မြို့စား Harry နှင့် မြို့စားကတော် Meghan Markle တို့ဟာ Windsor ပြည်နယ်မှာရှိတဲ့ အိမ်အသစ်ကို ရွှေ့ပြောင်းပြီးနောက် သူတို့ရဲ့ကလေးတွေကို အမေရိကန်ပြည်ထောင်စုရဲ့အငွေ့အသက်တွေရှိတဲ့ ကျောင်းမှာပညာသင်စေမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
မကြာသေးခင်က အင်္ဂလန်နိုင်ငံက တော်ဝင်ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး သတင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ သတင်းဌာနက မြို့စား Harry နှင့် မြို့စားကတော် Meghan Markle တို့ဟာ သူတို့ရဲ့ကလေးတွေကို အင်္ဂလန်နိုင်ငံမှာတည်ရှိတဲ့ အမေရိကန်ပြည်ထောင်စုက ကျောင်းတွေမှာ ပညာသင်စေမယ် ဆိုတဲ့ သတင်းပေါ်ထွက်လာပြီးနောက် သူတို့နှစ်ဦးအပေါ် အင်္ဂလန်နိုင်ငံသားတွေက ပြင်းပြင်းထန်ထန်ဝေဖန်လာကြပါတယ်။
မြို့စားနဲ့ မြို့စားကတော်တို့ဟာ လက်ထပ်ထိမ်းမြားပြီးနောက်ပိုင်း တော်ဝင်မျိုးနွယ်ကချမှတ်ထားတဲ့ ထုံးတမ်းအစဉ်အလာတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ခေတ်သစ်အမြင်တွေနဲ့ ကိစ္စရပ်တော်တော်များများကို နှစ်ဦးသား စိတ်တူကိုယ်တူ ဆုံးဖြတ်ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Surrey မှာရှိတဲ့ ပုဂ္ဂလိကပိုင် ACS Egham International ကျောင်းမှာ သူတို့ရဲ့ကလေးတွေကို ပညာသင်ပေးဖို့အတွက် စီစဉ်ထားတယ်ဆိုပြီးလည်း သတင်းတွေ တက်လာခဲ့ပါတယ်။ အဲ့ဒီကျောင်းဟာ သူတို့နှစ်ဦးရဲ့နေအိမ်နဲ့ အတော်ကိုနီးတဲ့အတွက် အရမ်းကို အဆင်ပြေစိတ်ချရမှာတော့ အမှန်ပဲဖြစ်ပါတယ်။ Meghan ဟာ သူမရဲ့ကလေးတွေကို သူမမွေးရပ်မြေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယဉ်ကျေးမှုတွေကို သိနားလည်စေချင်ပုံပဲ။
ဒါပေမယ့်လည်း ဗြိတိသျှတော်ဝင်သွေးပါတဲ့ကလေးဟာ အင်္ဂလန်နိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်တွေပါဝင်တဲ့ စာသင်ကျောင်းမှာ ပညာသင်မှာမဟုတ်တာကတော့ တော်ဝင်ပုဂ္ဂိုလ်တွေအတွက် စိတ်ကသိကအောက် ဖြစ်စရာတော့ကောင်းနေမှာ ကျိန်းသေပါတယ်။
#SY(Soshwe)
#SoshweCelebrities
#SoshweForyourDailyLife
#Like&Share