၁။ John နဲ့ Pitbull
၂၀၁၉ အစပိုင်းမှာ John Travolta က သူ့ရဲ့ခေါင်းကို အပြောင်ရိတ်ထားပြီး လူပုံလယ်ကြားထဲ ထွက်လာတဲ့အခါမှာတော့ လူတွေက ဘာကြောင့်များလဲ ဆိုပြီးစပ်စုတာကို သူ့ရဲ့သူငယ်ချင်း Pitbull ကိုသဘောကျတာကြောင့် လုပ်ဖြစ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
၂။ Isla နဲ့ Courteney
Courteney ဟာ သူမရဲ့ instagram အကောင့်ကို ၂၀၁၉ ဇန်နဝါရီလမှာ စသုံးတဲ့အချိန်မှာပဲ သူမရဲ့သူငယ်ချင်း Isla က နွေးထွေးကြည်နူးစွာ ကြိုဆိုတဲ့အနေနဲ့ “ကျွန်မ အချစ်ရဆုံးသူငယ်ချင်းလေး Courteney ဟာနောက်ဆုံးတော့ @courteneycoxofficial ဆိုတဲ့ နာမည်နဲ့ Instagram စသုံးနေပြီပဲဖြစ်ပါတယ်” လို့ရေးသားကာ သူတို့နှစ်ဦး အတူရိုက်ထားတဲ့ပုံကို သူမရဲ့ Instagram အကောင့်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။
၃။ Pete နဲ့ Nick
Pete Davidson ဟာ သူ့ရဲ့ချစ်သူဟောင်း Ariand Grande ကို လက်ထပ်ခွင့်မတောင်းခင်မှာ သူ့ရဲ့သူငယ်ချင်း Nick ကို ဖုန်းဆက်အသိပေးခဲ့တာပဲဖြစ်တယ်လို့ Nick က Entertainment Tonight သတင်းဌာနကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
၎။ Amal နဲ့ Meghan
“Meghan နဲ့ Amal တို့နှစ်ယောက်ကြားမှာရှိတဲ့ ခင်မင်မှုဟာ သာမန်ထက်ပိုပြီး ပြီးပြည့်စုံတဲ့ ခင်မင်မှုလို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာရှေ့နေဖြစ်တဲ့ Amal က Meghan က လန်ဒန်မှာနေထိုင်တဲ့အချိန် အသားကျအောင် အစစအရာရာကူညီပေးနေတာပဲဖြစ်ပါတယ်။ ဒါဟာ တော်ရုံခင်မင်မှုတော့မဟုတ်ဘူး။” လို့ အတွင်းလူတစ်ယောက်က People မဂ္ဂဇင်းကိုပြောပြဖူးပါတယ်။
၅။ Tiffany နဲ့ Barbra
Tiffany က ဝါရင့်အဆိုတော် Barbra နဲ့ အတူတူဓာတ်ပုံရိုက်ကာ နှစ်ဦးသား အတူတူအချိန်ဖြုန်း စားသောက်ပျော်ပါးခဲ့ပုံကို “ကျွန်မရဲ့အမကို Cardi ရဲ့ ကိုယ်ပိုင်စကားတွေ သင်ပေးဖြစ်ခဲ့တာကို ရှင်တို့အားလုံးကို သိစေချင်လို့ပါ” ဆိုပြီးရေးကာ သူမရဲ့Twitter မှာ တင်ထားပါတယ်။
၆။ Jame ၊ Sarah နဲ့ Paul
သူတို့သုံးယောက်ရဲ့ ပါတီတစ်ခုမှာ လွတ်လွတ်လပ်လပ် စကားနေပြောနေကြပုံတွေ၊ ပျော်ပါးစွာ ကခုန်နေပုံတွေက သူတို့ရဲ့ရင်းနှီးခင်မင်မှု အတိုင်းအဆကို ခန့်မှန်းလို့ရမယ်ထင်ပါတယ်။
၇။ Harry နဲ့ Adele
Harry ရဲ့ ၂၃နှစ်ပြည့်မွေးနေ့ကို တက်ရောက်လာခဲ့တဲ့ အထူးဧည့်သည်တော် အယောက် ၂၀ ထဲမှာ Adele လည်းပါ ပါတယ်။ Adele ဟာ Harry ရဲ့ ၂၁နှစ်ပြည့်မွေးနေ့ပွဲကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။
၈။ Lindsay နဲ့ Kourtney
Lindsay Lohan ကို ၂၀၁၁ခုနှစ်တုန်းက Kim Kardashian ရဲ့ မင်္ဂလာဆောင်မှာတွေ့ခဲ့ရတယ်ဆိုပေမယ့် Lindsay ဟာ Kourtney နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်တယ်ဆိုတာကို သူတို့နှစ်ဦးရဲ့ လန်ဒန်မြို့လမ်းတွေပေါ်မှာ အတူတူလည်ပတ်သွားခဲ့တဲ့ ပုံရိပ်တွေကိုမြင်ရမှ သိလာရတာဖြစ်ပါတယ်။
၉။ Kim နဲ့ Fergie
Kanye West ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေတင်ဆက်မှုတွေကို တက်ရောက်ခဲ့ကြတဲ့ Kim နဲ့ Fergie တို့ဟာလည်း ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဆိုတာကို သူတို့နှစ်ဦး အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေတက်လာမှ ပရိသတ်တွေက သိလာတာပါ။
၁၀။ Vince နဲ့ Rob
ဟော်လီဝုဒ်အကျော်အမော်တွေဖြစ်တဲ့ Vince Vaughn နဲ့ Robert Pattinson တို့ကို ၂၀၁၃ ခုနှစ်မှာ လော့စ်အိန်ဂျလိစ်က Larchmont စားသောက်ဆိုင်မှာ ညစာအတူစားပြီး ထွက်လာတာကိုတွေ့ရတာပဲဖြစ်ပါတယ်။
#SY(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share