Breaking News

Pete Davidson နဲ့ တွဲခုတ်နေတာနဲ့ပက်သက်ပြီး ဝေဖန်သူတွေကို ပြန်လည်ချေပလိုက်တဲ့ Kate Beckinsale

Pete Davidson  နဲ့ Kate Beckinsaleတို့ရဲ့ အချစ်ဇာတ်လမ်းဟာ Golden Globes ပွဲအပြီး ကျင်းပတဲ့ ပါတီပွဲကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတက်ရောက်လာတဲ့ Pete နဲ့ Kate တို့ နှစ်ဦးသားဟာ စကားစမြည်ပြောဆိုပြီးနောက် အတူတူထွက်သွားခဲ့ကြတယ်လို့လည်း သတင်းထောက်တော်တော်များများကဆိုပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ ဒီသတင်းကို အတည်ပြုခဲ့ခြင်းမရှိပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ဦးကို တတွဲတွဲတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ပိုမိုသိကျွမ်းလာဖို့အတွက် အားလပ်ရက်တွေမှာ အတူတူရှိဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်လာခဲ့ပါတယ်။ Pete ဟာ Ariana Grande နဲ့ လူသိရှင်ကြားတွဲပြီးနောက် လွန်ခဲ့တဲ့ အောက်တိုဘာလကမှ လမ်းခွဲထားတာမို့ Pete နဲ့ Kate ရဲ့အချစ်ဇာတ်လမ်းဟာ လူတွေရဲ့မှတ်ချက်ပေးစရာ ဖြစ်လာခဲ့ပါတယ်။

Ariana ကို ဒီကောလဟာလတွေသာ သွားပြောမယ်ဆိုရင်တော့ သူမ ပြန်ပြောမယ့် တစ်ခုတည်းသော ဝေဖန်ချက်က “ချစ်စရာလေးပါဟာ” ဆိုတာမျိုးပဲဖြစ်မှာပါ။ လူတော်တော်များများကလည်း Kate ရဲ့ Instagram မှာတင်ထားတဲ့ပုံတွေရဲ့အောက်မှာ အမျိုးမျိုးဝေဖန်ပြောဆိုကြပြီး Kate ကလည်း အခွင့်ကြုံရင်ကြုံသလို ပြန်လည်ချေပနေတော့တာပါပဲ။ တစ်ခါတစ်ရံမှာ လူတွေက သူတို့ထင်တဲ့အရာတွေကိုတစ်ဖက်ပိတ်ဝေဖန်တာတို့၊ မေးခွန်းထုတ်တာတို့ပြုလုပ်ထားရင်တောင် သူမက အတည်ပြုတဲ့ပုံစံမျိုးမဟုတ်ဘဲ ပရိသတ်တွေ အသည်းယားအောင် ပြန်ချေပတတ်ပါသေးတယ်။ ဝေဖန်ထားတာကို ပြန်လည်ချေပတာမျိုးအပြင် စနောက်ထားရင်လည်း ပြန်လည်စနောက်လိုက်တာမျိုးတွေကိုလည်း ခဏခဏတွေ့မြင်ရပါတယ်။

 

 

ဘယ်လိုမဆို အခုချိန်ထိ သူတို့နှစ်ဦးလုံးက ကောလဟာလတွေနဲ့ပတ်သက်ပြီး အတည်မပြုသေးတော့ အတည်ပြုလာမယ့်အချိန်ကိုလည်းစောင့်စားရင်း ပရိသတ်တွေကိုယ်တိုင်ကလည်း စောင့်ကြည့်နေရမှာပဲဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro