Breaking News

ခွင့်ပြုချက်မရှိဘဲ သူ့ကို မွေးခဲ့လို့ မိဘတွေကို တရားပြန်စွဲမယ့် အိန္ဒိယနိုင်ငံသားတစ်ဦး။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌နေထိုင်သည့် အသက် (1209၂၇) နှစ်အရွယ် အမျိုးသားတစ်ဦးက မိဘများအနေဖြင့် သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲ သူ့ကို မွေးဖွားခဲ့ခြင်းကြောင့် မိဘနှစ်ပါးကို တရားစွဲဖို့ စီစဉ်နေကြောင်း UNILAD ကို ပြောကြားသွားခဲ့ပါတယ်။ ရာဖေးလ်ဆမ်မြူရယ်ဟု အမည်ရတဲ့ အဆိုပါ အမျိုးသားဟာ သူ့မိဘများနဲ့ ဆက်ဆံရေးကောင်းမွန်စွာဖြင့် နေထိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင်မူ အကြောင်းပြချက်အချို့ဖြင့် မိဘများကို ပြန်လည်တရားစွဲဆိုရန် ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

ဆမ်မြူရယ်က ကမ္ဘာကြီးပူနွေးလာခြင်း၊ တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခံရမှု မြင့်မားလာခြင်း၊ EU အဖွဲ့ဝင်နိုင်ငံများအဖြစ်မှ ဗြိတိန်ခွဲထွက်ခြင်းနဲ့ Online Dating စနစ်များက ဘဝကို အဓိပ္ပါယ်မဲ့စေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆမ်မြူရယ်ကသူ့ရဲ့ Facebook စာမျက်နှာမှတစ်ဆင့် ဘဝကို အဓိပ္ပါယ်မဲ့စွာဖြတ်သန်းနေရသော ကလေးငယ်များအတွက်လည်း ဖိုရမ်တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသေးတယ်။ ဆမ်မြူရယ်ရဲ့ ဖြစ်ရပ်သည် Meme Group များအတွင်း ပျံနှံ့လျက်ရှိသော်လည်း တကယ်တမ်းလက်တွေ့တွင်မူ အဆိုပါဖြစ်ရပ်များသည် ဟာသမဟုတ်ဘဲ တကယ့်အဖြစ်အပျက်များလည်း ဖြစ်ပါတယ်။

ဆမ်မြူရယ်က ဘဝတွင်မထင်မှတ်ဘဲ ကြုံတွေ့ရသော ဖြစ်ရပ်များကို လက်သင့်ခံနိုင်သော်လည်း လူဦးရေထူထပ်သိပ်သည်းလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ အကြမ်းဖက်မှုများ တိုးပွားလာမှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ အထီးကျန်မှုများကို လက်မခံနိုင်ကြောင်း၊ မိဘများအနေဖြင့် သူ့ရဲ့ သဘောတူညီချက်မပါဘဲ ယခုကဲ့သို့ ဖြစ်ပျက်နေသော လူ့လောကကြီးထဲကို ခေါ်သွင်းခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ကလေးငယ်များ မွေးဖွားမှုအပေါ် အဆိုးမြင်သည့် အကြောင်းအရာများကို Facebook တွင်မျှဝေရာတွင်လည်း ဆမ်မြူရယ်ရဲ့ အမြင်ကို လက်ခံပြီး ရဲရင့်သူတစ်ဦးအဖြစ် ချီးကျူးသူများ ရှိနေသလို ဆမ်မြူရယ်ကို လှောင်ပြောင်မှုများလည်း ရှိနေပါတယ်။ သူ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုများ နဲ့ ပတ်သက်၍လည်း ဆမ်မြူရယ်က “အိန္ဒိယမှာရှိတဲ့လူတိုင်းအနေနဲ့ သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ မိဘတွေက သူတို့ကို မွေးဖွားခဲ့တာကို သတိထားမိစေချင်ပါတယ်။ သူတို့က မိဘတွေအပေါ်မှာ ဘာကျေးဇူးကြွေးမှတင်မနေပါဘူး။ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင် ဘယ်သူကမှ သူတို့ရဲ့ ကိုယ်တိုင်ခွင့်ပြုချက်နဲ့ လောကကြီးထဲရောက်လာကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ မွေးဖွားလာကြတာပါ။”

“သူတို့က ကျွန်တော်တို့ကို မွေးလို့ သိပ်လည်းပျော်ကြတာမဟုတ်ဘဲ ဘာကျေနပ်အားရမှုမှလည်း မရရှိပါဘူး။ ကျွန်တော်တို့က မွေးပေးဖို့ မတောင်းဆိုခဲ့ပါဘူး။ တောင်းဆိုဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော်ကတော့ လူတွေရဲ့ ဖြစ်တည်မှုနဲ့ မျိုးဆက်ပြန့်ပွားရေးကိစ္စတွေကို အတိုက်အခံလုပ်သွားမှာပါ။” ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောကြားသွားပါတယ်။

ထပ်မံ၍လည်း ဆမ်မြူရယ်က “လူတွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးကောင်းမှ ကလေးအတွက် လုံလောက်တဲ့ ထောက်ပံ့မှုမျိုးတွေ ပြုလုပ်ပေးနိုင်မှ ကလေးယူသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သေချာပေါက် ခံစားမိတာတစ်ခုကတော့ ဘယ်သူကမှဖိအားပေးလို့ ကလေးယူကြတာမဟုတ်ပါဘူး။” ဟူ၍ သူ့ရဲ့ အမြင်များကို ပြောပြသွားပါတယ်။

“အိန္ဒိယမှာရှိတဲ့ကလေးငယ်တွေက ရင်းနှီးမြှုပ်နှံမှုတစ်ခုလိုမျိုး အာမခံတစ်ခုလိုမျိုး ဆက်ဆံခံနေရပါတယ်။ ကလေးတွေက မိဘတွေကို လေးစားမှုအပြည့်နဲ့ ဆက်ဆံနေကြပေမယ့် မိဘတွေကတော့ သူတို့ရဲ့ကျရှုံးမှုတွေအတွက် ကလေးတွေကို ကျောထောက်နောက်ခံအဖြစ် အသုံးချနေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းတွေမှာ မိခင်တစ်ယောက်ဖြစ်ဖို့က စည်းမျဉ်းတစ်ခုလိုဖြစ်နေပါပြီ။ တစ်ကမ္ဘာလုံးက ကလေးတွေကို သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးအဖြစ် သဘောထားနေကြပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့ကလေးတွေကတော့ သူတို့ မိဘတွေရဲ့ စိတ်ကျေနပ်မှုကို ရရှိဖို့ သူတို့ရဲ့ဘဝတွေကို အနစ်မွန်းခံနေကြပါတယ်။” ဆိုပြီးတော့လည်း ဆမ်မြူရယ်က အဆုံးသတ်ပြောကြားသွားခဲ့ပါတယ်။

 

#HM(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သွေးနီရောင်ကောင်းကင်ကြီးဖြစ်ပေါ်ခဲ့တဲ့ တရုတ်မြို့။

တရုတ်မြို့တစ်မြို့ပေါ်မှ သွေးနီရောင်ကောင်းကင်ကြီးရဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုက နိုင်ငံသားများအကြား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်။ Covid ဒဏ်ခံထားရပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အနီးရှိ Zhoushan မှာ နေထိုင်သူများ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro