HomeOtherဖလော်ရီဒါက ကျောင်းသားတစ်ယောက်ဟာ နိုင်ငံတော်သီချင်းကို သီဆိုရန်ငြင်းဆန်ခဲ့တဲ့အတွက် ထိန်းသိမ်းခံရ။

ဖလော်ရီဒါက ကျောင်းသားတစ်ယောက်ဟာ နိုင်ငံတော်သီချင်းကို သီဆိုရန်ငြင်းဆန်ခဲ့တဲ့အတွက် ထိန်းသိမ်းခံရ။

- Advertisement -

ဖလော်ရီဒါပြည်နယ် Lawton Chiles အလယ်တန်းကျောင်းမှ ၆တန်းအရွယ် ကျောင်းသားလေးဟာ နိုင်ငံတော်သီချင်းကို သီဆိုရန်ငြင်းဆန်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ Lawton Chiles အလယ်တန်းကျောင်းမှ ကျောင်းသားတွေအတွက် နိုင်ငံတော်သီချင်းကို သီဆိုအလေးပြုတာဟာ လိုက်နာရမယ့် စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ အစားထိုးဝင်သင်ပေးတဲ့ဆရာမက ကလေးငယ်နဲ့စကားများပြီး ကျောင်းက အုပ်ချုပ်ရေးမှူးကို သူမစာသင်နေတဲ့စာသင်ခန်းကိုခေါ်ပြီး ဒီပြဿနာကိုတင်ပြခဲ့ပါတယ်။ တာဝန်ကျတဲ့အရာရှိကလည်း ဒီပြသနာကိုဖြေရှင်းဖို့ရာ ကလေးကို ထိန်းသိမ်းဖို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ကျောင်းအနေနဲ့ကတော့ ကျောင်းသားတွေကို သွန်သင်ဆုံးမဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတာပဲဖြစ်ပါတယ်။

ကျောင်းက တာဝန်ရှိသူ အထက်လူကြီးတစ်ယောက်ရဲ့ပြောကြားချက်အရ ထိုကျောင်းသားလေးဟာ ဆရာမက နိုင်ငံတော်သီချင်းကိုသီဆိုပြီး နိုင်ငံတော်အလံကိုအလေးပြုဖို့ မတ်တပ်ရပ်ရန်ပြောတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အလံနဲ့နိုင်ငံတော်သီချင်းက လူမဲတွေကိုခွဲခြားဆက်ဆံတဲ့ သဘောမျိုးဖြစ်နေတာမို့ မလုပ်နိုင်ဘူးဆိုပြီး ငြင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ ဆရာမက “အဲ့တာဆိုရင်လည်း မင်းတခြားနေရာမှာ ဘာလို့သွားမနေတာလဲ?” ဆိုတဲ့မေးခွန်းကို ကျောင်းသားလေးက “သူတို့တွေက သားကိုဒီနေရာကိုခေါ်ခဲ့တာပါ” လို့ပြန်ဖြေကြားခဲ့တယ်။ စကားအချေအတင်ဖြစ်ပြီး ခဏအကြာမှာတော့ ဆရာမက ဒီကလေးကို စကားဆက်ပြောဖို့ရာ အဆင်မပြေတော့တဲ့အတွက် အထက်လူကြီးတွေကိုခေါ်ခဲ့ခြင်းဖြစ်တာလို့ဆိုပါတယ်။

“ကျောင်းသားကို ခုလိုမျိုး ဖမ်းဆီးထိန်းသိမ်းရတာဟာ အတန်းထဲမှာချမှတ်ထားတဲ့စည်းကမ်းကို မလိုက်နာတဲ့အပြင် အတန်းရဲ့အပြင်ဘက်ကို ရောက်တော့လည်း တခြားပြသနာတွေထပ်လုပ်ခဲ့တာကြောင့်ပဲဖြစ်တယ်။” လို့ ရဲအရာရှိ နဲ့ ကျောင်းက ဆရာမတွေက ဆိုခဲ့ပါတယ်။ ကလေးလေးရဲ့အမေဖြစ်သူ Dhakira Talbot က “ကျွန်မ အနေနဲ့ ကျောင်းက ဒီပြဿနာကို ဒီထက်ပိုကောင်းတဲ့နည်းနဲ့ ဖြေရှင်းသင့်တယ်လို့ထင်တယ်” လို့ ဆိုခဲ့ပါတယ်။ Kelly Services အတွက် အလုပ်လုပ်ပေးတဲ့ အစားထိုးဆရာမကလည်း ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကနေ နှုတ်ထွက်ဖို့ သတိပေးခံထားရပါတယ်။ “ကျွန်တော်တို့ ဒီကိစ္စကို အသေးစိတ်သေချာစစ်ဆေးနေပါသေးတယ်။ ထိုဆရာမလေးကတော့ ကျွန်တော်တို့ရဲ့ကျောင်းတွေမှာ အလုပ်လုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လူ့စွမ်းအားအရင်းမြစ်ဌာနက အစားထိုးဆရာမတွေရှာပေးတဲ့ Kelly Services နဲ့ ဆရာမတွေကို သေချာလေ့ကျင့်ပေးဖို့အတွက် စာချုပ်မှာ ထပ်မံဖြည့်စွက်ထားပါသေးတယ်။ အစားထိုးဆရာမရဲ့အပြုအမှုကို ကျွန်တော်တို့ ဒီတိုင်းခွင့်မလွှတ်လိုက်နိုင်ပါဘူး။ ကျွန်တော်တို့က ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အမြင်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောပြခြင်းနဲ့ပတ်သက်တဲ့ အခွင့်အရေးကိုနားလည်ပြီး လေးစားအသိအမှတ်ပြုပါတယ်။” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။

- Advertisement -

<Zawgyi Version>

- Advertisement -

 

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − five =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...