Breaking News

ပိုချက်တီနိုအတွက် ပြောင်းရွှေ့ကြေး အများအပြား အသုံးပြုရမည့် မန်ယူ။

မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် လန်ဒန်ကလပ် စပါးအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီိနိုကို လာမည့်ဘောလုံးရာသီတွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုပါက စပါးအသင်းကို စာချုပ်လျော်ကြေး ပေါင် (1209၃၄) သန်းနဲ့အထက် ပေးချေရဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းသည် လက်ရှိအချိန်၌ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားလက်ထက်တွင် ပုံစံကောင်းများပြသနိုင်ပြီး တိုးတက်မှုများ ရှိနေသော်လည်း ယူနိုက်တက်အသင်း တာဝန်ရှိသူများကမူ ရေရှည်အတွက် ပိုချက်တီနိုကိုသာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရပါတယ်။ စပါးအသင်းဥက္ကဌဖြစ်သူ ဒန်နီယဲယ်လီဗိုင်းက ပိုချက်တီနိုကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေပြီး ပြိုင်ဘက်အသင်းများအကြောင်း ပြောဆိုခွင့်အား ပိတ်ပင်ထားသည်အထိ စည်းကမ်းချက်များ ထုတ်ပြန်ခဲ့ပါတယ်။

Evening Standard သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းသည် လန်ဒန်ကလပ်အသင်းနဲ့ လေးနှစ်စာချုပ်သက်တမ်းကျန်ရှိနေသည့် ပိုချက်တီနိုအတွက် စာချုပ်ပါလျော်ကြေးပေးချေကာ အသင်းကို အရခေါ်ယူသွားရန် ပြင်ဆင်နေတယ်လို့သိရှိရပါတယ်။ ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက နည်းပြဟောင်း မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ခြင်းအတွက် မော်ရင်ဟိုနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်များအား လျော်ကြေး ပေါင်သန်း (1209၂၀) အထိ ပေးလျော်ခဲ့ရကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သတင်းများ ကျယ်လောင်စွာထွက်ပေါ်ခဲ့ပါသေးတယ်။

သို့သော်လည်း ယူနိုက်တက်အသင်းသည် စံချိန်တင်ကွင်းဝင်ကြေးပမာဏအဖြစ် ပေါင် (1209၂၀၈) သန်းအထိရရှိခဲ့ပြီး အကျိုးအမြတ်အားဖြင့် ပေါင် (1209၄၄) သန်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပိုချက်တီနိုသည် လက်ရှိအချိန်တွင် စပါးအသင်းအား ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (1209၃) နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်သည့်အပြင် ရီးရဲယ်မက်ဒရစ်အသင်းကလည်း ပိုချက်တီနိုကို ခေါ်ယူရန်အတွက် ဦးစားပေးပစ်မှတ်ထားလျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

 

#HM(1209soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro