Breaking News

အနာဂတ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ နေမာရဲ့ ကစားသမားဘဝ ကျရှုံးခန်းများ။

၂၀၁၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နာမည်ကြီးဘရာဇီးလက်ရွေးစင်အသင်း ဗိုလ်စွဲရန်အတွက် ပြည်သူအများမှ မျှော်လင့်ခဲ့ကြပါတယ်။ နေမာဟူသော ဘောလုံးကြယ်ပွင့်တစ်ပွင့် ထွန်းတောက်လာခြင်းနဲ့အတူ ဘရာဇီးပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ဟာ နေမာနဲ့ ဘရာဇီးအသင်းပေါ်တွင် စုပြုံရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဥရုဂွေးအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ရူနီဂါရဲ့ ကြမ်းတမ်းသည့်ကစားပုံကြောင့် နောက်ကျောဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည့် နေမာတစ်ယောက် ဂျာမနီအသင်းနဲ့ ကစားခဲ့သည့် ဆီမီးဖို်င်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။ အဆိုပါပွဲရဲ့ ပွဲမစတင်ခင်တွင် နေမာနဲ့အတူတကွရှိနေကြောင်း အားပေးသည့်အနေဖြင့် ဘရာဇီးအသင်းဖော်နှစ်ယောက်ဖြစ်တဲ့ ဒေးဗစ်လုဇ်နဲ့ဂျူလီယိုဆီဆာတို့ နှစ်ယောက်က နေမာရဲ့ ဂျာစီကို ကိုင်ဆောင်ကာ ဘရာဇီးနိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဂျာမနီအသင်းက ဘရာဇီးအသင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ဘရာဇီးပြည်သူများရဲ့ ကမ္ဘာ့ချန်ပီယံအိမ်မက်ကို ချေမှုန်းခဲ့ကြပါတယ်။ ဒါ့အပြင် ဘရာဇီးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်တွင်လည်း လူးဝစ်ဗန်ဟားလ်ကိုင်တွယ်နေတဲ့ နယ်သာလန်လက်ရွေးစင်အသင်းကို ထပ်မံရှုံးနိမ့့်ခဲ့တာကြောင့် တတိယနေရာပင်မရရှိဘဲ စတုတ္ထအဆင့်တွင်ပင် ကျေနပ်ခဲ့ရပါတယ်။

၂၀၁၄-၁၅ ဘောလုံးရာသီတွင်မူ နေမာဟာ သူ့ရဲ့ မှော်ဆန်သည့်ခြေစွမ်းများကြောင့် စီရော်နယ်ဒိုနဲ့ မက်ဆီတို့ခေတ်လွန် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း ထင်ကြေးများထွက်ပေါ်ခဲ့ကြပါတယ်။ နောက်တစ်ရာသီတွင်မူ ဘာစီလိုနာအသင်းရဲ့ MSN ဟူ၍အမည်ရတဲ့ မက်ဆီ နေမာ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်အတွဲ သုံးယောက်ပေါင်း သွင်းဂိုး (၁၃၁) ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး စံချိန်မှတ်တမ်းသစ်ကိုယ်စီရေးထိုးနိုင်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်နွေရာသီတွင်မူ နေမာကို ပြင်သစ်လီဂူးထိပ်သီးကလပ် PSG အသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် ၁၉၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘရာဇီးလက်ရွေးစင်ကစားသမားအတွက်လည်း တစ်ပတ်လုပ်ခ ပေါင် ၆၀၀,၀၀၀ အထိ ပေးချေခဲ့ပါတယ်။ ဒီပြောင်းရွှေ့ကြေးပမာဏဟာ လက်ရှိအချိန်ထိ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး အပြောင်းအရွှေ့အဖြစ် စံချိန်တင်နေဆဲလည်း ဖြစ်ပါတယ်။

PSG အသင်းတွင်မူ နေမာကို အသင်းပိုင်ရှင်ဖြစ်သည့် အယ်ခီလိုင်ဖီက သိသိသာသာ မျက်နှာသာပေးမှုများ ရှိခဲ့ပြီး နေမာနဲ့ ပင်နယ်တီလုကန်ရင်း ပွဲကစားချိန်အတွင်း ပြဿနာဖြစ်ပွားခဲ့တဲ့ ဥရုဂွေးနာမည်ကျော်တိုက်စစ်မှူး ကာဗာနီကို ယူရို (၁) သန်းပေးပြီး သူ့ရဲ့ပင်နယ်တီကန်သွင်းခွင့်အား နေမာထံ လွှဲပေးရန် တောင်းဆိုခဲ့သော်လည်း ကာဗာနီကိုယ်တိုင်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် PSG အသင်းသားများကိုလည်း နေမာ ဒဏ်ရာရရှိမည်စိုးရိမ်သဖြင့် လေ့ကျင့်ရေးကွင်းတွင် နေမာကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားခြင်းမပြုရန် ညွှန်ကြားထားခဲ့တယ်လို့လည်း သိရှိရပါတယ်။ နေမာဟာ PSG အသင်းနဲ့အတူ ပထမဆုံးဘောလုံးရာသီတွင် ပြိုင်ပွဲစုံ (၅၃) ပွဲကစားပြီး (၄၈) ဂိုးသွင်းယူပေးနိုင်ခဲ့ကာ တစ်ရာသီအတွင်း ပြည်တွင်းဖလားသုံးလုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း နေမာဟာ ကွင်းအတွင်းမှာ သူ့ရဲ့လွန်ကဲတဲ့ အမူအရာများ၊ ဟန်ဆောင်လှဲချမှုများကြောင့် ပရိသတ်များ၊ မီဒီယာများရဲ့ ဝိုင်းဝန်းဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တဲ့ နေမာဟာ အသင်းအတွက် (၅) ပွဲပါဝင်ကစားပေးခဲ့ပြီး (၂) ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပေမယ့် ကွင်းထဲတွင် လူးလှိမ့်ရင်းကုန်ဆုံးခဲ့သည့် အချိန်က (၁၄) မိနစ်အထိ ရှိခဲ့ကြောင်း စစ်တမ်းများက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲတွင်လည်း စီရော်နယ်ဒို၊ မက်ဆီတို့ ခေတ်လွန် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ နေမာတစ်ယောက် ဆုနဲ့ လွဲချော်ခဲ့ရတဲ့အပြင် ယခင် စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့နောက် အဆင့် (၃) နေရာမှာ ရပ်တည်နေနိုင်ခဲ့တဲ့ အဆိုပါကစားသမားအနေနဲ့ ၂၀၁၈ ခုနှစ်မှာ အဆင့် (၁၂) နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။

<Unicode Version>

 

 

 

အနာဂတ္ရဲ႕ ကမာၻ႕အေကာင္းဆံုး ကစားသမားဆုရွင္အျဖစ္ သတ္မွတ္ျခင္းခံထားရတ့ဲ ေနမာရဲ႕ ကစားသမားဘဝ က်ရံႈးခန္းမ်ား။

၂၀၁၄ ခုႏွစ္တြင္ ဘရာဇီးႏုိင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခ့ဲတ့ဲ ကမာၻ႕ဖလားၿပိဳင္ပြဲတြင္ နာမည္ႀကီးဘရာဇီးလက္ေရြးစင္အသင္း ဗုိလ္စြဲရန္အတြက္ ျပည္သူအမ်ားမွ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ေနမာဟူေသာ ေဘာလံုးၾကယ္ပြင့္တစ္ပြင့္ ထြန္းေတာက္လာျခင္းနဲ႔အတူ ဘရာဇီးျပည္သူအားလံုးရဲ႕  ေမွ်ာ္လင့္ခ်က္ဟာ ေနမာနဲ႔ ဘရာဇီးအသင္းေပၚတြင္ စုၿပံဳေရာက္ရွိခ့ဲပါတယ္။ ဒါေပမ့ဲ ဥရုေဂြးအသင္းနဲ႔ ကြာတားဖုိင္နယ္ပဲြစဥ္တြင္ ၿပိဳင္ဘက္ကစားသမား ရူနီဂါရဲ႕ ၾကမ္းတမ္းသည့္ကစားပံုေၾကာင့္  ေနာက္ေက်ာဒဏ္ရာ ျပင္းျပင္းထန္ထန္ ရရွိခ့ဲသည့္ ေနမာတစ္ေယာက္ ဂ်ာမနီအသင္းနဲ႔ ကစားခ့ဲသည့္ ဆီမီးဖို္င္နယ္ပဲြစဥ္ကို လြဲေခ်ာ္ခ့ဲရပါတယ္။ အဆုိပါပဲြရဲ႕ ပဲြမစတင္ခင္တြင္ ေနမာနဲ႔အတူတကြရွိေနေၾကာင္း အားေပးသည့္အေနျဖင့္ ဘရာဇီးအသင္းေဖာ္ႏွစ္ေယာက္ျဖစ္တ့ဲ ေဒးဗစ္လုဇ္နဲ႔ဂ်ဴလီယိုဆီဆာတုိ႔ ႏွစ္ေယာက္က ေနမာရဲ႕ ဂ်ာစီကုိ ကုိင္ေဆာင္ကာ ဘရာဇီးႏုိင္ငံေတာ္သီခ်င္းကို သီဆုိခ့ဲၾကပါတယ္။ ဒါေပမယ့္ ဂ်ာမနီအသင္းက ဘရာဇီးအသင္းကို ၇-၁ ဂုိးျဖင့္ ဂိုးျပတ္အႏုိင္ယူကာ ဘရာဇီးျပည္သူမ်ားရဲ႕ ကမာၻ႕ခ်န္ပီယံအိမ္မက္ကို  ေခ်မႈန္းခ့ဲၾကပါတယ္။ ဒါ့အျပင္ ဘရာဇီးအသင္းဟာ ဆီမီးဖုိင္နယ္အဆင့္တြင္လည္း လူးဝစ္ဗန္ဟားလ္ကိုင္တြယ္ေနတ့ဲ နယ္သာလန္လက္ေရြးစင္အသင္းကို ထပ္မံရံႈးနိမ့့္ခ့ဲတာေၾကာင့္ တတိယေနရာပင္မရရွိဘဲ စတုတၳအဆင့္တြင္ပင္ ေက်နပ္ခ့ဲရပါတယ္။

၂၀၁၄-၁၅ ေဘာလံုးရာသီတြင္မူ ေနမာဟာ သူ႔ရဲ႕ ေမွာ္ဆန္သည့္ေျခစြမ္းမ်ားေၾကာင့္ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ေခတ္လြန္ ကမာၻ႕အေကာင္းဆံုး ကစားသမားဆုကို ရယူႏုိင္လိမ့္မည္ျဖစ္ေၾကာင္း ထင္ေၾကးမ်ားထြက္ေပၚခ့ဲၾကပါတယ္။ ေနာက္တစ္ရာသီတြင္မူ ဘာစီလိုနာအသင္းရဲ႕ MSN ဟူ၍အမည္ရတ့ဲ မက္ဆီ ေနမာ ဆြာရက္ဇ္တုိ႔ရဲ႕ တိုက္စစ္အတြဲ သံုးေယာက္ေပါင္း သြင္းဂုိး (၁၃၁) ဂိုးကို သြင္းယူေပးႏုိင္ခ့ဲၿပီး စံခ်ိန္မွတ္တမ္းသစ္ကုိယ္စီေရးထိုးႏုိင္ခ့ဲၾကပါတယ္။ ၂၀၁၆ ခုႏွစ္ေႏြရာသီတြင္မူ ေနမာကို ျပင္သစ္လီဂူးထိပ္သီးကလပ္ PSG အသင္းက ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္သည့္ ေပါင္ ၁၉၄ သန္းနဲ႔ ေခၚယူခ့ဲၿပီး ဘရာဇီးလက္ေရြးစင္ကစားသမားအတြက္လည္း တစ္ပတ္လုပ္ခ ေပါင္ ၆၀၀,၀၀၀ အထိ ေပးေခ်ခ့ဲပါတယ္။ ဒီေျပာင္းေရႊ႕ေၾကးပမာဏဟာ လက္ရွိအခ်ိန္ထိ ကမာၻ႕တန္ဖိုးအႀကီးမားဆံုး အေျပာင္းအေရႊ႕အျဖစ္ စံခ်ိန္တင္ေနဆဲလည္း ျဖစ္ပါတယ္။

PSG အသင္းတြင္မူ ေနမာကို အသင္းပိုင္ရွင္ျဖစ္သည့္ အယ္ခီလုိင္ဖီက သိသိသာသာ မ်က္ႏွာသာေပးမႈမ်ား ရွိခ့ဲၿပီး ေနမာနဲ႔ ပင္နယ္တီလုကန္ရင္း ပြဲကစားခ်ိန္အတြင္း ျပႆနာျဖစ္ပြားခ့ဲတ့ဲ ဥရုေဂြးနာမည္ေက်ာ္တိုက္စစ္မွဴး ကာဗာနီကို ယူရို (၁) သန္းေပးၿပီး သူ႔ရဲ႕ပင္နယ္တီကန္သြင္းခြင့္အား ေနမာထံ လႊဲေပးရန္  ေတာင္းဆုိခ့ဲေသာ္လည္း  ကာဗာနီကိုယ္တိုင္က ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ဒါ့အျပင္ PSG အသင္းသားမ်ားကိုလည္း ေနမာ ဒဏ္ရာရရွိမည္စုိးရိမ္သျဖင့္ ေလ့က်င့္ေရးကြင္းတြင္ ေနမာကို ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္ကစားျခင္းမျပဳရန္ ညႊန္ၾကားထားခ့ဲတယ္လို႔လည္း သိရွိရပါတယ္။ ေနမာဟာ PSG အသင္းနဲ႔အတူ ပထမဆံုးေဘာလံုးရာသီတြင္ ၿပိဳင္ပြဲစံု (၅၃) ပြဲကစားၿပီး (၄၈) ဂိုးသြင္းယူေပးႏုိင္ခ့ဲကာ တစ္ရာသီအတြင္း ျပည္တြင္းဖလားသံုးလံုးကိုလည္း ဆြတ္ခူးႏုိင္ခ့ဲပါတယ္။

၂၀၁၈ ခုႏွစ္ ကမာၻ႕ဖလားၿပိဳင္ပြဲတြင္လည္း ေနမာဟာ ကြင္းအတြင္းမွာ သူ႔ရဲ႕လြန္ကဲတ့ဲ အမူအရာမ်ား၊ ဟန္ေဆာင္လွဲခ်မႈမ်ားေၾကာင့္ ပရိသတ္မ်ား၊ မီဒီယာမ်ားရဲ႕ ဝုိင္းဝန္းေဝဖန္ျခင္းကို ခံခ့ဲရပါတယ္။ ရုရွားႏုိင္ငံက အိမ္ရွင္အျဖစ္ က်င္းပခ့ဲတ့ဲ အဆိုပါ ကမာၻ႕ဖလားၿပိဳင္ပြဲတြင္ ဘရာဇီးအသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ပါဝင္ကစားခြင့္ရခ့ဲတ့ဲ ေနမာဟာ အသင္းအတြက္ (၅) ပြဲပါဝင္ကစားေပးခ့ဲၿပီး (၂) ဂိုးသာ သြင္းယူေပးႏုိင္ခ့ဲေပမယ့္ ကြင္းထဲတြင္ လူးလွိမ့္ရင္းကုန္ဆံုးခ့ဲသည့္ အခ်ိန္က (၁၄) မိနစ္အထိ ရွိခ့ဲေၾကာင္း စစ္တမ္းမ်ားက ေဖာ္ျပခ့ဲပါတယ္။

ဒါ့အျပင္ ၂၀၁၈ ခုႏွစ္အတြက္ ကမာၻ႔အေကာင္းဆံုး ကစားသမားဆုေပးပြဲတြင္လည္း စီေရာ္နယ္ဒို၊ မက္ဆီတို႔ ေခတ္လြန္ ကမာၻ႕အေကာင္းဆံုး ကစားသမားဆုရွင္အျဖစ္ သတ္မွတ္ခံထားရတ့ဲ ေနမာတစ္ေယာက္ ဆုနဲ႔ လြဲေခ်ာ္ခ့ဲရတ့ဲအျပင္ ယခင္ စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ရဲ႕ေနာက္ အဆင့္ (၃) ေနရာမွာ ရပ္တည္ေနႏုိင္ခ့ဲတ့ဲ အဆုိပါကစားသမားအေနနဲ႔ ၂၀၁၈ ခုႏွစ္မွာ အဆင့္ (၁၂) ေနရာအထိ ေရာက္ရွိသြားခ့ဲပါတယ္။

<Zawgyi Version>

 

 

#HM(Soshwe)

#SoshweSports

#SoshweForyourDailyLife

#Like&Share

About admin

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro