HomeSportPSG အသင်းကို ကိုင်တွယ်ရန် အရိပ်အမြွက်ဖွင့်ဟပြောကြားလိုက်သည့် မော်ရင်ဟို။

PSG အသင်းကို ကိုင်တွယ်ရန် အရိပ်အမြွက်ဖွင့်ဟပြောကြားလိုက်သည့် မော်ရင်ဟို။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုသည် PSG အသင်းကို ကိုင်တွယ်မည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ်၌ ပြင်သစ်လီဂူးကို လာရောက်နည်းပြနိုင်ကြောင်း တုံ့ပြန်ဖြေကြားမှုများ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ အသက် (၅၆) နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ယူနိုက်တက်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်လျက်ရှိနေသည့် နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုသည် အင်္ဂလန်ထိပ်သီးကလပ် ချဲလ်ဆီးအသင်းအား နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးသည့်အပြင် ရီးရဲယ်မက်ဒရစ် အင်တာမီလန် ပေါ်တိုအသင်းများကိုလည်း ကိုင်တွယ်ကာ အောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုကို ခေါ်ယူရန် PSG အသင်းက ချိတ်ဆက်နေကြောင်း ယခင်တည်းက သတင်းများ ထွက်ပေါ်ခဲ့ဖူးပြီး လက်ရှိအချိန်တွင်မူ မော်ရင်ဟိုက မည်သည့်ကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားပါတယ်။

- Advertisement -

ပြင်သစ်လီဂူး၌ နည်းပြလုပ်ဖြစ်ဖွယ်ရှိလားဆိုသည့် မီဒီယာများရဲ့ မေးခွန်းကို မော်ရင်ဟိုက “ကျွန်တော့် အဲ့ဒီလိုမျိုး စိတ်ကူးယဉ်ကြည့်လို့ရတာကြောင့် လုပ်ဖြစ်ကောင်း လုပ်ဖြစ်နိုင်ပါတယ်။ ကျွန်တော်က မတူညီတဲ့ နိုင်ငံလေးနိုင်ငံမှာ နည်းပြလုပ်ခဲ့ဖူးပြီး ကျွန်တော်ပြင်သစ်နိုင်ငံကို ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော်က တခြားသော ရိုးရာယဉ်ကျေးမှုတွေကို သင်ယူရတာ သဘောကျပြီး နောက်ထပ်မတူညီတဲ့ တခြားလိဂ်မှာ အလုပ်လုပ်ရတာက တကယ်ကိုကောင်းမွန်တဲ့ အတွေ့အကြုံအသစ်တစ်ခုဖြစ်လာမှာပါ။” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုသည်  သူကိုင်တွယ်ခဲ့ဖူးသည့် ရီးရဲယ်မက်ဒရစ်အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေပြီး မော်ရင်ဟိုအနေနဲ့ ရီးရဲယ်မက်ဒရစ်အသင်းကို ကိုင်တွယ်စဉ်က လာလီဂါဖလားတစ်ကြိမ်နဲ့ကိုပါဒယ်ရေးဖလားတစ်ကြိမ်တို့ကို ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read