Breaking News

Cursed Child Painting ဟုအမည်ရသည့် Dorian Grey ပန်းချီကားရဲ့ နောက်ကွယ်မှ ဖြစ်ရပ်ဆန်းများ။

Netflix ပရိသတ်တွေ တခဲနက်ကြည့်ရှုအားပေးကြတဲ့ The Witches ရုပ်ရှင်ဇာတ်ကားမှ Dorian Grey ဆိုသည့် ပန်းချီကားသည် လူအများကြား ထင်ရှားကျော်ကြားခဲ့ပြီး သဘာဝလွန်ဖြစ်ရပ်ဆန်းများနဲ့ ဆက်စပ်လျက်ရှိတယ်လို့ သိရှိရပါတယ်။ လွန်ခဲ့သည့် (၁၉၅၀)ပြည့်နှစ်ကာလများတွင် အီတလီလူမျိုး ပန်းချီဆရာတစ်ယောက်ဖြစ်သည့် ဂျီယိုဗန်နီဘရာဂိုလင်းက ယခုကဲ့သို့သော လူပုံတူပန်းချီကား အရေအတွက်(၆၀) ကျော်အထိ ရေးဆွဲခဲ့ပါတယ်။ ဒီပန်းချီကားတစ်ချပ်ချင်းကို ဘရာဂိုလင်းက မျက်ရည်ကျနေသည့် ကလေးငယ်လေးတစ်ယောက်မှ မကြာခဏဆိုသလို ခပ်မွဲမွဲနဲ့ ကြည့်နေသည့် ပုံစံမျိုးကို ရေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဂိုလင်းရဲ့ နာမည်အရင်းမှာမူ ဘရူနိုအမာဒီယိုဖြစ်ပြီး သူဟာ ဖရန်ချော့ဆီဗီးလ်ဆိုသည့် နာမည်လည်း ရှိခဲ့ပါသေးတယ်။

အခုလိုမျိုး ဝမ်းနည်းဖွယ်ရာ ပန်းချီကားများကို ဒုတိယကမ္ဘာစစ်အား အမှတ်ရသောအထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သောပွဲများတွင်လည်း ပြသခဲ့ဖူးပြီး အီတလီနိုင်ငံတွင် လူသိများကျော်ကြားခဲ့တဲ့ အဆိုပါပန်းချီကားများကို ဗြိတိန်နိုင်ငံတွင်လည်း ပုံစံတူ (၅၀,၀၀၀) နဲ့ အထက်ရေးဆွဲခဲ့ပါသေးတယ်။

သို့သော်လည်း (၁၉၈၀) နောက်ပိုင်းကာလများတွင်မူ အဆိုပါပန်းချီကားအတွင်းမှ ကလေးငယ်လေးရဲ့ မျက်လုံးကို ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်ခဲ့ကြပြီး ချစ်စရာကောင်းသော ကလေးငယ်တစ်ယောက်ရဲ့ မျက်လုံးအဖြစ် ပုံစံပြောင်းရေးဆွဲခဲ့ကြပါတယ်။ နောက်ပိုင်းတွင်မူ ဒေါက်တာဒေးဗစ်ကလက်ခ်ဆိုသူက သူ့ရဲ့ The Curse of the Crying Boy ဆိုတဲ့ ဆောင်းပါးမှတစ်ဆင့် အဆိုပါ ပန်းချီကားနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်းဖြစ်ရပ်များကို ရေးသားဖော်ပြခဲ့ပါတယ်။ ရိုသာဒမ်မြို့တွင်နေထိုင်သည့် ရွန်နဲ့မေဟောလ်တို့ နှစ်ဦးရဲ့ နေအိမ်မီးလောင်ကျွမ်းမှုဟာ အဆိုပါပန်းချီကားကြောင့် ဖြစ်နိုင်ကြောင်း ကာယကံရှင်များက ယုံကြည်နေကြပါတယ်။ နှစ်ပေါင်း (၂၇) နှစ်ကြာ နေထိုင်လာခဲ့သည့် အဆိုပါအိမ်ကြီးတစ်အိမ်လုံး မီးလောင်ကျွမ်းခံရချိန်မှာ ပန်းချီကားကို မီးစွဲခြင်း လုံးဝမရှိခဲ့တဲ့အပြင် မီးခိုးငွေ့များပင် မဟပ်ခဲ့ကြောင်း ကာယကံရှင်နှစ်ဦးက ပြောပြခဲ့တယ်လို့ ဒေါက်တာကလပ်ခ်ရဲ့ဆောင်းပါးအတွင်း၌ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါအိမ်ကြီးအတွင်း ဝင်ရောက်မီးငြိှမ်းသတ်ခဲ့ကြသည့် မီးသတ်သမားများကလည်း ပန်းချီကားနဲ့ ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာများ တွေ့ရှိခဲ့ကြကြောင်း ချက်ချင်းဆိုသလိုပဲ သတင်းများ ပျံ့နှံ့သွားခဲ့ပေမယ့် လုံလောက်တဲ့ သတင်းထုတ်ပြန်ချက်များ၊ ဖြေရှင်းမှုများ မပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

ယခုကဲ့သို့ သတင်းများ ပျံ့နှံ့လာပြီးနောက်တွင် အခြားသောပုဂ္ဂိုလ်များကလည်း ကျိန်စာသင့်နေသည့်အဆိုပါပန်းချီကားနဲ့ပတ်သက်ပြီး ၄င်းတို့ရဲ့ အတွေ့အကြုံများကို မျှဝေခဲ့ကြပါတယ်။ အမျိုးသမီးတစ်ယောက်ကလည်း သူမအနေနဲ့ ဒီပန်းချီကားကို မီးရှို့ဖျက်ဆီးသည်အထိ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတွင်မူ အဆိုပါပန်းချီကားကို လုံးဝဖျက်ဆီး၍မရကြောင်း ပြောကြားသွားပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ဦးကလည်း သူမရဲ့ ခင်ပွန်းသည်နဲ့သားသုုံးယောက်တို့ရဲ့ ကွယ်လွန်မှုက အဆိုပါ ပန်းချီကားနဲ့ ပတ်သက်ဆက်စပ်နေကြောင်း အတိအလင်းပြောကြားသွားပါတယ်။

ထင်ရှားကျော်ကြားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ဒိုင်ယာဘလိုလို့ အမည်ရသည့် ကောင်လေးတစ်ယောက်က အဆိုပါပန်းချီကားကို ဖျက်ဆီးဖို့အတွက် ပန်းချီပြခန်းတစ်ခုလုံးကို မီးရှို့ပစ်ခဲ့ပြီး နောက်ပိုင်းတွင်မူ သူကိုယ်တိုင်လည်း မီးလောင်ကျွမ်းခံလိုက်ရပါတယ်။

တွစ်တာအသုံးပြုသူ အမျိုးသမီးတစ်ဦးမှလည်း သူမရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် ကျိန်စာသင့်ပန်းချီကားကို ဓာတ်ပုံရိုက်ကူးကာ “ ဒီပန်းချီကားကို ဝယ်ယူခဲ့တဲ့သူတွေရဲ့အိမ်တွေဟာ မီးလောင်ပြီး ပြာကျသွားပေမယ့် ဒီပန်းချီကားကတော့ မီးတောင်မစွဲခဲ့ဘူးလို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ ဒါကို မယုံပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ ဒီပန်းချီကားကို ဝယ်မှာမဟုတ်ဘူး။” ဆိုပြီး ရေးသားခဲ့တယ်လို့လည်း သိရှိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အမျိုးသမီးတစ်ယောက်က “ကျွန်မဘိုးဘွားတွေဆီမှာ ဒီလိုပုံတူပန်းချီကားမျိုးရှိပါတယ်။ ညဘက်ကျတော့ ကောင်မလေးတစ်ယောက်က တယောတီးနေတာကြောင့် ကျွန်မကတော့ အိပ်ရာဝင်ရတာကိုတောင် မုန်းတီးလာပါတယ်။” ဆိုပြီးတော့လည်း ပြောကြားခဲ့ပါတယ်။

သို့သော်လည်း ဒီလိုဖြစ်ရပ်များနဲ့ ပတ်သက်ပြီး ပရော်ဖက်ဆာ ပါကစ်က “လူတွေပြောနေကြတဲ့ ကိစ္စတွေက အကျိုးအကြောင်းဆက်စပ်မှုမရှိပါဘူး။ အထူးသဖြင့် မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေမှာပေါ့။ သူတို့ရဲ့အိမ်တွေ မီီးလောင်ကျွမ်းခံရတာက သူတို့ရဲ့ ပေါ့လျော့မှုကြောင့် ဒါမှမဟုတ် မီးဖိုပေါ် ဒယ်အိုးတင်ပြီး မီးမပိတ်ဘဲမေ့သွားတာကြောင့် မဟုတ်ဘဲ ဒီလိုပန်းချိီကားတစ်ချပ်ကြောင့်ဆိုပြီး အပြစ်တင်ရတာ တော်တော်သက်တောင့်သက်သာရှိတဲ့ပုံပါပဲ။ တကယ်လို့ ကျိန်စာသင့်နေတဲ့ ပန်းချီကားက မီးလောင်စေတယ်ဆိုရင် ခင်ဗျားက မီးဖိုပေါ်မှာတစ်ခုခုတင်ထားခဲ့ပြီး သတိမေ့သွားလို့ဆိုတာထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ခင်ဗျားဆီမှာလည်း တာဝန်မရှိတော့ဘူးပေါ့။” ဆိုပြီး UNILAD ကိို ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

Cursed Child Painting ဟုအမည္ရသည့္ Dorian Grey ပန္းခ်ီကားရဲ႕ ေနာက္ကြယ္မွ ျဖစ္ရပ္ဆန္းမ်ား။

Netflix ပရိသတ္ေတြ တခဲနက္ၾကည့္ရႈအားေပးၾကတ့ဲ The Witches ရုပ္ရွင္ဇာတ္ကားမွ Dorian Grey ဆိုသည့္ ပန္းခ်ီကားသည္ လူအမ်ားၾကား ထင္ရွားေက်ာ္ၾကားခ့ဲၿပီး သဘာဝလြန္ျဖစ္ရပ္ဆန္းမ်ားနဲ႔ ဆက္စပ္လ်က္ရွိတယ္လို႔ သိရွိရပါတယ္။ လြန္ခဲ့သည့္ (၁၉၅၀)ျပည့္ႏွစ္ကာလမ်ားတြင္ အီတလီလူမ်ိဳး ပန္းခ်ီဆရာတစ္ေယာက္ျဖစ္သည့္ ဂ်ီယိုဗန္နီဘရာဂိုလင္းက ယခုက့ဲသို႔ေသာ လူပုံတူပန္းခ်ီကား အေရအတြက္(၆၀) ေက်ာ္အထိ ေရးဆြဲခ့ဲပါတယ္။ ဒီပန္းခ်ီကားတစ္ခ်ပ္ခ်င္းကို ဘရာဂိုလင္းက မ်က္ရည္က်ေနသည့္ ကေလးငယ္ေလးတစ္ေယာက္မွ မၾကာခဏဆုိသလို ခပ္မြဲမြဲနဲ႔ ၾကည့္ေနသည့္ ပုံစံမ်ိဳးကုိ ေရးဆြဲခ့ဲတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဘရာဂိုလင္းရဲ႕ နာမည္အရင္းမွာမူ ဘရူႏုိအမာဒီယိုျဖစ္ၿပီး သူဟာ ဖရန္ေခ်ာ႔ဆီဗီးလ္ဆုိသည့္ နာမည္လည္း ရွိခ့ဲပါေသးတယ္။

အခုလိုမ်ိဳး ဝမ္းနည္းဖြယ္ရာ ပန္းခ်ီကားမ်ားကို ဒုတိယကမာၻစစ္အား အမွတ္ရေသာအထိမ္းအမွတ္အျဖစ္ က်င္းပခ့ဲေသာပြဲမ်ားတြင္လည္း ျပသခ့ဲဖူးၿပီး အီတလီႏုိင္ငံတြင္ လူသိမ်ားေက်ာ္ၾကားခ့ဲတ့ဲ အဆုိပါပန္းခ်ီကားမ်ားကို ၿဗိတိန္ႏုိင္ငံတြင္လည္း ပုံစံတူ (၅၀,၀၀၀) နဲ႔ အထက္ေရးဆြဲခ့ဲပါေသးတယ္။

သို႔ေသာ္လည္း (၁၉၈၀) ေနာက္ပိုင္းကာလမ်ားတြင္မူ အဆုိပါပန္းခ်ီကားအတြင္းမွ ကေလးငယ္ေလးရဲ႕ မ်က္လံုးကို ျပင္ဆင္ေရးဆြဲမႈမ်ား ျပဳလုပ္ခ့ဲၾကၿပီး ခ်စ္စရာေကာင္းေသာ ကေလးငယ္တစ္ေယာက္ရဲ႕ မ်က္လံုးအျဖစ္ ပုံစံေျပာင္းေရးဆြဲခ့ဲၾကပါတယ္။ ေနာက္ပိုင္းတြင္မူ ေဒါက္တာေဒးဗစ္ကလက္ခ္ဆုိသူက သူ႔ရဲ႕ The Curse of the Crying Boy ဆိုတ့ဲ ေဆာင္းပါးမွတစ္ဆင့္ အဆုိပါ ပန္းခ်ီကားနဲ႔ ပတ္သက္ၿပီး ထူးထူးဆန္းဆန္းျဖစ္ရပ္မ်ားကုိ ေရးသားေဖာ္ျပခ့ဲပါတယ္။ ရိုသာဒမ္ၿမိဳ႕တြင္ေနထိုင္သည့္ ရြန္နဲ႔ေမေဟာလ္တုိ႔ ႏွစ္ဦးရဲ႕ ေနအိမ္မီးေလာင္ကြ်မ္းမႈဟာ အဆုိပါပန္းခ်ီကားေၾကာင့္ ျဖစ္ႏုိင္ေၾကာင္း ကာယကံရွင္မ်ားက ယံုၾကည္ေနၾကပါတယ္။ ႏွစ္ေပါင္း (၂၇) ႏွစ္ၾကာ ေနထိုင္လာခ့ဲသည့္ အဆိုပါအိမ္ႀကီးတစ္အိမ္လံုး မီးေလာင္ကြ်မ္းခံရခ်ိန္မွာ ပန္းခ်ီကားကို မီးစြဲျခင္း လံုးဝမရွိခ့ဲတဲ့အျပင္ မီးခိုးေငြ႕မ်ားပင္ မဟပ္ခ့ဲေၾကာင္း ကာယကံရွင္ႏွစ္ဦးက ေျပာျပခ့ဲတယ္လုိ႔ ေဒါက္တာကလပ္ခ္ရဲ႕ေဆာင္းပါးအတြင္း၌ ေဖာ္ျပခ့ဲပါတယ္။

ဒါ့အျပင္ အဆုိပါအိမ္ႀကီးအတြင္း ဝင္ေရာက္မီးၿငိွမ္းသတ္ခ့ဲၾကသည့္ မီးသတ္သမားမ်ားကလည္း ပန္းခ်ီကားနဲ႔ ပတ္သက္ၿပီး ထိတ္လန္႔တုန္လႈပ္ဖြယ္ရာမ်ား ေတြ႔ရွိခ့ဲၾကေၾကာင္း ခ်က္ခ်င္းဆုိသလုိပဲ သတင္းမ်ား ပ်ံ႕ႏွံ႔သြားခ့ဲေပမယ့္ လံုေလာက္တ့ဲ သတင္းထုတ္ျပန္ခ်က္မ်ား၊ ေျဖရွင္းမႈမ်ား မျပဳလုပ္ခ့ဲၾကေၾကာင္းလည္း သိရွိရပါတယ္။

ယခုက့ဲသုိ႔ သတင္းမ်ား ပ်ံ႕ႏွံ႔လာၿပီးေနာက္တြင္ အျခားေသာပုဂၢိဳလ္မ်ားကလည္း က်ိန္စာသင့္ေနသည့္အဆုိပါပန္းခ်ီကားနဲ႔ပတ္သက္ၿပီး ၄င္းတို႔ရဲ႕ အေတြ႔အႀကံဳမ်ားကို မွ်ေဝခ့ဲၾကပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ကလည္း သူမအေနနဲ႔ ဒီပန္းခ်ီကားကုိ မီးရိႈ႕ဖ်က္ဆီးသည္အထိ ႀကိဳးစားခ့ဲေပမယ့္ ေနာက္ဆံုးတြင္မူ အဆုိပါပန္းခ်ီကားကို လံုးဝဖ်က္ဆီး၍မရေၾကာင္း ေျပာၾကားသြားပါတယ္။ ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးကလည္း သူမရဲ႕ ခင္ပြန္းသည္နဲ႔သားသုံုးေယာက္တုိ႔ရဲ႕ ကြယ္လြန္မႈက အဆုိပါ ပန္းခ်ီကားနဲ႔ ပတ္သက္ဆက္စပ္ေနေၾကာင္း အတိအလင္းေျပာၾကားသြားပါတယ္။

ထင္ရွားေက်ာ္ၾကားတ့ဲ ျဖစ္ရပ္တစ္ခုကေတာ့ ဒိုင္ယာဘလုိလုိ႔ အမည္ရသည့္ ေကာင္ေလးတစ္ေယာက္က အဆုိပါပန္းခ်ီကားကို ဖ်က္ဆီးဖုိ႔အတြက္ ပန္းခ်ီျပခန္းတစ္ခုလံုးကို မီးရိႈ႕ပစ္ခ့ဲၿပီး ေနာက္ပိုင္းတြင္မူ သူကုိယ္တိုင္လည္း မီးေလာင္ကြ်မ္းခံလုိက္ရပါတယ္။

တြစ္တာအသံုးျပဳသူ အမ်ိဳးသမီးတစ္ဦးမွလည္း သူမရဲ႕ တြစ္တာစာမ်က္ႏွာမွတစ္ဆင့္ က်ိန္စာသင့္ပန္းခ်ီကားကို ဓာတ္ပုံရိုက္ကူးကာ “ ဒီပန္းခ်ီကားကုိ ဝယ္ယူခ့ဲတ့ဲသူေတြရဲ႕အိမ္ေတြဟာ မီးေလာင္ၿပီး ျပာက်သြားေပမယ့္ ဒီပန္းခ်ီကားကေတာ့ မီးေတာင္မစြဲခ့ဲဘူးလို႔ ေျပာၾကပါတယ္။ ကၽြန္ေတာ္ကေတာ့ ဒါကုိ မယုံပါဘူး။ ဒါေပမယ့္လည္း ကၽြန္ေတာ့္အေနနဲ႕ ဒီပန္းခ်ီကားကို ဝယ္မွာမဟုတ္ဘူး။” ဆုိၿပီး ေရးသားခ့ဲတယ္လို႔ သိရွိရပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္းမွာလည္း အမ်ိဳးသမီးတစ္ေယာက္က “ကြ်န္မဘိုးဘြားေတြဆီမွာ ဒီလုိပံုတူပန္းခ်ီကားမ်ိဳး ရွိပါတယ္။ ညဘက္က်ေတာ့ ေကာင္မေလးတစ္ေယာက္က တေယာတီးေနတာေၾကာင့္ ကြ်န္မကေတာ့ အိပ္ရာဝင္ရတာကိုေတာင္ မုန္းတီးလာပါတယ္။” ဆုိၿပီးေတာ့လည္း ေျပာၾကားခ့ဲပါတယ္။

သုိ႔ေသာ္လည္း ဒီလုိျဖစ္ရပ္မ်ားနဲ႔ ပတ္သက္ၿပီး ပေရာ္ဖက္ဆာ ပါကစ္က “လူေတြေျပာေနၾကတ့ဲ ကိစၥေတြက အက်ိဳးအေၾကာင္းဆက္စပ္မႈမရွိပါဘူး။ အထူးသျဖင့္ မေမွ်ာ္လင့္ထားတ့ဲ ေဘးအႏၱရာယ္ေတြနဲ႔ ႀကံဳခ့ဲရတ့ဲ အျဖစ္အပ်က္ေတြမွာေပါ့။ သူတို႔ရဲ႕အိမ္ေတြ မီီးေလာင္ကြ်မ္းခံရတာက သူတို႔ရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ ဒါမွမဟုတ္ မီးဖုိေပၚ ဒယ္အိုးတင္ၿပီး မီးမပိတ္ဘဲ ေမ့သြားတာေၾကာင့္ မဟုတ္ဘဲ ဒီလိုပန္းခ်ိီကားတစ္ခ်ပ္ေၾကာင့္ဆိုၿပီး အျပစ္တင္ရတာ ေတာ္ေတာ္သက္ေတာင့္သက္သာ ရွိတ့ဲပုံပါပဲ။ တကယ္လုိ႔ က်ိန္စာသင့္ေနတ့ဲ ပန္းခ်ီကားက မီးေလာင္ေစတယ္ဆုိရင္ ခင္ဗ်ားက မီးဖိုေပၚမွာတစ္ခုခုတင္ထားခ့ဲၿပီး သတိေမ့သြားလုိ႔ဆိုတာထက္ပုိၿပီး စိတ္ဝင္စားဖို႔ ေကာင္းပါလိမ့္မယ္။ ခင္ဗ်ားဆီမွာလည္း တာဝန္မရွိေတာ့ဘူးေပါ့။” ဆုိၿပီး UNILAD ကိုိ ေျပာၾကားသြားခ့ဲပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro