HomeOtherသေပြီးပုပ်သိုးနေတဲ့ အမေဖြစ်သူရဲ့ ခန္ဓာကိုယ်ကို ၂လနီးပါးလောက် ဝှက်ထားခြင်းကြောင့် တရားစွဲခံရတဲ့အမျိုးသမီး။

သေပြီးပုပ်သိုးနေတဲ့ အမေဖြစ်သူရဲ့ ခန္ဓာကိုယ်ကို ၂လနီးပါးလောက် ဝှက်ထားခြင်းကြောင့် တရားစွဲခံရတဲ့အမျိုးသမီး။

- Advertisement -

ဗာဂျီးနီးယားပြည်နယ်က အသက် ၅၅နှစ်အရွယ် Jo-Whitney Outland ဆိုသူ အမျိုးသမီးဟာ သေပြီးပုပ်သိုးဆွေးမြည့်နေပြီဖြစ်တဲ့ သူမအမေ Rosemary Outland ရဲ့ခန္ဓာကိုယ်ကို ၄၄ရက်မျှ နေအိမ်တွင် ဝှက်ထားတဲ့အတွက် တရားစွဲခံထားရပါတယ်။ သူမဟာ ထိုအလောင်းကို ဆောင်အထည် ၅၀လောက်နဲ့ ဖုံးအုပ်ထားပြီး ပုပ်နံ့တွေကို ဖုံးကွယ်ထားနိုင်လောက်တဲ့ သင်းရနံ့ထုံစေတဲ့လေသန့်ဆေးဘူး ၆၀လောက်ကို အလောင်းပတ်လည်တွင် ဖျန်းထားတယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ Outland ရဲ့ဆွေမျိုးတစ်ယောက်က Whitney Outland ရဲ့ အမေဖြစ်သူ ၇၈နှစ်အရွယ် Rosemary Outlandဆီကို သွားရောက်လည်ပတ်တဲ့အချိန်မှာ အိမ်မှာဘယ်သူမှမရှိတာကို သတိထားမိပြီး အိမ်ထဲကို ပြတင်းပေါက်ကနေကျော်ဝင်လိုက်ရာမှ ယင်းအဖြစ်အပျက်ကို တွေ့ခဲ့တယ်ဆိုတာကို ရဲတွေကိုပြောပြခဲ့ပါတယ်။ သက်သေသဲလွန်စတွေမပျောက်ပျက်ဖို့အတွက် သူတို့က အလောင်းကိုမထိဘဲ ရဲတွေကိုအရင်ဦးဆုံး ဖုန်းဆက်ခေါ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ရဲမှူး Steve Crawford ရဲ့ ပြောကြားချက်အရ Rosemary ဟာ ကုလားထိုင်မှာ ထိုင်လျက်သေဆုံးနေတာဖြစ်ပြီး သူမရဲ့ကိုယ်ပေါ်မှာ စောင် ၅၄ထည်ကိုခြုံပေးထားပြီး သူမရဲ့ပတ်လည်မှာလည်း လေသန့်ဆေးဘူး ၆၆ဘူးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ Whitney က Rosemary ဟာ ဒီဇင်ဘာ၂၉ရက်နေ့မှာ သေဆုံးသွားကြောင်းကို အသိပေးတဲ့ စာတစ်စောင်ကို နေအိမ်တွင် ချန်ခဲ့ပြီး အမျိုးအိမ်တစ်အိမ်မှာ ရှောင်နေတာပဲဖြစ်ပါတယ်။

- Advertisement -

Whitney က “အဲဒီနေ့က သူမဟာ ကုလားထိုင်ပေါ်မှာထိုင်နေရင်း အသက်ရှူရကြပ်လာပြီလို့ တတွတ်တွတ်ပြောရင်း သေဆုံးသွားခဲ့တာပါ။ ကျွန်မတတ်နိုင်သလောက်ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားဖို့ကျပြန်တော့လည်း ကျွန်မကြောင့်လို့ထင်ပြီး ကျွန်မကိုဖမ်းဆီးမှာကိုလည်း ကြောက်နေခဲ့လို့ပါ။ ကျွန်မ အမေဆုံးသွားတာကိုလည်း ကျွန်မကိုယ်တိုင်ကလက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း အရင်ရက်တွေတုန်းက ကျွန်မလုပ်စရာရှိတာတွေလုပ်ပြီးတဲ့နောက် ကျွန်မအိမ်ပြန်လာတယ်။ အမေ့နားမှာအိပ်တယ်။” လို့ ဖြစ်ကြောင်းကုန်စင်ကို အင်တာဗျူးမှာဖြေခဲ့ပါတယ်။ Whitney ဟာ တရားရုံးမှာ တရားရင်ဆိုင်ရတာဟာ သူမက သူမအမေကိုသတ်တယ်လို့ ယူဆလို့မဟုတ်ဘဲ သေဆုံးပြီး ပုပ်သိုးဆွေးမြည့်နေတဲ့ ခန္ဓာကိုယ်ကို ဝှက်ထားတာကြောင့်ပဲဖြစ်ပါတယ်လို့ ရဲမှူးက သတင်းဌာနတွေကို ဖြေကြားပြောပြခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read