မန်ချက်စတာမြို့တွင်နေထိုင်သည့် ဗြိတိန်မိသားစုသည် ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်အတွင်းက အင်္ဂလန်နိုင်ငံမှ တူရကီနိုင်ငံသို့ အားလပ်ရက်ခရီးထွက်ရင်း ISIS အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရပါတယ်။ အသက် (၅၁) နှစ်အရွယ်ရှိပြီဖြစ်သူ ဆာဖီယာဇေနပ်သည် သူမရဲ့ သမီးများဖြစ်ကြသည့် အသက် (၂၉) နှစ်အရွယ် ရှာဘီနာအစ်စလမ်၊ အသက် (၁၇) နှစ်အရွယ် အလီရီဇာဆာဘာတို့နဲ့အတူ တူရကီနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သော်လည်း ဆီရီးယားနိုင်ငံအတွင်း၌ ISIS အဖွဲ့ဝင်များရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်း ဖြစ်ပါတယ်။
ယခုလိုဖြစ်ရပ်ဆိုးမျိုးနဲ့ ပတ်သက်၍ အစ်စလမ်က “ကျွန်မတို့ သူတို့ရဲ့ စခန်းတွေဆီက လွတ်မြောက်ဖို့ ကြိုးစားနေချိန်ကစပြီး ဘာတွေဖြစ်ပျက်ခဲ့လဲ မသိတော့ပါဘူး။ ဒါပေမယ့် ဒါက တော်တော်လေး မဖြစ်နိုင်ခဲ့တဲ့ ကိစ္စပါ။” ဟူ၍ The Telegraph သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။ လွန်ခဲ့သည့် (၄) လခန့်တည်းက အစ်စလမ်တို့မိသားစုအား Channel 4 မှအင်တာဗျူးခဲ့ခြင်းဖြစ်သော်လည်း ယမန်နေ့ညကမှ အဆိုပါမိသားစုရဲ့ပုံရိပ်များကို The Telegraph သတင်းဌာနမှ ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
Hajin မြို့အနီးနားတစ်ဝိုက်တွင် ဆီရီးယားလွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အစ်စလမ်မှ ဂျာနာအန်ဒတ်လို့အမည်ရတဲ့ Channel 4 မှ အလွတ်တန်းသတင်းထောက်အား “ကျွန်မတို့ဘဝတွေကို လွမ်းဆွတ်ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ လွတ်လပ်မှုတွေ နောက်ပြီး ကြောက်လန့်ခြင်းကင်းမဲ့မှုတွေ ဒါတွေ အားလုံးကို ကျွန်မတို့ ဆုံးရှုံးခဲ့ရပါတယ်။” ဟူ၍ပြောကြားသွားခဲ့ပါတယ်။
အဆိုပါအချိန်က အဖြစ်အပျက်များနဲ့ ပတ်သက်ပြီးတော့လည်း အစ်စလမ်က “ရှင်တို့အနေနဲ့ ဘယ်သူ့ကိုမှ ယုံကြည်လို့မရပါဘူး။ ကျွန်မတို့က သူတို့ရဲ့ စခန်းကနေ လွတ်မြောက်ဖို့ ဆီရီးယားလူမျိုးတွေ အီရတ်လူမျိုးတွေကို အကူအညီတောင်းခဲ့ပေမယ့် ဘယ်သူကမှ ကျွန်မတို့ကို မကူညီချင်ခဲ့ပါဘူး။ ယဉ်ကျေးမှုက အရမ်းကိုကွာခြားပါတယ်။ အာရပ်လူမျိုးတွေက အမျိုးသမီးတွေကို ဘယ်တော့မှ မကူညီချင်ဘဲ သူတို့က အမျိုးသမီးတွေကို သူတို့နဲ့ လက်ထပ်ဖို့လောက်ပဲ တွန်းအားပေးကြတာပါ။” ဆိုပြီးတော့လည်း ဖွင့်ဟပြောကြားသွားပါသေးတယ်။
အစ်စလမ်ရဲ့ခင်ပွန်းဖြစ်သူ မစ္စတာအစ်စလမ်ကလည်း သူ့ဇနီးနဲ့သမီးဖြစ်သူတို့ လွန်ခဲ့သည့် လေးနှစ်ခန့်က ပျောက်ဆုံးခဲ့သည့် ဖြစ်ရပ်နဲ့ ပတ်သက်၍ “သူတို့က လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်တော့်ကို ထားခဲ့ကြပြီး ဒါက ဇာတ်လမ်းအဆုံးသတ်ပါပဲ။ သူမက ကျွန်တော်နဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတာပါ။ ဒါပေမဲ့ သူတို့က ရဲရင့်ပြီးသတ္တိရှိတဲ့သူတွေ မဟုတ်ဘဲ နူးညံ့တဲ့သူတွေပါ။ သူတို့ကိုယ်တိုင် ISIS အဖွဲ့ထဲ ဝင်သွားတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။”
“ရဲတွေကလည်း ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့ပြီး သူတို့အကြောင်း ကျွန်တော့်ကို မေးခဲ့ကြပါတယ်။ ဒါပေမဲ့ ရဲတွေက ကျွန်တော့်မိသားစု ဆော်ဒီအာရေဗျနိုင်ငံမှာ ရှိနေတဲ့အကြောင်းကို လုံးဝမပြောခဲ့ပါဘူး။ ကျွန်တော့်စိတ်ထင် ကျွန်တော့်မိန်းမက ဆာဖီယာ အမြဲပြောပြောနေကျ ဆော်ဒီနိုင်ငံကို သွားခဲ့တယ်လို့ ထင်ပါတယ်။” ဟူ၍ ဖြေရှင်းပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share