HomeSportနည်းပြအဖြစ် ခန့်အပ်လိုပါက ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) ထုတ်ပေးရန် ချဲလ်ဆီးအသင်းကို ရာဇသံပေးလိုက်သည့် ဇီဒန်း။

နည်းပြအဖြစ် ခန့်အပ်လိုပါက ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) ထုတ်ပေးရန် ချဲလ်ဆီးအသင်းကို ရာဇသံပေးလိုက်သည့် ဇီဒန်း။

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ဇီဒန်းသည် လက်ရှိအချိန်တွင် ချဲလ်ဆီးအသင်း၌ ဖိအားများလျက်ရှိသော နည်းပြဆာရီရဲ့ နေရာကို အစားထိုးဝင်ရောက်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ သို့သော်လည်း စပိန်အင်အားကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်တိုက် ရယူနိုင်ခဲ့သည့် ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းအနေနဲ့ ချဲလ်ဆီးအသင်းကို မကိုင်တွယ်မှီတွင် အပြောင်းအရွှေ့ စရိတ်အတွက် ပေါင်သန်း (၂၀၀) အသုံးပြုခွင့်ပေးရန် လန်ဒန်ကလပ်အသင်းကို တောင်းဆိုထားကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် ခြောက်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အသင်းနည်းပြဖြစ်သူ ဆာရီအနေနဲ့ သူ့ရဲ့ ကစားကွက် လူထုတ်ပုံအခင်းအကျင်းများနဲ့ ပတ်သက်၍ ဝေဖန်မှုများ ခံခဲ့ရပြီး ရာထူးမှ ထုတ်ဖယ်ခံရတော့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဇီဒန်းအနေနဲ့ နည်းပြလောကကို ပြန်လည်ဝင်ရောက်လာရန် ဆန္ဒရှိနေပြီး ချဲလ်ဆီးအသင်းအား ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်နေသော်လည်း အသင်းကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျထံမှ အပြောင်းအရွှေ့အတွက် အသုံးစရိတ် ပေါင်သန်း (၂၀၀) တောင်းဆိုသွားမည်ဖြစ်ပြီး ချဲလ်ဆီးအသင်းတာဝန်ရှိသူများအနေဖြင့် အဆိုပါ ပြောင်းရွှေ့ကြေးကို ထုတ်ပေးမည်ဟု ကတိပေးနိုင်မှသာ ဇီဒန်းအနေနဲ့ ချဲလ်ဆီးနည်းပြ တာဝန်ကို လက်ခံသွားဖွယ်ရှိပါတယ်။ ချဲလ်ဆီးအသင်းနည်းပြဖြစ်လာပြီးနောက်ပိုင်း ဇီဒန်းရဲ့ အဓိကပစ်မှတ်အနေနဲ့ အသင်းမှထွက်ခွာပြီး ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုနေသည့် ဟာဇက်ကို ချဲလ်ဆီးအသင်းမှာ ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

 

- Advertisement -

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × five =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...