Breaking News
Brazilian former soccer player Ronaldo Nazario (L) and the outgoing President of Real Valladolid, Carlos Suarez, are seen during the presentation ceremony of Ronaldo as the major shareholder of Spanish Primera Division League's team Real Valladolid, in Valladolid, Spain, 03 September 2018. EFE/ Nacho Gallego

တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့သည့် ဘောလုံးလောကမှ အကြောင်းအရာများ။

၁။ နူးကမ့်ကွင်းကို ပြန်လည်ရောက်ရှိလာသည့် ဘရာဇီးရော်နယ်ဒို။

 

ဘရာဇီးဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုကို ဘာစီလိုနာပရိသတ်များက ကြိုက်နှစ်သက်ကြမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ အဆိုပါ ဘရာဇီးကြယ်ပွင့်ဟောင်းသည် (၁၉၉၆-၉၇) ဘောလုံးရာသီတွင် သူ့ရဲ့ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို နူးကမ့်ကွင်းတွင် ဖြတ်သန်းခဲ့ပြီးနောက် အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ထို့နောက်တွင် ရော်နယ်ဒိုသည် ဘာစီလိုနာပရိသတ်များရဲ့ အမုန်းဆုံးအသင်းတစ်သင်းဖြစ်သည့် ရီးရဲယ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီး လက်ရှိအချိန်အထိ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်းတစ်ဦးအဖြစ် လူသိများသည့်အပြင် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ သံအမတ်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လက်ရှိရီးရဲယ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြလျက်ရှိသည့် ဗီနီရှပ်စ်ဂျူနီယာကိုလည်း အသင်းထံခေါ်ဆောင်ပေးခဲ့သူတစ်ဦးဖြစ်သည့် ရော်နယ်ဒိုသည် လက်ရှိအချိန်တွင် စပိန်လာလီဂါကလပ်အသင်းတစ်သင်းဖြစ်သည့် ဗယ်လာဒိုးလစ်အသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ပြီးခဲ့သည့် စနေနေ့က ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဗယ်လာဒိုးလစ်အသင်းတို့ရဲ့ ပွဲစဉ်ကို ရော်နယ်ဒိုလည်း လာရောက်ကြည့်ရှုအားပေးခဲ့ပြီး အသင်းရဲ့ အနာဂတ်အစီအစဉ်များနဲ့ ပတ်သက်၍လည်း “ကျွန်တော်တို့က ဗယ်လာဒိုးလစ်အသင်းကို  နောက်ထပ်မြင့်မားတဲ့ အဆင့်တစ်ခုရောက်ရှိအောင် ကြိုးစားသွားမှာဖြစ်ပြီး ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ လူသိများထင်ရှားတဲ့ အသင်းတစ်သင်းဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ အခု ကျွန်တော်တို့က အားကစားမြို့သစ်တစ်ခုကို တည်ဆောက်နေပြီး အသင်းပိုင်ကွင်းကိုလည်း အဆင့်မြှင့်တင် တိုးချဲ့မှုတွေ ပြုလုပ်သွားမှာပါ။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းက မက်ဆီရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ ဗယ်လာဒိုးလစ်အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

 

၂။ ကာကာလက်သစ်ကို အေစီမီလန်တို့ ရှာတွေ့ခဲ့ပြီလား ? ? ?

 

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့၌ အေစီမီလန်အသင်းသည် ဖလာမင်ဂိုအသင်းရဲ့ ကွင်းလယ်ကစားသမား ပါကွေတာကို ပြောင်းရွှေ့ကြေး ယူရို (၃၅) သန်းဖြင့် မီလန်မြို့တော်ဆီ ခေါ်ယူခဲ့ပါတယ်။ အသက် (1209၂၁) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ ဘရာဇီးလူမျိုး ကွင်းလယ်ကစားသမားသည် အသင်းကို စတင်ရောက်ရှိချိန်မှစ၍ အကောင်းဆုံး ခြေစွမ်းများပြသလျက်ရှိပြီး နာပိုလီအသင်းကို ကိုပါအီတလီယာဖလားပွဲတွင် အနိုင်ရခဲ့သည့်ပွဲနဲ့ ရိုးမားအသင်းကို အဝေးကွင်း၌သရေကျခဲ့သော စီးရီးအေပွဲများတွင် ရရှိခဲ့သည့် တိုက်စစ်မှူး ပီယာတက်ခ်ရဲ့ သွင်းဂိုးများကို အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကယ်ဂလီယာရီအသင်းကို သုံးဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲ၌လည်း ပါကွေတာက အေစီမီလန်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အတ္တလန်တာအသင်းကို အနိုင်ရရှိခဲ့သည့် အဝေးကွင်းပွဲစဉ်၌လည်း အကောင်းဆုံး  ခြေစွမ်းပြသနိုင်ခဲ့ကာ အေစီမီလန်အသင်းရဲ့ လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံး ပံ့ပိုးကူညီမှုများ ပြုလုပ်လျက်ရှိတာကြောင့် အေစီမီလန်ပရိသတ်များကမူ ပါကွေတာကို အသင်းရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ကာကာလက်သစ်အဖြစ် ချီးကျူးတင်စားလျက်ရှိပါတယ်။

 

၃။ အကြိမ်ပေါင်းများစွာထိပ်တိုက်တွေ့ခဲ့သည့် ဝင်ဘယ်လ်ဒန်နဲ့မီဝေါလ်တို့ရဲ့ လန်ဒန်ဒါဘီ။

 

“No one likes us, we don’t care” ဆိုသည့် ကြွေးကြော်သံနဲ့ မီဝေါလ်ပရိသတ်များရဲ့ အဓိက ပြိင်ဘက်အဖြစ် ဝင်ဘယ်လ်ဒန်အသင်းရဲ့ ပရိသတ်များက ရပ်တည်လျက်ရှိပါတယ်။ စူးရှကျယ်လောင်သည့် အသံများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်အားပေးတတ်ကြသည့် ဝင်ဘယ်လ်ဒန်ပရိသတ်များနဲ့ မီဝေါလ်ပရိသတ်များသည် ပြီးခဲ့သည့် စနေနေ့က အင်္ဂလန်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး FA ဖလားပြိုင်ပွဲ၌ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

လန်ဒန်မြို့ခံကလပ်အသင်းများပင်ဖြစ်သော်လည်း လူသိများထင်ရှားခြင်းမရှိသည့် အဆိုပါနှစ်သင်းဟာ အင်္ဂလန်ဘောလုံးလောကတွင် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးကြပြီး ပြိုင်ဆိုင်မှု ပြင်းထန်သည့် အသင်းများအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ပြီးခဲ့သည့်စနေနေ့က ထိပ်တိုက်တွေ့ဆုံခဲ့သည့်ပွဲစဉ်တွင်မူ မီဝေါလ်အသင်းက အဝေးကွင်းတွင် လာရောက်ကစားခဲ့ရပေမယ့် ဝင်ဘယ်လ်ဒန်အသင်းကို အကြိတ်အနယ် ကစားပြီး တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

 

၎။ ဂျူဗင်တပ်စ်အသင်းနဲ့စံချိန်တူရပ်တည်နေသည့် အာဂျင်တီးနားကလပ်အသင်း။

 

Defensa y Justicia ဟူ၍အမည်ရသည့် အာဂျင်တီးနားကလပ်အသင်းတစ်သင်းသည် ဗျူနိုအေးရီစ်မြို့ခံအသင်းတစ်သင်းဖြစ်ပြီး လက်ရှိအချိန်တွင် လိဂ်ပွဲ (၁၈) ပွဲကစားပြီးရာ၌ (၁၂) ပွဲနိုင် (၆) ပွဲသရေဖြင့် ရှုံးပွဲမရှိခရီးဆက်လျက်ရှိတာကြောင့် ကမ္ဘာအနှံ့ရှိ  အဓိကလိဂ်ကြီးများ၌ ရှုံးပွဲမရှိသေးသည့် အသင်းအဖြစ် အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းနဲ့အတူတကွ ရပ်တည်လျက်ရှိပါတယ်။ (၂၀၁၄) ခုနှစ်တွင်မှ အာဂျင်တီးနား အဆင့်မြင့်တန်းလိဂ်ကို တန်းတက်လာသည့် အဆိုပါအသင်းကို ကိုင်တွယ်နေသူက (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်း ဆမ်ပါအိုလီဖြစ်ပါတယ်။

 

၅။ ခြေစွမ်းပြနေဆဲ ကယ်လီဟွန်။

 

နာပိုလီအသင်းကြယ်ပွင့် ဟိုဆေးကယ်လီဟွန်ရဲ့ အမြွာညီအစ်ကိုတော်စပ်သူ ဟွမ်မီကယ်လီဟွန်ကတော့ ဘိုလီဗီးယား ပြည်တွင်းလိဂ်မှာ ခြေစွမ်းကောင်းများပြသလျက်ရှိပါတယ်။ The Minnows အသင်းတွင် ကစားလျက်ရှိသည့် ဟွမ်မီကယ်လီဟွန်ဟာ အသင်းရဲ့ တန်းဆင်းဇုန်တိုက်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး နောက်ဆုံးကစားပြီးခဲ့တဲ့ လေးပွဲဆက်တိုက် အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

 

၆။ အိမ်ကွင်း၌ ဂိုးကွာခြားချက် သုညဖြစ်နေသည့် ဟမ်းဘတ်။

 

ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဂျာမန်ဘွန်ဒက်စ်လီဂါမှ ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းသွားသည့် ဟမ်းဘတ်အသင်းသည် လက်ရှိအချိန်တွင် ဘွန်ဒက်စ်လီဂါ -၂ ၌ ကစားခဲ့သည့် နောက်ဆုံး (၁၁) ပွဲတွင် (၁၀) ပွဲကို ဂိုးကွာခြားချက် တစ်ဂိုးအသာဖြင့် အနိုင်ရရှိခဲ့ပါတယ်။ သို့သော်လည်း ဟမ်းဘတ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်များတွင်မူ ဂိုးကွာခြားချက်က သုညဖြစ်နေပြီး ကစားပြီးခဲ့သည့် ပွဲစဉ် (၂၁) ပွဲတွင် (၂၈) ဂိုးသာသွင်းယူထားနိုင်ပါတယ်။

 

၇။ ချန်ပီယံပြေးလမ်းကြောင်းပေါ်၌ ရှိနေဆဲ ဘရာဂါ။

 

ပေါ်တိုအသင်းဟာ လက်ရှိအချိန်တွင် ပေါ်တူဂီပြည်တွင်းအမှတ်ပေးဇယားကို တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်လျက်ရှိပြီး ဘင်ဖီကာအသင်းကလည်း နည်းပြသစ် ဘရူနိုလာဂီရဲ့ လက်ထက်မှာ အကြီးမားဆုံး နိုင်ပွဲအဖြစ် နေစီယွန်နယ်အသင်းကို ၁၀-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပေါ်တိုအသင်းကို ဒုတိယနေရာမှ လိုက်လံဖိအားပေးလျက်ရှိပါတယ်။ ဘရာဂါအသင်းကလည်း အဆိုပါနှစ်သင်း နဲ့ ရမှတ်စုစုပေါင်း (၃) မှတ်သာကွာဟပြီး ဒီရာသီတွင် ရှုံးပွဲနှစ်ပွဲသာ ရှိထားသည့် အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ဘရာဂါအသင်းရဲ့ နည်းပြအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကစားသမားဟောင်းတစ်ဦီးလည်းဖြစ် အကယ်ဒမီနည်းပြဟောင်းတစ်ဦးလည်းဖြစ်သည့် အေဘယ်လ်ဖာရဲရားက ဆောင်ရွက်လျက်ရှိပြီး ဘရာဂါအသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပေါ်တူဂီပြည်တွင်းအမှတ်ပေးဖလားကို ရရှိအောင် ကြိုးစားလျက်ရှိပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro