -

#SY(Soshwe)

- Advertisement -

#SoshweNews

#SoshweForyourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × two =

Must Read

အမျိုးသားများနဲ့ အမျိုးသမီးများကို တန်းတူညီမျှ အခွင့်အရေးပေးသော နိုင်ငံများအကြောင်း။

ကမ္ဘာကြီးမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ တန်းတူညီမျှ ရင်ဘောင်တန်းပြီး သွားလာလှုပ်ရှားနေကြပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမျိုးသားနဲ့ အမျိုးသမီးတွေအကြား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ မတူညီကြပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ နိုင်ငံ ၆ နိုင်ငံတည်းကသာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ တူညီတဲ့ရပိုင်ခွင့်တွေ သတ်မှတ်ပေးထားကြောင်း လေ့လာတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့...