HomeEntertainmentချစ်သူအသစ် Katy Perry ကိုကော ရည်းစားဟောင်း Miranda Kerr ကိုကော ပုံစံတူစေ့စပ်လက်စွပ်ပေးခဲ့တဲ့ Orlando Bloom

ချစ်သူအသစ် Katy Perry ကိုကော ရည်းစားဟောင်း Miranda Kerr ကိုကော ပုံစံတူစေ့စပ်လက်စွပ်ပေးခဲ့တဲ့ Orlando Bloom

- Advertisement -

Orlando Bloom က Katy Perry ကိုချစ်သူများနေ့မှာ လက်ထပ်ခွင့်ပန်ရင်း ပေးခဲ့တဲ့ စေ့စပ်လက်စွပ်ဟာ သူ့ရဲ့ချစ်သူဟောင်း Miranda Kerr ကိုပေးခဲ့ဖူးတဲ့ လက်စွပ်နဲ့ပုံစံတူနေတာကို ပရိသတ်တွေက သတိထားမိလာကြတာ ဖြစ်ပါတယ်။ Orlando နဲ့ Katy တို့ဟာ ချစ်သူများနေ့မှာ စေ့စပ်ခဲ့ကြတာဖြစ်ပြီး စေ့စပ်လက်စွပ်တန်ဖိုးကလည်း ဒေါ်လာ ၅သန်းလောက်ရှိတယ်လို့ ယူဆကြပါတယ်။ လက်စွပ်လေးဟာ အရမ်းကိုလှပပြည့်စုံနေပေမယ့် အဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်တာတွေရှိလာခဲ့ပါတယ်။ ဝေဖန်ရတဲ့အကြောင်းအရာက နည်းနည်းတော့ထူးဆန်းတယ်။ ဘာလို့ဆို Orlando က Katyကိုပေးခဲ့တဲ့ လက်စွပ်ပုံစံက သူ့ရဲ့ဇနီးဟောင်း Miranda Kerr ကို ၂၀၁၀ တုန်းကပေးခဲ့ဖူးတဲ့ လက်စွပ်နဲ့ပုံစံတူနေလို့ပဲဖြစ်ပါတယ်။

 

- Advertisement -

Miranda Kerr ရဲ့စေ့စပ်လက်စွပ်ပုံကိုကြည့်ပြီးရင်တော့…

- Advertisement -

 

- Advertisement -

Katy Perry ရဲ့ စေ့စပ်လက်စွပ်ပုံကိုပြန်ကြည့်ကြည့်ပါ…

 

ခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲ လက်စွပ်နှစ်ကွင်းလုံးက ပန်းပုံစံလေးဖြစ်နေပေမဲ့ အသေးစိတ်ကြည့်မယ်ဆိုရင်တော့ လုံးဝတူနေတာမျိုးမဟုတ်ပါဘူး။ Orlando ကတော့ လူတွေထင်သလို နှစ်ယောက်လုံးကို အတူတူသဘောထားတဲ့ပုံစံမျိုး ပေါက်မနေတဲ့အပြင် ဒီလိုမျိုးတူသွားဖို့ကိုလည်း ရည်ရွယ်ထားပုံမရပါဘူး။ Orlando က သူချစ်ရတဲ့အမျိုးသမီးတွေကို ပန်းကလေးအဖြစ်တင်စားချင်လို့ ဒီလိုပန်းပုံစံလေးတွေကိုမှ ရွေးပြီးတော့ ပေးတာဖြစ်နိုင်တယ်လို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။

 

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read