HomeEntertainment"The Punisher" နဲ့ "Jessica Jones" ဇာတ်လမ်းတွဲတို့ကို Netflix မှ ဖျက်သိမ်း။

“The Punisher” နဲ့ “Jessica Jones” ဇာတ်လမ်းတွဲတို့ကို Netflix မှ ဖျက်သိမ်း။

- Advertisement -

“Marvel Defenders” လို့ လူသိများတဲ့ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “The Punisher” နဲ့ “Jessica Jones” ဇာတ်ကားတွဲတွေကို ဇာတ်သိမ်းခါနီးမှ ဆက်လက်ပြသမယ့်အစီအစဉ်ကို Netflix က ဖျက်သိမ်းခဲ့ပါတယ်။

Netflix ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “Marvel ရုပ်ရှင်ကုမ္ပဏီရဲ့လက်ရာဖြစ်တဲ့ “The Punisher” ဇာတ်လမ်းတွဲ တတိယပိုင်းကို Netflixမှာ ကြည့်လို့ရတော့မှာမဟုတ်ပါဘူး။ “The Punisher” နဲ့ “Jessica Jones” ဇာတ်ကားတို့ကို Netflix မှာနှစ်တော်တော်များများ ပြသခွင့်ရတဲ့အတွက်လည်း ကျွန်တော်တို့က ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီဇာတ်ကားတွေကို စတင်ပြသကတည်းကနေ စဉ်ဆက်မပြတ်အားပေးကြည့်ရှုခဲ့တဲ့ ပရိသတ်တွေကိုလည်း တကယ်ပဲကျေးဇူးတင်ပါတယ်။ Marvel ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကိုလည်း  ကျွန်တော်တို့နဲ့အတူတူ နှစ်ဦးနှစ်ဖက်အကျိုးမြတ်ရစေခဲ့တဲ့ စီးပွားရေးမိတ်ဖက်အဖြစ် ငါးနှစ်တိုင်တိုင်လက်တွဲခဲ့တဲ့ အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ သို့ပေမယ့်လည်း ထိုဇာတ်ကားတွေရဲ့ တတိယပိုင်းကို ကျွန်တော်တို့ Netflix ရုပ်ရှင်ပြသရေးအစီအစဉ်ကနေ ဆက်လက်ပြသဖို့မရှိတော့ပါဘူး” လို့ BuzzFeed သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Marvelရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တခြားသူရဲကောင်းဇာတ်ကားတွေဖြစ်တဲ့ “Luke Cage” ၊ “Daredevil” နဲ့ “Iron Fist” ဇာတ်ကားတို့ကိုလည်း ဆက်လက်ပြသဖို့မရှိကြောင်းကိုပါ တစ်ပါးတည်းပြောကြားခဲ့ပါတယ်။

Netflix က ၂၀၁၆မှာစတင်ပြသခဲ့တဲ့ “The Punisher” ဇာတ်ကားထဲမှာ Frank Castle အဖြစ် သရုပ်ဆောင်ထားတဲ့ ခေါင်းဆောင်မင်းသား Jon Bernthal ကို “Daredevil” ဇာတ်ကားထဲမှာလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ Jeph Loeb ဆိုသူ ဇာတ်ညွှန်းရေးဆရာက ပရိသတ်တွေအတွက် ရည်ညွှန်းရေးသားထားတဲ့ ကျေးဇူးတင်လွှာမှာ အပိုင်း ၁၆၁ ပိုင်းပါတဲ့ ဇာတ်လမ်းတွဲ ၄တွဲလုံးကို ရိုက်ကူးထုတ်လုပ်ရာတွင် ပါဝင်ကူညီပေးကြတဲ့ အဖွဲ့သားတွေကို အထူးကျေးဇူးတင်ကြောင်းကိုလည်း ရေးသား ဖော်ပြထားပါသေးတယ်။ “ကျွန်တော်တို့ရဲ့ စီးပွားရေးမိတ်ဖက်ကြီးက ဒီသူရဲကောင်းဇာတ်ကောင်တွေအကြောင်းကို ဆက်ပြီး မပြောပြနိုင်တော့ဘူးဆိုပေမယ့် Marvel ရုပ်ရှင်ထုတ်လုပ်ရေးက တစ်ခုခုစီစဉ်မှာပါ။ Mathew Murdock ရဲ့ အဖေပြောတဲ့အတိုင်းပဲ “လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကို တိုင်းတာမယ်ဆိုရင် သူဘယ်နှစ်ကြိမ်လဲကျတယ်ဆိုတာထက် လဲကျတိုင်း သူဘယ်လိုပြန်လည်ရပ်တည်ဖို့  ကြိုးစားတယ်ဆိုတာကို ကြည့်ရမှာဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

ကြည့်ရှုသူပရိသတ်တွေက စိတ်ပျက်သွားပေမယ့်လည်း သူတို့သဘောကျရတဲ့ သရုပ်ဆောင်တွေကို ပြန်မြင်ရဖို့အတွက်တော့ မျှော်လင့်နေကြသေးတာပေါ့။ Marvelရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Disney ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဟာလည်း သူရဲ့ဇာတ်ကားတွေကို ကြည့်ရှုသူပရိသတ်ဆီ အရောက်ပို့ဖို့အတွက် Netflix လိုမျိုး Streaming Service တစ်ခုကို တီထွင်ဖန်တီးနေတယ်လို့လည်းသိရပါတယ်။ သရုပ်ဆောင်မင်းသားချော Bernthal ကတော့ The Punisher ဇာတ်ကားထဲက ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ဖို့အတွက် ကူညီပေးခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စုရေတပ်က တပ်မတော်သားတွေနဲ့ ဥပဒေဆိုင်ရာပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို ကျေးဇူးတင်တဲ့အပြင် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ကို သူ့ရဲ့ Instagramအကောင့်တွင် ရေးသားထားပါတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 5 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...