နောက်ဆုံးမှာတော့ Jonas Brothers အဖွဲ့ဟာ ပြန်လည်ပေါင်းစည်းဖို့အတွက် ပြင်ဆင်လာကြပါပြီ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက ကွဲကွာခဲ့ကြတဲ့ သူတို့ သုံးဦးဟာ ကိုယ်ပိုင်ဂီတလမ်းကြောင်းပေါ်ကို ကိုယ်စီလျှောက်လှမ်းနေကြပြီး တစ်ဦးနဲ့တစ်ဦးရဲ့ ဂီတလမ်းကြောင်းဟာလည်း တူညီခြင်း မရှိခဲ့ကြပါဘူး။
Nick, Joe နဲ့ Kevin တို့ သုံးဦးဟာ လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက ကွဲကွာခဲ့ကြပြီး အခုချိန်မှ ပြန်လည်ပေါင်းစည်းဖို့အတွက် စတင် ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ကောလဟာဟ ထွက်ပေါ်လာခဲ့ခြင်းကလည်း ၂၀၁၈ ဇန်နဝါရီလက သူတို့ ၃ ဦးအဖွဲ့ရဲ့ Instagram အကောင့်ဖြစ်တဲ့ JoBros အကောင့်ကို Activate ပြန်လုပ်ခဲ့ပြီးနောက်ပိုင်းမှာ စတင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပါတယ်။ တစ်ချို့သော သတင်းအရင်းအမြစ်တွေအရ သူတို့အဖွဲ့နံမည်ကို JONAS လို့ ပြောင်းလဲမှာဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share